News

POST TYPE

ENTERTAINMENT

နန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း
08-Sep-2020
“ငယ်ငယ်ကတည်းက အထည်ရောင်းလာတာ။ ဒါပေမဲ့ အထည်မရောင်းချင်တော့ဘူး”


နန်းခင်ဇေယျာနဲ့ တွေ့ဆုံ၍ ဆိုင်ဖွင့်ဖို့ စီစဉ်ထားရာက ပျက်သွားတဲ့အကြောင်းနဲ့ Delivery Service လုပ်ဖြစ်နေတဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : ဆိုင်ဖွင့်ဖို့စီစဉ်ပြီးမှ ကိုဗစ်ထပ်ဖြစ်တော့ အခြေအနေလေး ပြောပေးပါဦး။
NKZY : ဆိုင်က စရန်တွေလည်း ပေးပြီးမှ ကိုဗစ်ဒုတိယလှိုင်းပြန်ဖြစ်တော့ ခဏလေးနားထားတယ်။ ဖွင့်လိုက်ရင်လည်း ဘာဖြစ်မလဲဆိုတာမသိဘူး။ ဆက်ဖွင့်ရရင်လည်း အဆင်ပြေတယ်။ ဆက်မဖွင့်ရရင် ဝန်ထမ်းလစာရှိတယ်။ ဝန်ထမ်းစားဖို့ရှိတယ်။ ဆိုင်အတွက်ကိုလည်း လုပ်ရမယ့်အခါကျတော့ စရန်ပေးပြီးတော့ ခဏနားထားတယ်။ အခုအချိန်မှာ ကိုဗစ် ထပ်ဖြစ်တော့ Nang Delivery Service ဆိုပြီး Delivery လုပ်တယ်။

Voice : အလုပ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး စည်းစနစ်ချပြီး လုပ်ဖြစ်လဲ။
NKZY : နန်းခင် အလုပ်လုပ်ရင် သေချာစဉ်းစဉ်းစားစား လုပ်တတ်တယ်။ ဘာလုပ်ရင် ဘယ်လိုဖြစ်မလဲဆိုတာ ငယ်ငယ်ကတည်းက အဖေက ပြောပြတယ်။ ၉ တန်း၊ ၁၀ တန်းကတည်းက နန်းခင် ဈေးရောင်းတတ်တယ်။ ငယ်ငယ်ကတည်းက အထည်ရောင်းလာတာ။ ဒါပေမဲ့ အထည်မရောင်းချင်တော့ဘူး။ အစား အသောက်လုပ်မယ်ဆိုပြီး ဒီအစားအသောက်ကို လုပ်ဖြစ်တာပေါ့။

Voice : ကိုယ်က ဘယ်လိုသူဋ္ဌေးမျိုးထဲမှာ ပါလဲ။
NKZY : အရမ်းသဘောကောင်းတယ်။ လိုလေသေးမရှိ ထားထားပေးတယ်။ အိမ်ဆိုရင် တစ်နှစ်စာ ငှားထားပေးတယ်။ မီးဖိုချောင်ပိုင်းကို ဝင်စစ်တယ်။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကိုယ်နဲ့ အလုပ်လုပ်တဲ့အတွက် Delivery တွေလည်း အလုပ်ရတယ်။ အခုအချိန်မှာ သူတို့အလုပ်မရှိဘူး။ အခုအချိန်မှာ နန်းခင်နဲ့ Delivery လာပူးပေါင်းတဲ့အတွက် အဆင်ပြေတယ်။ သူတို့မှာ နားရက်မရှိဘူး။ နားရက်မရှိလို့တောင် အော်နေတယ်။ တချို့ Taxi သမားတွေဆို Taxi မဆွဲတော့ဘူး။ နန်းခင်ရဲ့ Delivery လမ်းကြောင်းပဲ တောက်လျှောက်လိုက်နေတယ်။ 

Voice : Nang Delivery ကိုရော ထပ်တိုးချဲ့ဖို့ရှိလား။
NKZY : Nang Delivery က ကားသုံးစီးနဲ့ သွားနေတယ်။ မာလာရှမ်းကောကတော့ ထုံးစံအတိုင်းပဲ ပို့နေတယ်။ နန်းခင်တို့က စက်ဘီးတွေနဲ့ မပို့ဘူး။ ကားတွေနဲ့ပဲ သွားယူတယ်။ ကားတွေနဲ့ပဲ ပို့ပေးတယ်။ ပိုက်ဆံလည်း ကြိုရှင်းပေးရတယ်။ အဲဒါကိုလည်း Facebook မှာ ကြော်ငြာပေးမှာပါ။ အခုကတော့ ကိုယ့်ရဲ့အနုပညာရှင်တွေနဲ့ပဲ သွားသယ်ရပြီဆို အကြောင်း ၃၀၊ အကြောင်း ၄၀။ သူတို့နဲ့ပဲ လည်နေသေးတယ်။ နောက်ကား ၂ စီး ထပ်ထည့်ပြီး ထပ်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ အဲထက်ပိုများလာရင် စက်ဘီးတွေ ထပ်ရန်မယ်လို့ စဉ်းစားထားတယ်။

Voice : ဘာဖြစ်လို့ စက်ဘီးနဲ့မဟုတ်ဘဲ ကားနဲ့ပို့ဖြစ်တာလဲ။
NKZY : တချို့သူတွေက အစားအသောက်တွေပါတယ်။ ကားတွေ ပါတယ်။ အစားအသောက်ကို ကားနဲ့သယ်မှ ပူတဲ့ရာသီဥတုဆိုရင် အစားအသောက်က အဲကွန်းကားနဲ့သယ်မှ။ ပန်းတွေဆိုရင် ကားနဲ့သယ်မှ။ တချို့နေရာတွေဆို ကားနဲ့ သွားရတာလွယ်တယ်။ တချို့နေရာတွေ ဆိုရင် စက်ဘီးနဲ့သွားရတာလွယ်တယ်။ စက်ဘီးနဲ့ကတော့ လောလောဆယ်မထားသေးဘူး။

နွယ်နီ