News

POST TYPE

ENTERTAINMENT

စိုပြေမြင့်နှင့် တွေ့ဆုံခြင်း
19-Sep-2020
"ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ဒီဇာတ်ကောင်ကို ဘယ်လိုအသက်သွင်းရမလဲ၊ ဘယ်လိုကြိုးစားရမလဲဆိုတဲ့ စိတ်ပဲ ရှိပါတယ်"



စိုပြေမြင့်နဲ့တွေ့ဆုံ၍ တို့မမနဲ့တို့ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်းနဲ့ ကာရိုက်တာအကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : တို့မမနဲ့တို့ ဇာတ်လမ်းတွဲမှာ ကိုယ်သရုပ်ဆောင်တာပြန်ကြည့်ပြီး ဘယ်လိုခံစားရလဲ။
SPM : လက်ဆောင်ပေးတဲ့အခန်းလေးတွေပေါ့။ မမြတ်သူတို့ ကျွန်တော်ကတော့ တစ်ကားလုံးကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ကားဖြစ်တဲ့အတွက်။ ဒီဇာတ်လမ်းတွဲမှမဟုတ်ဘူး။ MRTV-4 က လွှင့်တဲ့ဇာတ်လမ်းတွဲတိုင်းကို အားပေးတယ်။

Voice : ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ပုံကိုရော ပြောပေးပါဦး။
SPM : ကျွန်တော်က ချစ်စမ်းမောင် ကာရိုက်တာပေါ့။ ချစ်စမ်းမောင်ကာရိုက်တာကို Casting ဝင်တဲ့အခါမှာ ဒါရိုက်တာက အရမ်းသဘောကျတယ်။ စစချင်းတော့ သံဓနနေရာကို သရုပ်ဆောင်ဝင်ရသေးတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ကျွန်တော့်ကို သဘောမကျဘူး။ ဘာပဲဖြစ်နေဖြစ်နေ ချစ်စမ်းမောင်ကာရိုက်တာနေရာမှာ အကောင်းဆုံးလုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ အကောင်းဆုံး လုပ်ခဲ့ပါတယ်။

Voice : တခြားသူတွေ သရုပ်ဆောင်တာ ပြန်ကြည့်ရတဲ့အခါမှာရော ဘယ်လိုမြင်လဲ။
SPM : ကျွန်တော်တို့က ကိုယ့်ကာရိုက်တာ၊ ကိုယ့်ဇာတ်ကောင်ပဲ ကိုယ်ရတာ။ သူများ ဘာရိုက်ထားလဲဆိုတာ မသိဘူး။ ဇာတ်လမ်းတွဲလာမှ ကြည့်မှသာ သူများသရုပ်ဆောင်တာတွေ သိရတာ။

Voice : ဒီဇာတ်လမ်းတွဲမှာ ဘယ်လိုကြိုးစားအားထုတ်ခဲ့ရလဲ။
SPM : ကျွန်တော်ရိုက်လာတာက အခုဆို ဇာတ်လမ်းတွဲ ၈ ခုလောက်တော့ရှိပြီ။ ကာရိုက်တာလည်း တော်တော်များများတော့စုံနေပြီ။ ကျွန်တော့်အတွက် ထွေထွေထူးထူး အရမ်းခက်ခဲတယ်ဆိုတာတော့ မရှိပါဘူး။ ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ဒီဇာတ်ကောင်ကို ဘယ်လိုအသက်သွင်းရမလဲ။ ဘယ်လိုကြိုးစားရမလဲဆိုတဲ့ စိတ်ပဲ ရှိပါတယ်။

Voice : ဘယ်အခန်းတွေကို အကြိုက်ဆုံးဖြစ်မလဲ။
SPM : စစ်ပိုင်ကို လက်ဆောင်ပေးတဲ့အခန်းလေးတွေပေါ့။ မမြတ်သူတို့ သရုပ်ဆောင်တဲ့အခန်းတွေနဲ့။ သံဓနနဲ့ စစ်ပိုင်တို့ ရိုတဲ့အခန်းတွေလည်း ကြည့်ပြီးကြိုက်ပါတယ်။

နွယ်နီ