News

POST TYPE

ENTERTAINMENT

On Air အစီအစဉ်မှာ ပရိသတ်တွေကို သီချင်းတွေ ဆိုပြမယ့် အောင်လ
23-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၃

ပြည်တွင်းရှိ အခမဲ့ ဖျော်ဖြေရေး ရုပ်သံလိုင်း ဖြစ်တဲ့ Channel 7 မှာထုတ်လွှင့်မယ့် On Air ဂီတ ဖျော်ဖြေရေး အစီအစဉ်မှာ ပရိသတ်တွေကို  သီချင်းတွေနဲ့ သီဆို ဖျော်ဖြေသွားမယ်လို့  Reason Band ရဲ့ ပင်တိုင် တေးသံရှင်ဖြစ်တဲ့ အောင်လက The Voice ကို ပြောကြားပါတယ်။

“On Air အစီအစဉ်အတွက်  သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီမှာ မြန်မာ့ အသံဝင်းထဲမှာ ရိုက်ကူးရေး လုပ်ပါမယ်။ ကျွန်တော်တို့ Reason Band ကို အားပေးတဲ့ ပရိသတ်တွေလည်း လာကြည့်ကြမယ်။ ဒီအစီအစဉ်ကို လက်ခံ ဖြစ်တာကတော့ ကျွန်တော့်ရှေ့မှာ ကိုကျားပေါက်တို့ ရေမွန်တို့ ရိုက်တုန်းက လိုက်သွားဖူးတယ်။ ကျွန်တော်လည်း သဘောကျတာနဲ့ လက်ခံ ရိုက်ကူးဖြစ်တာပါ”လို့ ယင်းအစီအစဉ်နဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ယင်းအစီအစဉ်မှာတော့ ရှိုးပွဲမှာလိုပဲ ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့ပြီး ဖျော်ဖြေရတာ ဖြစ်တဲ့အတွက် ပျော်ရွှင်ရမယ်လို့ ယုံကြည်ပြီး၊ ပရိသတ်တွေ တောင်းထားတဲ့ သီချင်းတွေကို အဓိက ရွေးချယ်ပြီး  သီဆို ဖျော်ဖြေပေးဖို့အတွက်လည်း စီစဉ်ထားပါတယ်လို့ တေးသံရှင် အောင်လက ပြောကြားပါတယ်။ 

“ကျွန်တော်တို့ အစီအစဉ်မှာတော့ Sarah Band လည်း ပူးပေါင်း ပါဝင်ပေးပါမယ်။ ကျွန်တော်တို့  Reason Band က သီချင်း နှစ်ပုဒ် ဆိုမယ်။ Sarah Band နဲ့ ပေါင်းပြီး ပင်လယ်ထဲက မြစ်များ သီချင်းကို အတူဆိုကြမယ်။ Sarah Band က သီချင်း တစ်ပုဒ်ဆိုပါမယ်။ Channel 7 မှာ လွှင့်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး”လို့ ၎င်းက ဆိုပါတယ်။ 


  • VIA