News

POST TYPE

ENTERTAINMENT

ပေါ့ပ်အဆိုတော် ရီဟားနား ရုပ်သံ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မည်
27-Jul-2016 tagged as

ကမ္ဘာကျော် R&B နှင့် Pop အဆိုတော် ရီဟားနားသည် အမေရိကန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ Bates Motel ရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်တော့မည်ဖြစ်သည်။

Bates Motel ရုပ်သံ ဇာတ်လမ်းတွဲမှာ Season 4 အထိ ထုတ်လွှင့်ပြီးဖြစ်ပြီး Season 5 တွင် ရီးဟားနား ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ရီဟားနားသည် ယင်းဇာတ်လမ်းတွဲတွင် စိတ္တဇ လူသတ်သမား Norman ၏သားကောင် Miron Carne ဇာတ်ရုပ်ကို သရုပ်ဆောင်မည်ဖြစ်သည်။

ရီဟားနားသည် ဟောလီးဝုဒ် ဇာတ်ကားများ ဖြစ်သော Battleship, This The End, Annie စသည့် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ဖူးသည်။

သို့သော် ယခု သရုပ်ဆောင်မည့် Bates Motel ဇာတ်လမ်းတွဲတွင်မူ အဓိက သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်မည်ဖြစ်ပြီး ယင်းရုပ်သံ ဇာတ်လမ်းတွဲ၏ နောက်ဆုံးအပိုင်းလည်း ဖြစ်သည်။

Ref: CNN


  • VIA
  • TAGS