News

POST TYPE

ENTERTAINMENT

သရုပ်ဆောင် မိုးသူရနှင့်တွေ့ဆုံခြင်း
17-Sep-2020
"နောက်ပိုင်းတွေမှာ ဒီဇာတ်ကောင်အပေါ် ဘယ်လောက်စီးမျောသွားလဲဆိုတာ အရမ်းသိသာလိမ့်မယ်"



သရုပ်ဆောင်မိုးသူရနဲ့တွေ့ဆုံ၍ တို့မမနဲ့တို့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်းနဲ့ ကာရိုက်တာနဲ့ပတ်သက်ပြီး ကျေနပ်မှုရှိတဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice  : တို့မမနဲ့တို့မှာ ဟိန်းမင်းသူနဲ့တွဲသရုပ်ဆောင်တဲ့အခါ ရှိန်တာမျိုးတွေရှိလား။
MTR    : ငါဖက်လိုက်ရင် ငါ့ကိုတစ်မျိုးထင်မလား။ သူ့ကိုပဲ အတင်းဖက်တယ်ဖြစ်နေမလား။ အဲဒါတွေရှိတာပေါ့။ ကျွန်တော်နဲ့ သူနဲ့ကြားမှာ မရိုက်ခင် စကားခဏပြောပြီး နားလည်မှုယူလိုက်တဲ့အချိန်မှာ လုပ်ရတာအရမ်းအဆင်ပြေသွားတယ်။ ကျွန်တော်တို့ကျ ပိုရှိန်တာပေါ့။ ဘာလို့လဲဆိုတော့ ဟိန်းမင်းသူဆိုတာ ကျွန်တော့်ထက် နာမည်လည်း ရနေတဲ့သူတစ်ယောက်။ အဆိုတော်လည်းဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်လည်း ရှိန်တယ်။ ကျွန်တော်သွားလုပ်တဲ့ဟာက သူ့ပုံရိပ်ထိခိုက်မှာမျိုးဖြစ်သွားမှာ အရမ်းကြောက်တယ်။ သူ့ခံယူချက်ကိုသိတဲ့အခါမှာ သူကလည်း ချမယ်။ ကျွန်တော်ကလည်း ချမယ်။ အဲဒါနဲ့ အပေးအယူမျှသွားတာပေါ့။

Voice  : ဒီဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့အကြောင်း ပြောပေးပါဦး။
MTR    : ကျွန်တော်ကဒီဇာတ်ကားမှာ စစ်ပိုင်အဖြစ် Casting ဝင်တယ်။ ဝင်ပြီးပါသွားတယ်ပေါ့။ အများကြီးပြင်ဆင်ခဲ့တယ်။ ရုံးကလူကြီးတွေက ဒီကာရိုက်တာအပေါ်မှာ အကောင်းဆုံးလုပ်နိုင်မယ်ထင်ပြီး နေရာပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ အဲအတွက်လည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ်။

Voice  : ဒီထဲက ကာရိုက်တာကိုရောပြောပြပေးပါဦး။
MTR    : ဒီအထဲက ကာရိုက်တာက တက်သစ်စမော်ဒယ်လ်သရုပ်ဆောင်ဆိုတော့ အပြင်ကဇာတ်ကောင်နဲ့ သိပ်ခြားနားမှုမရှိဘူး။ တစ်ခုပဲရှိတယ် ပြဿနာက ဒါကျွန်တော့်အတွက်ပထမဆုံးစီးရီးလည်းဖြစ်တယ်။ ပထမဆုံး ရုပ်ရှင်လည်းဖြစ်တော့ အတွေ့အကြုံမရှိဘူး။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားပေါ့။ အဲဒီတစ်ခုပဲ စိုးရိမ်စိတ်ရှိတယ်။

Voice  : ရိုက်တုန်းကရော ဘယ်လိုအလွဲတွေရှိခဲ့လဲ။
MTR    : အိမ်ထဲကို ကားနှစ်စီးဝင်တဲ့အခန်းရိုက်ပြီးတော့ ခဏနားတယ်။ ပြီးတော့ ရိုက်မယ့်အချိန်မှာ ဒီအခန်းကြီးက ပူဖောင်းတွေအရမ်းလှပြီး ရိုနေတယ်။ ဟိန်းမင်းသူကိုလည်း ကျွန်တော်ပြောတယ်၊ ငါတို့နှစ်ယောက် ကောင်းကောင်းလုပ်မယ်ပေါ့။ ကျွန်တော်တို့နှစ်ယောက် မရိုက်ခင်မှာ ရင်းနှီးသွားတယ်။

Voice  : ဇာတ်ကားပြန်ကြည့်တဲ့အခါမှာရော ဘယ်လိုခံစားရလဲ။
MTR    : ကျွန်တော် ပြန်ကြည့်တဲ့အခါမှာ ကျေနပ်အားရမှုရှိပါတယ်။ နောက်ပိုင်းတွေမှာ ဒီဇာတ်ကောင်အပေါ်ဘယ်လောက် စီးမျောသွားလဲဆိုတာ အရမ်းသိသာလိမ့်မယ်။ ကျွန်တော့်ကို ဆရာ မသင်ပေးထားတာတွေတောင် ကျွန်တော်လုပ်လိုက်တယ်။ သရုပ်ဆောင်နေရင်းနဲ့ အဲဒီစိတ်တွေက အရမ်းဖြစ်တယ်။ ဒီဇာတ်ကောင်အပေါ် အာရုံစူးစိုက်မှုအားကောင်းတယ်လို့ ပြောလို့ရတာပေါ့။ မျောသွားတယ်လို့လည်း ပြောလို့ရတယ်။                              

နွယ်နီ