News

POST TYPE

ENTERTAINMENT

တေလာဆွစ် ရင်သား ပြုပြင်ထား၊ မထား အငြင်းပွား
27-Aug-2016

တေလာဆွစ်ရဲ့ ပရိသတ်တွေအတွက် ဒီရက်ပိုင်းတွေမှာ အကြီးမားဆုံး ငြင်းခုံစရာကတော့ တေလာဆွစ် ရင်သား ပြုပြင်ထားတာ ဟုတ် မဟုတ် ဆိုတာပါပဲ။

ဇူလိုင်လအတွင်းက တေလာဆွစ်နဲ့ သူမရဲ့ ချစ်သူသစ် တွန်ဟစ်ဒယ်တန်တို့ ကမ်းခြေမှာ ပျော်နေကြတဲ့ ဗီဒီယိုဖိုင် ပေါ်ထွက်လာပြီးတဲ့နောက် တေလာဆွစ်ရဲ့ ပရိသတ်တွေကြားမှာ အဲဒီပြသနာဟာ ငြင်းခုန်စရာ ဖြစ်ခဲ့ပါတယ်။

တွစ်တာနဲ့ အင်စတာဂရမ်တို့လို လူမှုကွန်ရက်တွေမှာ တေလာဆွစ်ရဲ့ အရင်က ခန္ဓာကိုယ်နဲ့ အခုခန္ဓာကိုယ် အချိုးအစားကို နှိုင်းယှဉ်ပြတဲ့ ဓာတ်ပုံတွေ များစွာ ပေါ်ထွက်လာခဲ့ပြီး တေလာဆွစ်ဟာ ရင်သား ပြုပြင်ထားတာ သေချာပါတယ်ဆိုတဲ့ စာသားတွေကို သူ့ရဲ့ ပရိသတ်တွေက ရေးသားခဲ့ကြတာပါ။

The Sun သတင်းစာကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယူးယော့ခ်မြို့ထဲမှာ လမ်းထွက်လာခဲ့တဲ့ တေလာဆွစ်ရဲ့ ပုကို ဖော်ပြခဲ့ပြီး အသက် (၂၆) နှစ်အရွယ် အဆိုတော်ဟာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နေပြီလို့ ရေးသားခဲ့ပါတယ်။

တေလာဆွစ် ကိုယ်တိုင်ကလည်း သူမရဲ့ ရင်သား ပြုပြင်ထားတယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆန်တာ၊ အတည်ပြုတာမျိုး မရှိခဲ့ပဲ သူမရဲ့ ကိုယ်ပိုင်အင်တာနက် စာမျက်နှာတွေပေါ်မှာလည်း အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ရေးသားတာမျိုး မရှိခဲ့ပါဘူး။

Ref: TheSun