POST TYPE

ENTERTAINMENT

ယာဉ်တိုက်မှု ဖြစ်ပြီးတဲ့နောက် စက်ဘီးစီးရတာကိုသာ လီယိုနာဒို ပိုအာရုံကျလျှက်ရှိ
25-Aug-2016

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အသေးစားဒဏ်ရာတွေလောက်သာ ရရှိခဲ့တဲ့ အော်စကာဆုရှင် လီယိုနာဒိုဟာ ယာဉ်တိုက်မှုဖြစ်ပြီး ရက်အနည်းငယ် အကြာမှာတော့ နယူးယော့ခ်မြို့ထဲမှာ စက်ဘီးတစ်စီးနဲ့ လမ်းသလားနေခဲ့ပါတယ်။

လီယိုနာဒိုနဲ့ သူ့ရဲ့ ချစ်သူဖြစ်ကြတဲ့ ဒိန်းမတ်မော်ဒယ် နီနာအက်ဂ်ဒဲလ်ဟာ စက်ဘီးကိုယ်စီနဲ့ ဈေးဝယ်ထွက်ခဲ့ကြတဲ့ အကြောင်းကို မီဒီယာတွေက ဖော်ပြခဲ့ကြပြီး လီယိုနာဒိုဟာ သူ့ရဲ့ ရန့်ခ်ျရိုဗာ ကားကြီးထက် စက်ဘီးတွေကို ပိုမိုနှစ်သက်နေပြီလို့ ရေးသားခဲ့ကြပါတယ်။

လီယိုနာဒိုဟာ ယာဉ်တိုက်မှု ဖြစ်တဲ့အချိန်မှာ သူ့ရဲ့ ချစ်သူနဲ့အတူ ကားထဲမှာ ရှိနေခဲ့တာဖြစ်ပြီး တစ်ဖက်က ကားမောင်းနှင်တဲ့ အမျိုးသမီးကလည်း ဘာဒဏ်ရာမှ မရှိခဲ့ပါဘူး။

၂၀၁၄ ခုနှစ်ကတည်းက အက်ဂ်ဒဲလ်နဲ့ ဇာတ်လမ်းတွေ ဖြစ်ခဲ့ပေမယ့်လည်း သိုသိုသိပ်သိပ် နေလေ့ရှိတဲ့ လီယိုနာဒိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာမှ လူသိရှင်ကြား သဘောမျိုး ဖြစ်ခဲ့တာပါ။

Ref: Dailymail