POST TYPE
ENTERTAINMENT
Sony Music ရဲ့ တွစ်တာအကောင့် အဟတ်ခံရပြီး ဘရစ်တနီစပီးယား သေပြီဟု ကြေညာချက်အတု အထုတ်ခံရ
27-Dec-2016

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဆိုနီ ကော်ပိုရေးရှင်းကြီးရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ Sony Music ကနေပြီး သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာ တစ်ခု ထိခိုက်မှု ရှိခဲ့ကြောင်းနဲ့ ယခုအခါ ပြန်လည် ပြင်ဆင်ပြီးပြီဖြစ်ကြောင်း ခပ်တိုတို ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီဖြစ်ရပ်ကြောင့် ဘရစ်တနီစပီးယားနဲ့ သူမရဲ့ ပရိသတ်တွေကြားမှာ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်ပေါ်ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်းလည်း Sony Music က ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေ ထပ်မံ ပြောကြားဖို့ကိုတော့ Sony Music ရဲ့ တာဝန်ရှိသူတွေက ငြင်းဆန်သွားခဲ့ပါတယ်။
လက်ရှိ အချိန်မှာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ ဂရမ်မီဆုရှင် ပေါ့ပ် အဆိုတော် ဘရစ်တနီစပီးယားဟာ ကျန်းကျန်းမာမာ ရှိနေကြောင်း သူမရဲ့ မန်နေဂျာက တရားဝင် ပြောကြားထားပါတယ်။
Ref : CNA
- SOURCES
- The Voice
-
11-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
01-Dec-2019