News

POST TYPE

ENTERTAINMENT

နှစ်နှစ်ဆက်တိုက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မင်းသမီးအဖြစ် ဂျင်နီဖာ လောရင့်(စ်)ရပ်တည်
24-Aug-2016

“Hunger Games” ရုပ်ရှင်ဖြင့် နာမည်ကြီးလာသည့် ဂျင်နီဖာလော့ရင့်(စ်)သည် ကမ္ဘာ့ဝင်ငွေအကောင်ဆုံး မင်းသမီးအဖြစ် နှစ်နှစ်ဆက်တိုက်ရပ်တည်လျက်ရှိကြောင်း Forbe မဂ္ဂဇင်း၏ ဖော်ပြချက်အရ သိရသည်။


အသက် ၂၆ နှစ်အရွယ်ရှိ လောရင့်(စ်)သည် “Hunger Games” ရုပ်ရှင်ဇာတ်လမ်းမှ အမြတ်ဝင်ငွေများဖြင့် ဝင်ငွေအများဆုံးရရှိသည့် ရုပ်ရှင်မင်းသမီးဖြစ်လာပြီး မကြာမီထွက်ရှိမည့် “Passengers” အမည်ရှိ အာကာသစွန့်စားခန်းဇာတ်လမ်းဖြင့်လည်း အကျိုးအမြတ်ကြီးစွာရရှိဦးမည်ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဆိုသည်။


သို့သော် လောရင့်(စ်)သည် ၂၀၁၅ ခုနှစ်မှ ရရှိခဲ့သည့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၂ သန်းထက် ၁၂ ရာခိုင်နှုန်းလျော့နည်းပြီး ယခုနှစ်တွင် ဒေါ်လာ ၄၆ သန်းသာရရှိခဲ့သည်။

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသားစာရင်းကို Forbes မဂ္ဂဇင်းက သြဂုတ် ၂၅ ရက်တွင် ကြေညာတော့မည်ဖြစ်သည်။


ယမန်နှစ်က ရောဘတ် ဒေါင်နင်း ဂျူနီယာက အမေရိကန်ဒေါ်လာသန်း ၈၀ ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။သို့သော် နှစ်ဦးစလုံးမှာ အဆိုတော် တေလာဆွစ်၏ ဝင်ငွေစံချိန်နား မကပ်နိုင်ကြောင်းတွေ့ရသည်။


တေလာလဆွစ်သည် ၂၀၁၆ ခုနှစ်အစောပိုင်းကာလက သူ၏ တေးအယ်ဘမ်ရောင်းရငွေနှင့် နယ်လှည့် ဖြေဖျော်ပွဲများမှ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ခန့် ဝင်ငွေရရှိခဲ့သည်။

အသက် ၄၅ နှစ်အရွယ် မတ်ဆီလာ မတ်ကာသီမှာလည်း “Mike and Molly” ရုပ်သံဇာတ်လမ်းတွဲမှ နှစ်စဉ် ဝင်ငွေအပြင် သူမ၏ ဖက်ရှင်လုပ်ငန်းကြောင့် ဝင်ငွေများရကာ ကမ္ဘာပေါ်တွင် ဒုတိယဝင်ငွေအများဆုံး ရုပ်ရှင် မင်းသမီးဖြစ်လာသည်။


ကပ္ပတိန်အမေရိကား ဇာတ်လမ်းတွင်ပါဝင်ခဲ့သည် မင်းသမီး စကားလတ် ဂျွန်ဟန်ဆန်မှာ ၂၀၁၅ ခုနှစ် ကထက် ၃၀ ရာခိုင်နှုန်းလျော့နည်းကာ ဝင်ငွေ ဒေါ်လာ၂၅ သန်းဖြင့် ကမ္ဘာ့တတိယဝင်ငွေအများဆုံး ရုပ်ရှင်မင်းသမီး ဖြစ်လာသည်။


Source: Reuter
Photo Credit: Reuter/Hannah McKay



  • VIA