News

POST TYPE

ENTERTAINMENT

ဂရမ်မီနှစ်ဆုရ နာမည်ကြီး R&B အဆိုတော် ဖရင့်အိုးရှမ်း တေးအယ်လ်ဘမ် အသစ်ထွက်ရှိ
21-Aug-2016
၂၀၁၂ ခုနှစ်တွင် “Channel Orange” အမည်ဖြင့် ထွက်ရှိခဲ့သည့် တေးအယ်လ်ဘမ်ဖြင့် ဂရမ်မီဆု နှစ်ဆု ရရှိခဲ့သော ဖရင့်အိုးရှမ်းသည် သြဂုတ် ၂၀ ရက်(စနေနေ့)တွင် “Endless” အမည်ရှိ တေးအယ်လ်ဘမ် အသစ် ထွက်ရှိလာပြီဖြစ်သည်။

အသက် ၂၈ အရွယ် R&B အဆိုတော် အိုးရှမ်းသည် ပြီးခဲ့သည့်နှစ် ၂၀၁၅ ဧပြီတွင် “Boys don’t Cry” အမည်ဖြင့် တေးအယ်လ်ဘမ် အသစ်ထွက်ရှိမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မထွက်ရှိခဲ့ပေ။

၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သည့် တေးအယ်လ်ဘမ်၌ သူ၏ အချစ်ဦးမှာ အမျိုးသား ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့သည့် ပထမဦးဆုံးသော R&B အဆိုတော်လည်း ဖြစ်သည်။

၄၅ မိနစ်တာ ကြာပြီး သီချင်း အပိုဒ်ရေ ၁၂ ပိုဒ်ပါသည့် “Endless” တေးအယ်လ်ဘမ်ကို ၎င်း၏ ဝိုက်ဆိုဒ်နှင့် Apple music store တို့မှ တစ်ဆင့် နားထောင်နိုင်ပြီဖြစ်သည်။

Source: Reuters


  • VIA