News

POST TYPE

ENTERTAINMENT

မဟာတံတိုင်းကြီး ရုပ်ရှင်တွင် မတ်ဒီမွန် ပါဝင် သရုပ်ဆောင်ခြင်းအား ပရိတ်သတ်များ မကျေမနပ်ဖြစ်
30-Jul-2016
လွန်ခဲ့သည့် နှစ်တစ်ထောင်က တရုတ်နိုင်ငံရှိ မဟာတံတိုင်းကြီးကို မကောင်းဆိုးဝါး အကောင်ကြီးများက ဖျက်ဆီးဖို့ ကြိုးစားသည့် ရုပ်ရှင်တွင် ဟောလိဝုဒ်သရုပ်ဆောင် မစ်ဒီမွန်က အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ခြင်းအပေါ် ပရိသတ်များက မကျေမနပ် ဖြစ်ခဲ့ကြသည်။

ပရိသတ်များသည် မနေ့က ထွက်ပေါ်ခဲ့သည့် ရုပ်ရှင် အစမ်းပြကွက်များကို ကြည့်ရှုပြီးနောက် တရုတ်သမိုင်းကြောင်း ဇာတ်လမ်းတွင် အဘယ်ကြောင့် လူဖြူတစ်ဦးအား အဓိကဇ ာတ်ဆောင်အဖြစ် ပါဝင်လာရသနည်းဟု စောဒက တက်ကြသည်။

မဟာတံတိုင်းကြီး ဒါရိုက်တာ ဇောင်ရိမျူက “ဒါဟာ ဟောလီဝုဒ်က ရိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဟောလိဝုဒ်စတိုင်ပဲ ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဟောလိဝုဒ်က ရိုက်တဲ့ဇာတ်လမ်းမှာ တရုတ်ယဉ်ကျေးမှု ရိုးရာကို နောက်ခံထားပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေကို တင်ဆက်ပြသ သွားချင်လို့ဖြစ်ပါတယ်”ဟု Entertainment weekly အင်တာဗျူးတွင် ပြောကြားသွားသည်။

သူက ဆက်လက်ပြီး “ဒီဇာတ်လမ်းက အမေရိကန် ရှုထောင့်ကနေ ပြောထားတဲ့ ဇာတ်လမ်းပါ။ ကျွန်တော် ဒီရုပ်ရှင်ကို ရိုက်တဲ့အခါ ရုပ်ရှင်မှာပါတဲ့ တရုတ်ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ တကယ့်အစစ်အမှန်တွေလို့ ခံစားရအောင် ကြိုးစားထားပါတယ်”ဟု ဆိုသည်။

Ref : Buzzfeed


  • VIA