News

POST SECTION

EDUCATION

02-Jun-2018 tagged as ပညာရေး စင်္ကာပူ
ကမ္ဘာ့ပညာရေးစနစ်က AI (Artificial Intell- igence) ဆိုသည့် လမ်းကြောင်းဘက်ကို ဦးတည်နေချိန်တွင် စင်ကာပူကလည်း နောက်ကျမကျန်နေစေရန် အသည်းအသန်ပြင်ဆင်နေပြီး စင်ကာပူကို AI အတွက် သုတေသနနှင့် စွန့်ဦးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်မည့် ဗဟိုအချက်အချာကျသော နိုင်ငံဖြစ်စေရမည်ဟု ထုတ်ဖော်လိုက်သည်။ နိုင်ငံ့ခေါင်းဆောင်များကလည်း AI ဖြင့် အနာဂတ်စီးပွားရေးကို တည်ဆောက်ပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အာမခံချက်ရှိရေးအတွက် AI ကို တိုးချဲ့လုပ်ဆောင်ရန် ကတိပေးထားသည်။
02-Jun-2018 tagged as
တက္ကသိုလ်ကဘွဲ့သည် ခေတ်သစ်စီးပွားရေးနှင့် လုပ်ငန်းများတွင် မည်မျှအရေးပါသနည်းဆိုခြင်းကို မေးခွန်းထုတ်နေကြသည့်အချိန်ကို ရောက်လာနေပြီဖြစ်သည်။ “ဘွဲ့ရမှတတ်သလား၊ ဘွဲ့ရမှ အလုပ်ခန့်မယ်ဆိုတာ သဘာဝကျသလား” ဟူ၍ လည်း မေးခွန်းတွေ ထုတ်လာကြသည်။ သူတို့က ဘာနှင့် ထောက်ပြကြသနည်း။ ကမ္ဘာကျော်သူဌေးကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေနှင့်ထောက်ပြကြသည်။ “ဘီလ်ဂိတ်စ်၊ အော်ဖရာဝင်းဖရေး၊ မိုက်ကယ်ဒဲလ်၊ စတိဂျော့၊ မာ့ခ်ဇပ်ကာဘတ် ဆိုတဲ့သူတွေ ဘွဲ့ရသလား” သူတို့မေးမည်ဆိုလည်း မေးစရာဖြစ်သည်။
02-Jun-2018 tagged as ပညာရေး တရုတ်
၂၀၁၇ ခုနှစ်ကတည်းက တရုတ်ခေါင်းဆောင်များသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် AI သုတေသနလုပ်ငန်းများ၌ ကမ္ဘာကို ဦးဆောင်နိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်နေရမည်ဆိုသည် Masterplan ကို ချမှတ်ထားသည်။ ထိုလမ်းပြမြေပုံကို ရေးဆွဲထားပြီးနောက် တရုတ်လူ့ဘောင်အဖွဲ့အစည်းတွင် AI (Artificial Intelligence) ကို မည်သို့ထည့်သွင်းမည်နည်း၊ မြို့ပြစက်မှုလုပ်ငန်းများတွင် AI ကို မည်သို့ထည့်သွင်းအသုံးချမည်နည်း ဆိုသည်တို့ကိုလည်း လေ့လာဆန်းစစ်နေကြသည်။
ခေတ်မီစာသင်ခန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျောင်းသားများ ကွန်ပျူတာနည်းပညာကို ပညာရေးအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရန် Apple ကုမ္ပဏီက တန်ဖိုးသင့် တက်ဘလက်များကို ထုတ်လုပ်လိုက်ပြီဖြစ်သည်။ တန်ဖိုးသင့်ဟု ပြောရခြင်းမှာ အကြောင်းရှိပါသည်။ Apple ကုမ္ပဏီ ထုတ်နည်းပညာပစ္စည်းများသည် ဈေးမပေါပါ။ ကလေးတစ်ယောက် တက်ဘလက်တစ်လုံးဆိုပြီး ကြံဆောင်နေသူတွေက ဒေါ်လာ ၁၀၀ တန် ပေါပေါများများ တက်ဘလက်တွေကို ထုတ်ရန် ကြိုးစားနေချိန်တွင် ယခု Apple က ထုတ်လိုက်သည့် ပညာရေးအတွက် iPad တက်ဘလက်များကလည်း ဒေါ်လာ ၃၀၀ ကျော်လောက်နှင့် ထုတ်ပေးမည်ဖြစ်သောကြောင့် တန်ဖိုးသင့်ဟူ၍ ပြောရမည်ထင်ပါသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်းများ ဝင်ခွင့်လျှောက်လွှာ နောက်ဆုံးတင်ရမည့်ရက်ကို ထပ်တိုးကာ ဇွန်လ ၁၀ ရက်အထိ လျှောက်ထားခွင့်ပြုကြောင်း နည်းပညာ၊ သက်မွေးပညာလေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရှိရသည်။
ယခုနှစ် မတ်လကစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ (ဆယ်တန်း) အောင်စာရင်း ဇွန်လ ၂ ရက် ထွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မေလ ၂၉ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်သည်။
26-May-2018 tagged as
တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း နှစ်စဉ်ကျင်းပနေသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစနစ် ကောင်းခေါင် (Gaokao) ကို တိုးတက်နေသော ခေတ်ပညာရေးစနစ်ကြီးနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှုများ လုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ယခုနှစ်တွင် ကျင်းပမည့် ကောင်းခေါင် စာမေးပွဲက စတင်ပြီးအားကစား၊ သင်္ချာနှင့် သိပ္ပံရမှတ်များကို ထူးချွန်ရမှတ်များ ဖြည့်ပေါင်းပေးခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင် Hagwon ဆိုသည့် ပုဂ္ဂလိကပညာရေးစနစ်သည် အမြစ်တွယ် ခိုင်မာလျက်ရှိသည်။ ယခုအခါ တောင်ကိုရီးယား ပုဂ္ဂလိက ပညာရေးဌာနများသည် အာရှကို ထိုးဖောက်ရန် အားထုတ်နေသည်။ တောင်ကိုရီးယားသည် သူတို့ပညာရေးစနစ်ဖြစ်သည့် Hagwon ကို ပြည်ပပို့ကုန် တစ်ခုအနေနှင့် ဗီယက်သို့ တိုးဝင်နိုင်စေရန် ကြိုးစားလျက်ရှိသည်။
သြစတြေးလျနိုင်ငံတွင် နိုင်ငံရေးသမားတစ်ဦးက မဲဆွယ်စဉ် ပြောကြားသွားသည့် စကားတစ်ခွန်းမှာ သူတို့ပါတီသာ အာဏာရခဲ့လျှင် မူလတန်းကစတင်ပြီး ကွန်ပျူတာကုတ် (Code) ရေးသားနိုင်အောင် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးမည်ဟု ဖြစ်သည်။ နိုင်ငံရေးသမားတွေလည်း ကမ္ဘာ့ပညာရေးစနစ်ကို ကောင်းစွာ ရှုမြင်သုံးသပ်တတ်သူများဖြစ်လာပြီဟု ဆိုရမည်။
26-May-2018 tagged as ပညာရေး ဂျပန်
၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အီဂျစ်နိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံမှ Tokkatsu ပညာရေးစနစ်ကို အီဂျစ်နိုင်ငံမှ ဆရာများအား သင်တန်းပေးရန် ဂျပန်နိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်းပြောကြားသည်။ အီဂျစ်နိုင်ငံတွင် လာမည့်စက်တင်ဘာလက စတင်ပြီး ကျောင်းပေါင်း ၄၅ ကျောင်း၌ Tokkatsu စနစ်ကို စတင်ကျင့်သုံးကာ သင်ကြားနိုင်ရန်ဖြစ်သည်။
တရုတ်နိုင်ငံမှ ထင်ရှားသည့် Alibaba Group ကုမ္ပဏီကြီးကို ထူထောင်သူ ဂျက်မာက ပညာရေးနှင့်ပတ်သက်ပြီး စဉ်းစားဆင်ခြင်စရာ မီးမောင်းထိုးပြလိုက်မှုတစ်ခုကို ပြုလုပ်လိုက်ပါသည်။ သူက အနာဂတ် တရုတ်ပညာရေးကို AI (artificial intelligence) ခေတ်တစ်ခေတ်အနေနှင့် ကျောင်းသားကျောင်းသူများတွင် လက်နက်ကောင်းတစ်ခုသဖွယ် တပ်ဆင်ပေးရန် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပနေသည့် ဒုတိယအကြိမ်မြောက် World Intelligence Congress ၌ တိုက်တွန်းပြောကြားသွားသည်။
24-May-2018 tagged as ပညာရေး
ရန်ကုန်နှင့် မန္တလေးမှ တက္ကသိုလ် ၁၁ ခုကို ယခုနှစ်မှစ၍ တိုက်ရိုက်လျှောက်ထားခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုသို့ တိုက်ရိုက်လျှောက်ထားခွင့်ပြုလိုက်သည့်အပေါ် တက္ကသိုလ်ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
အမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ အကြံပြုချက်အရ အခြေခံပညာအဆင့် အောင်စာရင်းများ ထုတ်ပြန်ရာတွင် Grade သတ်မှတ်ချက်ဖော်ပြမှုကို ဖြုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က ပြောကြားသည်။
ယခုပညာသင်နှစ်စတင် ပြောင်းလဲမည့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်အတွက် အထက်တန်းပြဆရာ၊ ဆရာမများကို ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။