News

POST TYPE

ENTERTAINMENT

Captain Marvel အဖြစ် ဘရီလာဆန် သရုပ်ဆောင်မည်
28-Jul-2016

မာဗယ်စတူဒီယိုရဲ့ ပထမဆုံး အမျိုးသမီး စူပါဟီးရိုးရုပ်ရှင် Captin Marvel ဇာတ်ကားမှာ Room ဇာတ်ကားနဲ့ အော်စကာဆု ရထားတဲ့ သရုပ်ဆောင် ဘရီလာဆန်က အဓိကဇာတ်ကောင် အဖြစ် ပါဝင်သွားမယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ယင်းဇာတ်ကားမှာ ဂြိုလ်သားတစ်ဦးနှင့် တွေ့ဆုံပြီးနောက် စူပါပါဝါတွေ ရရှိသွားတဲ့ အမျိုးသမီး လေတပ်အရာရှိ ကာရိုးဒန်ဗာအဖြစ် လာဆန်က သရုပ်ဆောင်မှာပါ။

ကာရိုးဒန်ဗာ ဇာတ်ကောင်ဟာ ၁၉၆၈ ခုနှစ်က ဖြန့်ချိခဲ့တဲ့ Marvel Super Heros ကာတွန်းစာအုပ်တွဲမှာ အထင်ရှားဆုံး အမျိုးသမီးဇာတ်ကောင် ဖြစ်ပါတယ်။

Captin Marvelဇာတ်ကားကို ၂၀၁၉ မတ်လမှာ စတင်ဖြန့်ချီဖို့ Marvel က စီစဉ်ထားပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ လာဆန်ဟာ13 Going on 30 နဲ့ Sleepover ဇာတ်ကားတို့မှာ ဇာတ်ပို့အဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့တဲ့ Short Term ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။