News

POST TYPE

ENTERTAINMENT

ဟိန်းမင်းသူနှင့်တွေ့ဆုံခြင်း
16-Sep-2020
"ဒီကာရိုက်တာကို သရုပ်ဆောင်တဲ့အခါ အရမ်းပြင်ဆင်ရတယ်"



ဟိန်းမင်းသူနဲ့တွေ့ဆုံ၍ တို့မမနဲ့တို့ ဇာတ်လမ်းတွဲထဲက ကာရိုက်တာအကြောင်းနဲ့ ပရိသတ်တွေဆီက ပြန်ကြားရတဲ့ စကားသံတွေအကြောင်းကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice  : တို့မမနဲ့တို့ဇာတ်လမ်းတွဲထဲက ကာရိုက်တာနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီက ဘာတွေပြန်ကြားရလဲ။
HMT    : ဒီကာရိုက်တာကို လုပ်ရတဲ့အတွက် ပရိသတ်တွေက အမျိုးမျိုး ပြောကြတယ်။Support လုပ်ပေးတဲ့ ပရိသတ်တွေလည်းရှိတယ်။ Support မလုပ်ပေးတဲ့ ပရိသတ်တွေလည်းရှိတယ်။ အဲဒီအခါကျတော့မျိုးစုံပေါ့ ပြန်ကြားရတာတော့။

Voice  : ဒီလို Boy Love ကာရိုက်တာအတွက်ရော ဘယ်လိုစိတ်နဲ့ သရုပ်ဆောင်ခဲ့လဲ။
HMT    : အဲဒီအပေါ်မှာလည်း အမျိုးမျိုးပြောကြတယ်။ ဒီကားကိုရိုက်ဖို့အတွက် ပရိုဂျူဆာက Casting ဝင်ဖို့ပြောတယ်။ အဓိကက လူပြောခံရမှာကို ကြောက်လို့မဟုတ်ဘူး။ အဓိကက LGBT ကို တင်ပြတဲ့နေရာမှာ သူက Role ရှိတာကိုး။ ကျွန်တော်က မိန်းကလေးနေရာကနေ နေရတဲ့အချိန်မှာ လုပ်နိုင်ပါ့မလားဆိုတဲ့အပေါ်မှာမူတည်ပြီး စိုးရိမ်စိတ်ပဲဖြစ်တာ။ ကိုယ်ကလုပ်လိုက်လို့ တစ်ခုခုအလွဲအမှားဖြစ်သွားရင် သူတို့အပေါ်ကို ကျွန်တော့်ကြောင့် မကောင်းတဲ့အမြင်ဖြစ်သွားမှာကို စိုးရိမ်တယ်။ အဲဒီအချိန်မှာ ငါလုပ်နိုင်ပါ့မလားဆိုပြီး အဲဒီတစ်ခုတော့ရှိတယ်။ ကာရိုက်တာက အရမ်းနူးညံ့သိမ်မွေ့တဲ့ ကောင်လေး၊ အရမ်းချမ်းသာတယ်၊ ဆုံးဖြတ်ချက်မပိုင်နိုင်တဲ့ကောင်လေး။ အရမ်းနူးညံ့သိမ်မွေ့တယ်ပေါ့။ သူ့ချစ်သူ စစ်ပိုင်ကို သူကအရမ်းချစ်တာ။ ဆုံးဖြတ်ချက် မပိုင်ပေမယ့် သူ့ချစ်သူအတွက် ဘာမဆိုပေးဆပ်မယ်ဆိုတဲ့ ကာရိုက်တာဖြစ်တယ်။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်။ ဒီကာရိုက်တာကို သရုပ်ဆောင်တဲ့အခါ အရမ်းပြင်ဆင်ရတယ်။

Voice  : ဘယ်လိုကြောင့် ဒီကာရိုက်တာကို ရိုက်ဖြစ်တာလဲ။
HMT    : အများကြီးတွေ့ရတာကိုး။ LGBT တွေနဲ့ ပတ်သက်ပြီးတော့။ ပတ်ဝန်းကျင်ကပြောတဲ့အပေါ်မှာ လုံးဝမခံနိုင်တော့ဘဲနဲ့ ကိုယ်လွတ်ရုန်းသွားတဲ့သူတွေလည်းရှိတယ်။ အဲဒီအတွက် Support လုပ်ပေးချင်တယ်။ အဲဒါကြောင့်လည်း ဒီကာရိုက်တာကို ရိုက်ဖြစ်သွားတာပါ။

Voice  : ကိုယ်သရုပ်ဆောင်တာပြန်ကြည့်တော့ ဘယ်လိုခံစားရလဲ။
HMT    : ကြည့်တဲ့အခါမှာ အသည်းယားတာပေါ့။ ရိုက်တုန်းကတော့ အဲဒီလောက်ကြီး ကင်မရာမန်းတွေကအစ အသည်းတွေယားတယ်တို့၊ ကြက်သီးတွေထတယ်တို့ ဖြစ်ကြတယ်။ အဲဒီတုန်းက အဲလောက်ကြီးမသိဘူး။ သရုပ်ဆောင်တော့ အဲဒီအထဲမှာ မျောနေတာ။ ပြန်ကြည့်တဲ့အခါမှာ အရမ်းအသည်းယားတယ်။ အဲဒီလောက်တောင် လုပ်ခဲ့တာလားပေါ့။ အဲဒီလောက်တော့ ခံစားရတယ်။

နွယ်နီ