News

POST TYPE

ENTERTAINMENT

ရိုက်ကူးမှု အတတ်ပညာတွေအတွက် ဂျိုဒီဖော်စတာဆီက အကြံဉာဏ်ယူခဲ့ဟု ခရစ္စတန် စတီးဝပ် ပြော
22-Aug-2016
Twilight ဇာတ်ကားနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ခရစ္စတန် စတီးဝပ်က သူမရဲ့ ပထမဆုံး ကိုယ်တိုင်ရိုက် ဇာတ်ကားတိုအတွက် ရိုက်ကူးရေးဆိုင်ရာ အကြံဉာဏ်တွေကို နာမည်ကျော် အမျိုးသမီး သရုပ်ဆောင်ကြီး ဂျိုဒီဖော်စတာဆီက ရယူခဲ့ရပါတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက The Beaver ရုပ်ရှင်နဲ့ ရိုက်ကူးရေး လောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဂျိုဒီဖော်စတာဟာ ၂၀၁၆ ခုနှစ်ထဲမှာ Money Monster ရုပ်ရှင်ကို ထပ်မံရိုက်ကူးခဲ့ပြီး အောင်မြင်တဲ့ အမျိုးသမီး ဒါရိုက်တာတစ်ယောက် အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

ဂျိုဒီဟာ ခရစ္စတန် စတီးဝပ် ရိုက်ကူးခဲ့တဲ့ Water လို့ အမည်ရတဲ့ ဇာတ်ကားတိုအတွက် ရိုက်ကူးရေး အကြံဉာဏ်တွေ ပေးခဲ့တာ ဖြစ်ပြီ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းအားအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတိုဟာ အမျိုးသမီး ဒါရိုက်တာတွေ စုစည်းရိုက်ကူးထားတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်လာမှာပါ။

“သရုပ်ဆောင်တာနဲ့ ရိုက်ကူးမှု ပြုလုပ်ရတာအကြား ဒီလောက်တောင် ကွာခြားလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့တာ အမှန်ပါ။ ဂျိုဒီဆီကသာ အကြံဉာဏ်တွေ မရခဲ့ရင် ကျွန်မ အကောင်းဆုံး လုပ်နိုင်ဖို့ မလွယ်ပါဘူး” လို့ ခရစ္စတန်က ဆိုပါတယ်။

Ref: Contactmusic.com