News

POST TYPE

ENTERTAINMENT

ခရစ်စတန် စတီးဝစ် အယ်လီမဂ္ဂဇင်း အမေးအဖြေကဏ္ဍတွင် သူ၏ မိန်းကလေးချစ်သူအကြောင်း ဖွင့်ဟ
28-Jul-2016

အယ်လီမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် စတီးဝစ်က သူ၏ လက်ရှိ အလုပ်အခြေအနေများ၊ စိတ်ရှုပ်ထွေးမှုများနှင့်အတူ ရုန်းကန်နေရမှုများနှင့် သူနှင့် အယ်(လ)စီယာ ကာဂျိုင်း(လ်) တို့၏ အချစ်ရေး အခြေအနေများကို ပထမဦးဆုံးအကြိမ် ဖွင့်ဟခဲ့သည်။
“အခုအချိန်မှာ ကျွန်မချစ်သူအပေါ် အရမ်းချစ်မိနေပြီ။ ကျွန်မတို့တွေ အကြိမ်ကြိမ် လမ်းခွဲခဲ့တယ်။ ပြီးတော့ ပြန်တည့်သွားကြတာပဲ” ဟု စတီးဝစ်မှ အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

စတီးဝစ်မှာ သရုပ်ဆောင် ရောဘတ်ပတ်တီဆန်နှင့် လူသိရှင်ကြား လမ်းခွဲခဲ့ပြီး သူ၏ အချစ်အကြောင်းကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ဖွင့်ဟပြောဆိုခြင်းလည်း ဖြစ်သည်။
“ကျွန်မ အခု ပြောင်းလဲလိုက်ပါပြီ။ ကျွန်မဘဝက အခု ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီ။ ဘာမှဖုန်းကွယ်ထားဖို့ မလိုတော့ဘူး။ ပိုပြီးလည်း ပျော်ရွင်နေရပါပြီ” ဟူ သူက ဆိုသည်။

Source: Buzzfeed