News

POST TYPE

ENTERTAINMENT

အမျိုးသား သရုပ်ဆောင်တွေကို ကျော်ဖြတ်ပြီး ၂၀၁၆ ရဲ့ ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင်အဖြစ် စကားလတ်ဂျိုဟန်ဆန် ရပ်တည်
28-Dec-2016

ဟောလိဝုဒ်ရဲ့ ထိပ်တန်း အမျိုးသမီး သရုပ်ဆောင် စကားလတ်ဂျိုဟန်ဆန်ဟာ ထိပ်တန်း အမျိုးသား သရုပ်ဆောင်တွေကို ကျော်ဖြတ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

စကားလတ်ဂျိုဟန်ဆန်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်တဲ့ Captain America : Civil War နဲ့ Hail Caesar တို့က စံချိန်တင် ဝင်ငွေတွေ ရရှိခဲ့ခြင်းရဲ့ အကျိုးဆက်အဖြစ် အခုလို ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

စကားလတ်ဂျိုဟန်ဆန်ဟာ Iron Man သရုပ်ဆောင် ရောဘတ်ဒေါင်းနင်းဂျူနီယာ နဲ့ Captain America သရုပ်ဆောင် ခရစ္စအီဗန်တို့ကို ကျော်ဖြတ်ကာ ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင် စာရင်းရဲ့ နံပါတ် တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စကားလတ်ဂျိုဟန်ဆန်၊ ရောဘတ်ဒေါင်းနင်းဂျူနီယာနဲ့ ခရစ္စအီဗန်တို့ရဲ့နောက် စတုတ္ထနေရာမှာတော့ Suicide Squad ထဲက အမျိုးသမီး သရုပ်ဆောင် မားဂေါ့ရူဘီက ရပ်တည်နိုင်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်အတွက် ဝင်ငွေ အကောင်းဆုံးစာရင်းမှာ စူပါဟီးရိုး ရုပ်ရှင်တွေ၊ ရုပ်ပြဇာတ်လမ်းတွေကို ပြန်လည် အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကသာ ကြီးစိုးနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Ref : CNA

  • VIA