News

POST TYPE

ENTERTAINMENT

မက်မီလာနဲ့ ဇာတ်လမ်းတွေ ဖြစ်နေပြီလို့ အာရီယာနာ ဂရန်ဒီ ဝန်ခံ
30-Aug-2016

အမေရိကန် အဆိုတော်နဲ့ သရုပ်ဆောင် အာရီယာနာ ဂရန်ဒီကတော့ သူမနဲ့ ရက်ပ်ပါ မက်မီလာတို့ရဲ့ကြားက ဇာတ်လမ်းကို လူသိရှင်ကြား ဝန်ခံလိုက်ပြီး ပြီးခဲ့တဲ့ လအနည်းငယ် ကတည်းက ထွက်နေတဲ့ သတင်းတွေကို အတည်ပြုပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အမ်တီဗီ ဆုပေးပွဲမှာ သူတို့နှစ်ယောက် အတူတကွ ပွဲတက်လာတာကို အားလုံး မြင်တွေ့ခဲ့ကြရပြီးတဲ့နောက် The Sun နဲ့ အင်တာဗျူးမှာ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အာရီယာနာက ဝန်ခံခဲ့တာပါ။
“မက်က ကျွန်မ ဘဝကို ပံ့ပိုးပေးနိုင်မယ့်သူ မဟုတ်ဘူးလို့ သူများတွေက ပြောကြတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ နှစ်ယောက်ကြားက နားလည်မှုကတော့ ပြောမပြနိုင်လောက်အောင်ပါပဲ” လို့ အာရီယာနာက ဆိုပါတယ်။

အာရီယာနာဟာ မက်ရဲ့ အရှေ့မှာ နာမည်ကြီး ရက်ပ်ပါတစ်ယောက် ဖြစ်တဲ့ Big Sean နဲ့ ရှစ်လလောက် တွဲခဲ့ဖူးပြီး ပြဿနာတွေနဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ခဲ့တယ်လို့ မီဒီယာတွေကို ဝန်ခံခဲ့သူပါ။

မာရီယာကာရေးရဲ့ အသံကို လိုက်မှီအောင် ဆိုနိုင်သူလို့ ဂီတလောကမှာ နာမည်ကြီးနေတဲ့ အာရီယာနာဟာ ၂၀၁၆ မေလမှာ Dangerous Woman အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပြီး အမေရိကရဲ့ ရောင်းအားအကောင်းဆုံး တေးသီချင်း အယ်လ်ဘမ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

Ref: TheSun