News

POST TYPE

ENTERTAINMENT

မိစန္ဒီနဲ့ တွေ့ဆုံခြင်း
06-Sep-2020
“ငယ်ငယ်ကတည်းက အဆိုတော်ဖြစ်အောင် သီချင်းဆိုတာမဟုတ်ဘူး” 



မိစန္ဒီနဲ့တွေ့ဆုံ၍ အနုပညာရှင်တွေ သေတယ်ဆိုပြီး သတင်းအမှားဖြန့်ကြတဲ့အကြောင်းနဲ့ သီချင်းတွေအပေါ်မှာ ရူးသွပ်တဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : အနုပညာရှင်တွေ သေဆုံးတယ်ဆိုပြီး သတင်းအမှားတွေ တင်ကြတဲ့အပေါ် အမြင်လေး ပြောပေးပါဦး။
MSD : စိတ်တော့ မကောင်းဘူးပေါ့။ အနုပညာရှင်တွေ သေဆုံးတဲ့ သတင်းတွေတင် မဟုတ်ဘူး။ ဟိုးအရှေ့မှာကတည်းက သတင်း အမှားတွေ၊ ကောလာဟလတွေ ဖြန့်ကြတယ်။ ကိုဗစ်စဖြစ်တဲ့ အချိန်တုန်းကလည်း သတင်းအမှားတွေတက်လာတယ်။ ဒါက လူတွေကို စိတ်မကောင်းဖြစ်စေတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ အဲဒါလေးတွေကို မရေးခင်၊ မပြောခင် ဟုတ်လား၊ မဟုတ်လား သေချာဆန်းစစ်ကြည့်ပါ။ ကိုယ်က Share လိုက်လို့မဟုတ်ရင် ကာယကံရှင်ထိခိုက်တယ်။ ဒါကြောင့် သတင်းအမှားတွေ မရေးကြပါနဲ့လို့ ပြောချင်ပါတယ်။

Voice : အနုပညာဘက်မှာရော စန်းတွေ၊ ကံတွေနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။
MSD : စန်းတွေ၊ ကံတွေဆိုတာထက် အဓိကတော့ အလုပ်ကြိုးစားရင် ကံကောင်းမယ်။ မိစန္ဒီကတော့ အဲလိုပဲမြင်တယ်။ သူများကို လိုက်ယှဉ်ပြိုင် တာထက်စာရင် ကိုယ့်အလုပ်မှာ ကိုယ်ရိုးသားဖို့၊ စေတနာပါဖို့ ဒီလူ တစ်ယောက်က ၁၀၀ ရာခိုင်နှုန်း တစ်နေရာ ကျန်နေဦးမှာပဲလို့ ယုံကြည်တယ်။ မိစန္ဒီဆိုရင် အသက် ၃၀ ရှိသွားပြီ။ ၂၅ လောက်ဆိုရင် အဆိုတော်တွေက အိုနေပြီ။ လူတွေက မကြည့်ချင်ကြတော့ဘူး။ မင်းသား၊ မင်းသမီးတွေဆိုလည်း ၂၅၊ ၂၆ လောက်ဆိုနောက်ဆုံးပေါ့။ ကိုစိုင်းတို့ဆို ဘယ်လိုလုပ်မလဲ။ မကစ်တို့ အများကြီးပေါ့ ရှိသေးတယ်။ မိစန္ဒီတို့ကတော့ ပိုပြီးသက်တမ်းတိုမှာပေါ့။ ဘာလို့လဲဆိုတော့ Rap ဆိုတာကိုး။ အဓိကက တော့ အနုပညာအချိန်ကတော့ နည်းတယ်။ ဒါပေမဲ့ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သေချာဖန်တီးသွားရင်တော့ နေရာတစ်နေရာ ကျန်နေမယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ ကိုယ်ရှာနိုင်တဲ့အချိန်မှာ တခြားစီးပွားရေး တစ်ခုကို လုပ်ဖို့တော့ လိုအပ်တာပေါ့။ ကိုယ်ရှာနိုင်တဲ့အချိန်မှာ သုံးဖြုန်းနေ ရင်တော့ ဘယ်ရမလဲ။

Voice : စီးပွားရေးနဲ့ပတ်သက်ပြီး အမြော်အမြင်ရှိတာလား။
MSD : အဲလိုလည်းမဟုတ်ဘူး။ မိစန္ဒီက ကြည့်တာပေါ့။ အသက် ၂၇ လောက်တုန်းက ကြောက်တယ်။ ငါ ဒါနဲ့ မရပ်တည်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ ငယ်ငယ်ကတည်းက အဆိုတော်ဖြစ်အောင် သီချင်းဆိုတာမဟုတ်ဘူး။ သီချင်းကိုရူးသွပ်ပြီး သီချင်းဆိုချင်လို့ကို အဆိုတော်ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ နာမည်ကြီးခြင်း၊ မကြီးခြင်းဆိုတာထက် ကျောင်းတုန်းက မုန့်ဖိုးလေးတွေစုပြီး ဆိုခဲ့တာ။ ဒီလိုမျိုးဖြစ်လာမယ်လို့လည်း မထင်ခဲ့ဘူး။ အရမ်းရူးသွပ်တယ်။ ဒီသီချင်းကို ဘယ်လောက်ရူးသွပ်လဲဆို အိမ်မှာ နေရင်းနဲ့တောင် ကာရာအိုကေထိုင်ဆိုနေတဲ့သူ။ မိစန္ဒီ အလုပ်ကလည်း သီချင်းပဲ၊ ဝါသနာကလည်းသီချင်းပဲ။ အစကတည်းက အဆိုတော်နဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်၊ မပြုဘူးဆိုတာမရှိဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ကာရိုက်တာတစ်ခု ဖြစ်လာတဲ့အချိန်မှာ သူများတွေ ဘယ်လိုလုပ် နေလဲဆိုတာ ပတ်ဝန်းကျင်ကိုကြည့်မိလာတာပေါ့။ ငယ်ငယ်ကတည်းက ရူးသွပ်တယ်။ သီချင်းတွေကိုမလုပ်ပဲလည်း မနေနိုင်ဘူး။ ကိုယ့်သီချင်း ဘယ်သူမှ နားမထောင်ဘူးဆိုရင်တောင် အဘွားကြီးဖြစ်ရင် အခန်းထဲမှာ Rap ဆိုရင်လည်း ဆိုနေမှာပေါ့ အခန်းထဲမှာ။

နွယ်နီ