POST SECTION

EDUCATION

01-Dec-2018
လွန်ခဲ့သောသုံးနှစ်ခန့်က တိုင်းရင်းသား ရွှေ့ပြောင်းနေထိုင်သူ အလုပ်သမားများ၏ သားတစ်ဦးဖြစ်သူ ချစ်ကိုသည် ကျောင်းထွက် ရလုနီးပါးဖြစ်ခဲ့သည်။ သူ့မိဘတွေက သူ့ကို ကျောင်းထွက်ပြီး မိသားစုကို အထောက်အကူပြုရန် အလုပ်လုပ်စေချင်သောကြောင့်ဖြစ်သည်။
24-Nov-2018
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ကီကိုရှက်ကျောင်းတွင်ဖြစ်သည်။ တတိယတန်းအဆင့် ကျောင်းသားလေးများသည် အင်္ဂလိပ်စာကို လေ့လာနေကြသည်။ ဆရာမ ဂျာစင်တာအာတီနိုသည် ကလေးများကို ပုံပြင်ထဲကအကြောင်း မေးခွန်းလေးတွေ ထုတ်မေးနေသည်။ အတန်းနောက်တွင် နည်းပြဆရာက တက်ဘလက်တစ်လုံးနှင့် ထိုင်နေသည်။ ဆရာမက ကလေးသုံးယောက်၏ နာမည်ကို ခေါ်လိုက်ပြီး သူတို့၏ စာဖတ်စွမ်းရည်ကို စစ်ဆေးလိုက်သည်။ နည်းပြက နောက်မှ အမှတ်ပေးနေသည်။ ကလေးတွေ၏ စာဖတ် နိုင်စွမ်းရမှတ်က သူတို့ တက်ဘလက်များပေါ်တွင် သွားပေါ်နေသည်။ သူက ကလေးများ၏ အသံထွက်နိုင်စွမ်းကို စစ်ဆေးပြီး ဆော့ဖ်ဝဲဖြင့် ချက်ချင်း အကဲဖြတ်ပေးလိုက်သည်။ သူတို့ အတန်းတွင်းလှုပ်ရှားနေမှုသည် သူတို့ချည်း သိသည်မဟုတ်။ ကျောင်းအုပ်ကြီး ရုံးခန်းထဲကလည်း သူတို့သင်ကြားစစ်ဆေးနေမှုများကို သိနိုင်သည်။ ဒေသတွင်းရှိ ကျောင်းများကလည်း အင်တာနက်ကတစ်ဆင့် ကြည့်ရှုနိုင်သည်။
24-Nov-2018
ပညာရေးတွင် အသွင်ကူးပြောင်းမှုများကို ထူးခြားစွာဖြင့် တွေ့မြင်နေရပြီဖြစ်သည်။ အထူးသဖြင့် K-12 အဆင့် ပညာရေးကို အဆင့်မြင့်ပညာရေးသို့လွှဲပြောင်းပေးရမည်ဖြစ်သောကြောင့် ဒစ်ဂျစ်တယ်အခြေပြု ပညာခေတ်ပြောင်းတော်လှန်ရေးတစ်ခုဖြစ်အောင် အားထုတ်ကြိုးပမ်းနေကြသည်။
24-Nov-2018
ဂျပန်စာသင်ကြားရေးသည် ဂျပန်သို့သွားပြီး အလုပ်လုပ်မည့်သူများအတွက် အလွန်အရေးပါလာသည်။ ဂျပန်နိုင်ငံအစိုးရကလည်း ဂျပန်စာနှင့်စကားမတတ်သူများကို လုပ်ငန်းခွင်များထဲကလျှော့ချပစ်မည်ဆိုသည့် လေသံတွေ ထွက်လာသောကြောင့် ဂျပန်စာသင်ကြားရေးမှာ ကမ္ဘာကစိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်လာသည်။ ဂျပန်စာနှင့်စကားကို အခြေခံလောက်ပင်မသိဘဲ၊ နေ့စဉ်သုံးစကားများကို မပြောဆိုနိုင်ဘဲ နေရထိုင်ရခက်ခဲမည့် အနေအထားကို ရောက်လာပြီဖြစ်ကြောင်း သိစေချင်သည်။
24-Nov-2018
နိုင်ငံသို့ရောက်လာသည့် နိုင်ငံခြားသား များအတွက် ဂျပန်ဘာစကား တတ်မြောက်မှုသည် အလွန်အရေးပါသည့် အနေအထားကို ရောက်လာပြီဖြစ်သည်။ ဂျပန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာအတွက်လည်း အစိုးရအနေနှင့် နောက်ထုတ်မည့် စည်းမျဉ်းသစ်များတွင် ထိုသတ်မှတ်ချက်များ ပါလာတော့မည်ဖြစ်သောကြောင့် အလုပ်လာလုပ်မည့်သူများ သတိထားရန် လိုအပ်ပါသည်။
17-Nov-2018
“ပြည်သူတွေကို သတ်နေတဲ့ တိုင်းပြည်လေ၊ ကလေးတွေတောင် မရှောင်ဘူးဟေ” ဆိုသည့် ရပ်သီချင်းသံက လွင့်ပျံလာသည်။ ထိုသီချင်းကို အသက် ၁၇ နှစ်အရွယ် ထိုင်းနိုင်ငံမှ ရပ်ပါတစ်ဦးဖြစ်သူ အလဲဗင်းဖင်းဂါး (Elevenfinger) က သီဆိုခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ ပညာရေး ကမောက်ကမဖြစ်မှုများကို သူက ရပ်သီချင်းဖြင့် သရော်ထားခြင်းဖြစ်သည်။
