News

POST TYPE

ENTERTAINMENT

ဂျက်စတင်ဘီဘာနှင့် ဂျာဒန်စမစ်တို့ ပြန်လည်လက်တွဲ
24-Jul-2016 tagged as

ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ဟောလီးဝုဒ်မင်းသားကြီး ဝီလ်စမစ်၏ သားဖြစ်သူ ဂျာဒန်စမစ်တို့ အတူ ပြန်လည် လက်တွဲကာ ဖျော်ဖြေခဲ့ကြောင်း Daily Mail တွင် ဖော်ပြထားသည်။

၎င်းတို့ နှစ်ဦးမှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး လွန်ခဲ့သော ခြောက်နှစ်က အတူလက်တွဲ ဖျော်ဖြေခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နယူးယောက်မြို့၊ မက်ဒီဆင်ရင်ပြင်တွင် ပြုလုပ်ခဲ့သော ဂီတဖျော်ဖြေပွဲတွင် ပြန်လည် လက်တွဲ ဖျော်ဖြေခဲ့ကြခြင်းဖြစ်သည်။

ယင်းဖျော်ဖြေပွဲတွင် ဂျက်စတင်ဘီဘာနှင့် ဂျာဒန်စမစ်တို့မှာ လွန်ခဲ့သော ခြောက်နှစ်က သီချင်းဖြစ်သည့် Never Say Never သီချင်းကိုပင် ပြန်လည် သီဆို ဖျော်ဖြေခဲ့သည်။

ဂျက်စတင်ဘီဘာနှင့် ဂျာဒန်စမစ်တို့မှာ ၂၀၁၆ ခုနှစ်အတွင်း သီချင်းအသစ်များ ထပ်မံ ပြုလုပ်ရန်လည်း စီစဉ်နေကြောင်း ဖျော်ဖြေရေး သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

ဂျပ်စတင်ဘီဘာသည် သြဂုတ် ၁၆ ရက်တွင် ဂျပန်နိုင်ငံသို့ ဂီတဖျော်ဖြေပွဲ ကျင်းပရန် သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်တွင်လည်း အိုက်စလန်နိုင်ငံတွင် ဖျော်ဖြေရန် စီစဉ်ထားသည်။

Ref : Daily Mail

  • VIA
  • TAGS