News

POST TYPE

ENTERTAINMENT

ဟန်တီနှင့်တွေ့ဆုံခြင်း
17-Sep-2020
"သူငယ်ချင်းနှစ်ယောက် သွားတာဆိုတော့ စားချင်တာတွေ စားခဲ့တယ်။ နေချင်သလိုတွေ နေခဲ့တယ်"



ဟန်တီနဲ့တွေ့ဆုံ၍ ကလောဘက်ကို ခရီးသွားခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကိုဗစ်ကာလမှာ ခရီးသွားခဲ့တဲ့ခံစားချက်ကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။ 

Voice  : ခရီးသွားတာလေးတွေ တွေ့ရတယ်၊ သွားဖြစ်တဲ့အကြောင်းတွေ ပြောပြပေးပါဦး။
HT     : အစကတော့ ဒီအတိုင်းပဲ စကားပြောနေရင်းနဲ့ ငါတို့တွေ ခရီးသွားရအောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောနေရင်းနဲ့ အမေနှစ်ယောက်က ယွန်းယွန်းအမေရယ်၊ ဟန်တီအမေရယ် တကယ်စီစဉ်လိုက်တာ။ အဲဒါဆို ကလောသွားကြမယ်ပေါ့။ ကလောမှာ ယွန်းအဖေလည်းရှိတယ်။ လိုက်ပို့ပေးမယ့်သူတွေလည်းရှိတယ်။ စားစရာ၊ သောက်စရာတွလည်း မပူရဘူးပေါ့။ ကားနဲ့တက်သွားရုံပဲဆိုတော့။ သွားမယ်ဟာဆိုပြီး မျက်လုံးစုံမှိတ်ပြီး အကုန်ဖျက်သွားတာ။

Voice  : ခရီးမှာရော ဘယ်လိုတွေခံစားခဲ့ရလဲ။
HT     : အရမ်းပျော်ဖို့ကောင်းတယ်။ သူငယ်ချင်းနှစ်ယောက်သွားတာဆိုတော့ စားချင်တာတွေ စားခဲ့တယ်။ နေချင်သလိုတွေ နေခဲ့တယ်။ ပရိသတ်တွေနဲ့လည်း အများကြီးတွေ့ခဲ့တယ်။ နယ်ကပရိသတ်တွေ အရမ်းချစ်ဖို့ကောင်းတယ်။ တွေ့ပြီဆိုတာနဲ့ အော်ပြီးခေါ်ကြတာ။ 

Voice  : ကိုဗစ်ကာလမှာ ခရီးသွားရတဲ့ခံစားချက်ကို ပြောပြပေးပါဦး။
HT     : ဘယ်သွားသွား Mask အုပ်သွားပေမယ့် ဓာတ်ပုံတွေရိုက်ရင် Mask ချွတ်ပြီးရိုက်တာ။ Mask တပ်ထားရင် ကိုယ်က ဘယ်သူမှန်းတောင်သိမှာ မဟုတ်ဘူးလေ။ တစ်နေရာသွားပြီဆိုရင် Mask တပ်တယ်။ တပ်လိုက်၊ ချွတ်လိုက်ပေါ့။ နယ်ဘက်မှာကျတော့ လူလည်း အရမ်းမအုံတော့ အရမ်းဂရုစိုက်စရာမလိုဘူး။ ဒါပေမဲ့ Handgel တွေကိုတော့ ကားပေါ်မှာ အပြည့်တင်သွားတယ်။ ချက်ချင်းနေရာတစ်ခုသွားပြီးရင် အင်္ကျီတွေလဲတယ်။ ဂရုစိုက်တာလေးတွေတော့ရှိပေမယ့် အရင်လိုတော့ လွတ်လွတ်လပ်လပ်သွားလို့မရတော့ဘူးပေါ့။

Voice  : ဘယ်လိုအမှတ်တရတွေရော ရှိခဲ့လဲ။
HT     : အမှတ်တရက ဘာလဲဆိုတော့ မနက်၊ နေ့လယ်၊ ညစားဖို့ ဆိုင်တွေရှာရတယ်။ ဆိုင်တွေရှာတဲ့အခါမှာ ဆိုင်တိုင်းက လူပြည့် နေတယ်။ ဆိုင်တိုင်းမှာ ထိုင်စရာနေရာမရှိအောင် လူပြည့်နေတာ။ အဲဒါ အမှတ်တရပဲ။ ဘယ်သွားသွား သွားသမျှဆိုင်တိုင်းကို လူပြည့်နေတာ။ ကလောမှာ လူတွေစုနေကြတယ်။

Voice  : နောက်ထပ် ဘယ်ခရီးတွေ သွားချင်သေးလဲ။
HT     : အခု ခရီးလေးတွေ သွားချင်တယ်။ ပုဂံလည်းသွားချင်တယ်။ သွားဖို့လည်းစီစဉ်နေတယ်။ ပြီးရင် တာချီလိတ်ဘက်လည်း သွားဖို့ရှိတယ်။

နွယ်နီ