News

POST TYPE

ENTERTAINMENT

ရည်းစားဟောင်းကို ဓားနဲ့ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ Nicki Minaj
19-Aug-2018

ကမ္ဘာကျော် အမျိုးသမီး ရပ်ပ်ပါတစ်ဦးဖြစ်တဲ့ Nicki Minaj ဟာ ရည်းစားဟောင်း Samuels ကို ဓားနဲ့ထိုးခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေ ခံခဲ့ရပေမယ့် ယင်းဖြစ်ရပ်ဟာ မမှန်ကန်ဘူးလို့  သူကတော့ ငြင်းဆန်ထားပါတယ်။

အဆိုတော် Nicki Minaj နဲ့ ရည်းစားသက်တမ်း ၁၄ နှစ်ကြာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း ရပ်ပ်ပါ Safaree Samuels က ဓားနဲ့ ထိုးခံခဲ့ရတဲ့အတွက် သေမလိုတောင်ဖြစ်ခဲ့ကြောင်း Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

“နင် ငါ့ကို ဓားနဲ့ထိုးခဲ့တဲ့အတွက် ငါသေမလိုတောင်ဖြစ်ခဲ့ပြီး၊ ရဲတွေက ငါ့ကို ထမ်းစင်နဲ့ထမ်းထုတ်ပြီး ဆေးရုံကားနဲ့ ခေါ်သွားရတဲ့ညကို မှတ်မိသေးရဲ့လား၊ ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တာပါလို့ ရဲတွေကို လိမ်ပြောခဲ့ရတယ်။ ဒါမှ သူတို့ နင့်ကို ထောင်ထဲကို မပို့မှာပါ” လို ၎င်းက ဆိုပါတယ်။ 

အဆိုတော် Nicki Minaj ကတော့ သူတို့နှစ်ယောက် တွဲနေစဉ်ကာလမှာ Samuels က သူမရဲ့ အကြွေးဝယ်ခွင့်ကတ်တွေကို ခိုးယူခဲ့ပြီး မိန်းမပျက်တွေကို ငွေပေးချေတာမျိုး လုပ်ခဲ့ကြောင်း ရေဒီယိုအသံလွှင့်ဌာန Hot 97 နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။