News

POST TYPE

ENTERTAINMENT

အုပ်စိုးခန့်နဲ့တွေ့ဆုံခြင်း
04-Sep-2020
"အော်ရဂျင်နယ်သီချင်းကို ပြန်ပြီးတော့ အားစိုက်မယ်"



အုပ်စိုးခန့်နဲ့တွေ့ဆုံ၍ ပိုင်ရှင်သီချင်း ပြန်လည်သီဆိုဖြစ်တဲ့အကြောင်းနဲ့ သီချင်းအသစ်ထပ်ထွက်မယ့်အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice   : ပိုင်ရှင်သီချင်းကို ပြန်ဆိုတဲ့အခါမှာ ခံစားချက်လေးပြောပေးပါဦး။
OSK     : ပိုင်ရှင်သီချင်းလေးကတော့ ကျွန်တော် ပြန်ဆိုလိုက်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် အားပေးမှုတွေရခဲ့တယ်၊ ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်တော်က ဒီသီချင်းတွေ မထွက်ခင်က အရမ်းကြောက်တာ။ ဘာလို့လဲဆိုတော့ ဒီသီချင်းက ဟိုးအရင် တုန်းက အောင်မြင်ခဲ့တဲ့သီချင်းဆိုတော့ ဘယ်လောက်အထိ အောင်မြင်လဲဆို သင်္ကြန်ဗားရှင်းတွေပါ ထွက်ခဲ့တာပေါ့။ ကျွန်တော်က ဒီသီချင်းကို ပြန်ဆိုမယ်ပေါ့။ ဦးမင်းချစ်သူ တေးရေးကိုယ်တိုင် ကျွန်တော့်ကို ပေးလိုက်တာပေါ့။ ကျွန်တော်လည်း ပြန်ဝယ် လိုက်တာပေါ့။ ကာဗာလို့တော့ မသတ်မှတ်တော့ဘူး။ ဒီဗားရှင်းအသစ်လေးနဲ့ ဆိုလိုက်တယ်။ ကျွန်တော်ဆိုလိုက်တာက ပရိသတ် ရင်ထဲကို ရောက်သွားတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဝေဖန်မှုတွေကတော့ ထုံးစံအတိုင်းပဲတချို့ကရှိပါတယ်။

Voice   : ဒီသီချင်းကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့တာလဲ။
OSK     : ကျွန်တော် ရွေးချယ်တာမဟုတ်ဘူး ဒီသီချင်းက။ ကျွန်တော့်အမေ ရွေးချယ်တာ။ ဒီဗားရှင်းသီချင်းဆိုဖို့ ရွေးချယ်တာပေါ့။ ပြီးတော့ ဦးမင်းနဲ့လည်း ဆုံချင်နေတာကြာပြီ။ ဒီပရောဂျက်အသစ်ကို ဦးမင်းနဲ့လုပ်ရမယ်ဆိုတော့ ဦးမင်းကလည်း ပိုင်ရှင်ရေးခဲ့ တယ်ဆိုတော့ ဒီသီချင်းလေးဆိုမယ်ဆိုပြီး ဖြစ်သွားတာပါ။

Voice   : သီချင်းအသစ်တွေ ထပ်ထွက်ဖို့ ရှိသေးလား
OSK     : V7 Entertainment ကနေ သီချင်းအသစ်တစ်ပုဒ် ထပ်ထွက်ဖို့ရှိပါတယ်။ MV ရိုက်ပြီးရင် အဲသီချင်းတစ်ပုဒ်ကို အားပေးပါ။ ပြီးတော့ သီချင်းအများကြီးထပ်လုပ်ဖို့လည်း ရှိပါသေးတယ်။ ထိုင်းကအဆိုတော်တစ်ယောက်နဲ့ သီချင်း MV ရိုက်ပြီး ထုတ်လိုက်တော့ ထိုင်းကပရိသတ်တွေရဲ့ မှတ်ချက်တွေတွေ့ပါတယ်။ အရမ်းချစ်ပါတယ်။

Voice   : အဟောင်းသီချင်းတွေ ထပ်ဆိုဖို့ရှိလား။
OSK     : အဲဒီလိုတော့ မရှိတော့ဘူး။ အော်ရဂျင်နယ်သီချင်းကိုပြန်ပြီးတော့ အားစိုက်မယ်။ ဒုတိယအခွေထွက်ဖို့လည်း အရမ်း အားစိုက်နေတယ်၊ ဒီရက်ပိုင်းမှာ။

Voice   : သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေ လက်ခံလာတာရှိလား။
OSK     : တော်တော်များများတော့ ရှိပါတယ်။ 5Plus နဲ့ရိုက်ရမယ့် ဒုတိယဇာတ်လမ်းတွဲမှာ ကာရိုက်တာက နည်းနည်းဆိုးတယ်လို့ ကြားတယ်။ အရမ်းကြီးတော့မသိသေးဘူး။ အဆိုတော်နဲ့ သရုပ်ဆောင်ကို နှစ်ခု တွဲလုပ်သွားမှာပေါ့။                  

နွယ်နီ