News

POST TYPE

ENTERTAINMENT

ယခုနှစ် MTV ဗီဒီယိုဂီတ ဆုပေးပွဲ ဆန်ခါတင် စာရင်းကို ဘီယွန်းစ် ဦးဆောင်
30-Jul-2016

နယူးယောက်၊ ဇူလိုင် ၂၈


၂၀၁၆ ခုနှစ်၊ MTV ဗီဒီယို ဂီတ ဆုပေးပွဲ ဆန်ခါတင် စာရင်းကို အမေရိကန်ပေါ့ပ် ဘုရင်မ တစ်ဦးဖြစ်တဲ့ ဘီယွန်းစ်က ဦးဆောင်နိုင်ခဲ့တယ်လို့ CAN သတင်းဌာနမှာ ဖော်ပြထား ပါတယ်။


ဘီယွန်းစ်ဟာ ယခုနှစ်  MTV  ဗီဒီယို ဂီတဆု စာရင်းရဲ့ ဆန်ခါတင် စာရင်းမှာ ဆု ၁၁ ဆုအထိ လျာထား ခံရပြီးတော့ အဲဒီလို ဆန်ခါတင် စာရင်းကို ဦးဆောင်နိုင်ခဲ့တာပဲ  ဖြစ်ပါတယ်။


နာမည်ကျော် ဗြိတိသျှ အမျိုးသမီး အဆိုတော် အဒဲလ်ကတော့ ဆန်ခါတင် စာရင်းမှာ ဆုရှစ်ဆု လျာထား ခံရပြီး ဒုတိယ နေရာမှာ ရပ်တည်နိုင် ခဲ့ပါတယ်။


ယခုနှစ် MTV ဗီဒီယို ဂီတ ဆုပေးပွဲရဲ့ ဆန်ခါတင် စာရင်းမှာ ထူးခြားချက် အနေနဲ့ ရက်ပ် အဆိုတော် ကန်ယေးဝက်စ်ရဲ့ အငြင်းပွားဖွယ်ရာ Famous ဂီတ ဗီဒီယိုက ထိပ်တန်းဆုကြီး တစ်ဆု အပါအဝင် ဆုနှစ်ဆု အတွက် လျာထား ခံခဲ့ရပြီး ဆု အမျိုးမျိုး စံချိန်တင် ရယူထားနိုင်တဲ့ အမျိုးသမီး ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ် တစ်ယောက် ဆန်ခါတင် စာရင်းမှာ လုံးလုံး မပါဝင်နိုင်ခဲ့တာတို့ကို တွေ့ရပါတယ်။


ကန်ယေးဝက်စ်ရဲ့ Famous ဂီတ ဗီဒီယိုဟာ တေလာဆွစ်ဖ် အပါအဝင် နာမည်ကျော် အနုပညာရှင် ၁၂ ဦးကို အဝတ်ဗလာနဲ့  ထည့်သွင်း ရိုက်ကူး ထားတဲ့အတွက် ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ မြင့်တက်ခဲ့တဲ့ ဂီတဗီဒီယိုပဲ ဖြစ်ပါတယ်။


  • VIA