17-Nov-2018
တရုတ်နိုင်ငံ ဘေဂျင်းတွင် နေထိုင်သည့် ယန်မင်းဝမ် သည် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သည်။ အဘွားဝမ်သည် ဟာဘေးနယ်ရွာ တစ်ရွာကိုသွားပြီး ကလေးတွေကို ယနေ့တိုင်းစာသွားသင်နေသည်။ ကျောင်းပိတ်ထားသည့် စနေ၊ တနင်္ဂနွေ နေ့များတွင် သူသည် ၁၂ နာရီအထိ ကလေးတွေကို စာသွားသင်ပေးနေခြင်းဖြစ်သည်။
17-Nov-2018
ထိုစခန်းတွင် ကလေးတွေဝတ်ဆင်ထားသည်က တိုက်ပွဲဝင် စစ်ဝတ်စုံတွေနှင့်ဖြစ်သည်။ သူတို့အားလုံး လက်ထဲတွင် ရိုင်ဖယ်သေနတ်တွေကို ဂရုစိုက်ပြီး ကိုင်ထားကြသည်။ သူတို့က သင်တန်းဆရာက ညွှန်ကြားနေသည်။ သူတို့ပစ်မှတ်ကို လူသားဟု သဘောမထားရန် ပြောနေခြင်းဖြစ်သည်။
10-Nov-2018
ယနေ့ခေတ်သည် ဒီမိုကရေစီအတွက် စိန်ခေါ်ခြင်းခံနေရသည့် အချိန်များဖြစ်သည်။ သမိုင်းကြောင်းကို နားလည်အောင်လုပ်ပြီး ဒီမိုကရေစီကို အဘယ်ကြောင့် စောင့်ထိန်းထားသင့်ကြောင်း အသိတရားများလည်း နည်းပါးလာကြသည်။ နိုင်ငံရေးဆိုသည်မှာ ပြောဆိုဆွေးနွေးစရာမဟုတ်ဟူ၍ ထင်မြင်ယူဆနေကြသည့်ခေတ်တွင် ကျောင်းသားများကစတင်ပြီး နိုင်ငံရေးသဘောတရားများကို ထည့်သွင်းပြင်ဆင်ပေးလိုက်ရန်မှတစ်ပါး အခြားနည်းမရှိပြီ။
10-Nov-2018
ပညာရေးသည် လက်တွေ့နှင့် ပေါင်းစပ်နိုင်ရမည်ဆိုခြင်းမှာ အနေအထားကွာသည်။ ထူးချွန်သည့်ကလေးများနှင့် မထူးချွန်သောကလေးများကို တစ်တန်းတည်းထားကာသင်လျှင် မဖြစ်နိုင်ဆိုသည့် သဘောတရားများကို ခေတ်သစ်ပညာသင်ကြားနေသူများက လေ့လာသုံးသပ်လာကြသဖြင့် စာမလိုက်နိုင်လျှင် လက်တွေ့အသုံးချပညာရပ်များနောက်လိုက်ရန် လမ်းကြောင်းပြောင်းချမှတ်ပေးလာခြင်းဖြစ်သည်။ ကလေးတိုင်း အခြေအနေမတူပေ။ သူတို့ပတ်ဝန်းကျင်၊ အိမ်တွင်းရေး လွှမ်းမိုးနေမှုများကလည်း ပညာရေးကို သက်ရောက်စေနိုင်ကြောင်း သတိပြုရမည်ဖြစ်သည်။
10-Nov-2018
မိဘဆရာပူးပေါင်းပြီး ကလေးပညာကောင်းအောင် သက်သက်လုပ်ရမည့် ခေတ်မဟုတ်တော့ပါ။ ဘက်စုံကောင်းစေရန် ကြိုးပမ်းလုပ်ဆောင်ရမည့် ခေတ်ဖြစ်လာသည်။ ဆရာများ မလုပ်နိုင်သည်ကို မိဘများကူညီလုပ်ကိုင်ပေးစေချင်ပါသည်။ ထို့ပြင် မိဘများ မလုပ်ပေးနိုင်သည်တို့ကိုလည်း ဆရာများက တာဝန်ကျေပွန်စွာ လုပ်ဆောင်ပေးနိုင်လျှင် ပိုကောင်းပါသည်
10-Nov-2018
ကျောင်းများတွင် ကိုယ်တိုင်လေ့လာပညာရှာဆိုသည့် သဘောတရားတွေကို များများထည့်ပေးနိုင်ရန် လိုအပ်လာသည်။ ဆရာပြောတာနားထောင်ဆိုသည့် သင်ကြားမှုက အကန့်အသတ်ရှိသည်။ ကျောင်းသားတိုင်း နားလည်ချင်မှနားလည်နိုင်သည်။ သိချင်လျှင် ဘယ်မှာ၊ ဘယ်လိုရှာပြီး၊ သိအောင်လုပ်နိုင်သည်ဟု လမ်းပြလိုက်ခြင်းက သူတို့အတွက် ပိုပြီး သဘောပါက်နားလည်လာသည်ဆိုလျှင် ပညာရေး၏ လမ်းကြောင်းပုံစံကိုလည်း ပြောင်းလဲရန် လိုအပ်လာပြီဟု ဆိုရမည်ဖြစ်သည်။