News

POST TYPE

ENTERTAINMENT

ဘီယွန်ဆေး MTV ဆုပေးပွဲ၌ ဆုများစွာရ
29-Aug-2016

ဘီယွန်ဆေးသည် သြဂုတ် ၂၈ ရက် (တနင်္ဂနွေနေ့) က ကျင်းပခဲ့သည့် MTV ဂီတဆုပေးပွဲတွင်  သူ၏ “Lemonade” တေးအယ်ဘမ်ကြောင့် အကောင်းဆုံး ဗီဒီယိုတေး သရုပ်ဖော်ဆု အပါအဝင်  ဆုရှစ်ဆု ရရှိခဲ့သည်။

MTV ဂီတဆုပေးပွဲ စီစဉ်သူများသည် တနင်္ဂနွေနေ့  ဆုပေးပွဲ မတိုင်မီ သုံးနာရီ အလိုတွင် ဘီယွန်ဆေးမှ ဖျော်ဖြေလိမ့်မည်ဟု ကြေညာခဲ့သည်။

ဘီယွန်ဆေးသည် ဆုပေးပွဲသို့ လွန်ခဲ့သည့် နှစ်နှစ်က ရဲတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် အာဖရီကန်-အမေရိကန် လူမျိုး ၃ဦး၏ မိခင်များနှင့်အတူ ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။

သူ၏ လူမဲများအတွက် ဆိုထားသည့် နိုင်ငံရေး သီချင်းဖြစ်သော “formation” သီချင်းမှာ ဒီနှစ်အတွက် အကောင်းဆုံး ဗီဒီယို တေးသရုပ်ဖော်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

MTV ဆုပေးပွဲသို့ မတက်ရောက်သည်မှာ ကြာပြီဖြစ်သည့် ဘရစ်တနီစပီးယားသည်လည်း ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး ရီဟားနားကလည်း သူ၏ လေးကြိမ်မြောက် ဘဝတသက်စာ အောင်မြင်မှုဆုအတွက် ဖျော်ဖြေမှုပြုလုပ်ခဲ့သည်။

သို့သော် MTV ဆုပေးပွဲသို့ တေးသံရှင် ကြယ်ပွင့်များ ဖြစ်သည့် ဂျစ်စတင်ဘီဘာ၊ အဒဲ(လ်)နှင့် တေလာဆွစ်တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

Source: Reuter 

  • VIA