News

POST TYPE

ENTERTAINMENT

နာမည်ကျော် မော်ဒယ် မီရန်ဒါကား Snap Chat တည်ထောင်သူ ဘီလျံနာသူဌေးနှင့် လက်ထပ်မည်
24-Jul-2016

သြစတြေးလျ မော်ဒယ် မီရန်ဒါကားသည် လူမှုကွန်ယက် မီဒီယာ Snapchat တည်ထောင်သူ ဘီလျံနာသူဌေး အဲဗန်စပီဂဲလ်နှင့် စေ့စပ်ကာ မကြာမီ လက်ထပ်တော့မည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် မော်ဒယ် မီရန်ဒါကားက ယခု စေ့စပ်ထားသူ အဲဗန်စပီဂဲလ်က ၎င်းအား လက်ထပ်ခွင့် တောင်းခဲ့ကြောင်း ဇူလိုင် ၂၀ရက်က အင်စတာဂရမ် အကောင့်တွင် ရေးသားခဲ့သည်။

စေ့စပ်လက်စွပ် ဝတ်ထားသော လက်ကို ရိုက်ယူထားသည့် အဖြူအမည်း ဓာတ်ပုံတွင် ကာတွန်းပုံလေးများ ထည့်သွင်းထားသည့် ဓာတ်ပုံကိုလည်း မီရန်ဒါကားက အင်စတာဂရမ်တွင် တင်ခဲ့သည်။

မီရန်ဒါကားနှင့် အသက် ၂၅ နှစ်အရွယ် စပီဂဲလ်တို့မှာ ၂၀၁၅ ခုနှစ်က နယူးယော့ခ်မြို့တွင် ပြုလုပ်သော Louis Vuitton ညစာ စားပွဲတွင် ရင်းနှီး သိကျွမ်းခဲ့ပြီး စတင် တွဲခဲ့ကြခြင်းဖြစ်သည်။

စပီဂဲလ်သည် လွန်ခဲ့သည့် လေးနှစ်က Snapchat လူမှုကွန်ယက် မီဒီယာကို ပူးတွဲ တည်ထောင်ခဲ့ပြီးနောက် ကမ္ဘာ့ အသက်ငယ်ဆုံး ဘီလျံနာ တစ်ဦးဖြစ်လာသူ ဖြစ်သည်။

မီရန်ဒါကားမှာ သရုပ်ဆောင် မင်းသား အော်လန်ဒိုဘလွန်းနှင့် လက်ထပ်ခဲ့ဖူးပြီး သား တစ်ယောက် ထွန်းကားခဲ့ဖူးသည်။

Ref : Daily Mail

  • VIA