News

POST SECTION

EDUCATION

19-Jul-2018
အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ပြည်သူများ ဝေဖန်အကြံပြုနိုင်ရေး၊ နစ်နာမှုများကို ရယူဖြေရှင်းပေးနိုင်ရေး အခြေခံပညာကျောင်းတိုင်းတွင် အကြံပြုစာပုံးထားရှိရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းအပေါ် ဆရာ၊ ဆရာမများ၏ ဝေဖန်၊ အကြံပြုချက်များကို ဆရာများရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
14-Jul-2018
အမေရိကန်ပြည်ထောင်စုတွင် Computer Science ဘာသာရပ်အား လေ့လာသင်ကြားလိုသူများအတွက် လမ်းညွှန်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ထိပ်တန်း Computer Science ဘာသာရပ်များ သင်ကြားနေသည့် ကျောင်း (တက္ကသိုလ်) ပေါင်း ၅၀၀ ခန့်ရှိပါသည်။ ယင်းတို့အနက် အမေရိကန်ပြည်ထောင်စုတွင် ၉၃ ကျောင်းရှိကြောင်း သိရသည်။ Computer Science ဘာသာရပ်တွင် လေ့လာသင်ယူနိုင်ရန်အတွက် သင်ကြားပေးနေသည့် subject ပေါင်း ၄၈ ခုခန့်ရှိပြီး အဆိုပါကျောင်းများ၌ သင်ကြားပေးနေသည်။
07-Jul-2018
အမေရိကန်များက ကျောင်းများတွင် iPad မပါဘဲ ကွန်ပျူတာမသင်ကြားနိုင်ဟု ပြောဆိုနေချိန် တွင် ဖင်လန်နိုင်ငံပညာရေးစနစ်က နားမလည်နိုင်လောက်အောင် ဖြစ်နေရပါသည်ဟု ဆိုသည်။ ဖင်လန်တွေက ကျောင်းများတွင် ကွန်ပျူတာမရှိလည်း သင်ကြားနိုင်ပါသည်ဟုဆိုကြသည်။
07-Jul-2018
မေရိကန်ပြည်ထောင်စုတွင် အထက်တန်းအောင်ပြီးလျှင် နိုင်ငံအတွင်းရှိ သန်းပေါင်းများစွာသော အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများသည် ကောလိပ်အဆင့်တက်နိုင်ရေးကို ကြိုးပမ်းကြရသည်။ အထက်တန်းကျောင်းအဆင့် အောင်ပြီးလျှင် သူတို့ဆီတွင် ဘွဲ့တစ်ခုပေးသည်။ အထက်တန်း အောင်မြင်ပြီးကြောင်း အသိအမှတ်ပြုဘွဲ့ဖြစ်သည်။ အထက်တန်းအောင်မြင်ပြီးသူတိုင်း ကောလိပ်ဆက်တက်နိုင်ရေးအတွက် ရွေးချယ်မှုများကို လုပ်ရသလို၊ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ လျှောက်လွှာများကိုလည်း တင်ကြရသည်။
30-Jun-2018
ဗြိတိန်မှ စတိဂိုမာဆောသည် ထိုင်း-မြန်မာနိုင်ငံ နယ်စပ်ဒေသ မဲဆောက်သို့ ရောက်လာစက ထိုင်းစကားရော၊ မြန်မာစကားပါ မပြောတတ်ပေ။ သူက ထိုင်းကို ၁၉ နှစ်သားကတည်းက ရောက်လာသည်။ ယခု ၂၉ နှစ်ရှိပြီဖြစ်ကာ နေရပ်လည်း မပြန်တော့။ နယ်စပ်ရှိ ဆင်းရဲသော ရွှေ့ပြောင်းနေထိုင်သူတို့ကြားတွင် နေထိုင်ပြီး အင်္ဂလိပ်စာသင်ပေးနေသည်။ “ကျွန်တော် မဲဆောက်ကိုလာတာ အကြောင်းတွေ အများကြီးပဲဗျ” ဟု သူကဆိုသည်။
30-Jun-2018
ဂျဲနက်အင်္ဂလစ်ရှ်သည် ကာလီဖိုးနီးယား၊ El Toro အထက်တန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်သည်။ သူသည် သင်ကြားမှုဆိုင်ရာ Fulbright Distinguished Award ဆုကို ရရှိထားပြီး ဖင်လန်နိုင်ငံသို့ ၆ လတိုင် ပညာရေးလေ့လာသူအဖြစ် သွားရောက်ခဲ့သည်။ သူသည် ဖင်လန်နိုင်ငံ၏ Problem-solving Skill ဆိုင်ရာ သင်ကြားနည်းများကို သွားရောက်လေ့လာခဲ့ပြီး The Finnish Way to Optimize Student Learning ဆိုသည့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။
30-Jun-2018
နိုင်ငံတွင် ယခုလအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (ကောင်းခေါင်) အောင်စာရင်းကို ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။ တရုတ်တွင်လည်း ကောင်းခေါင်စာမေးပွဲရမှတ်နှင့်သာ တက္ကသိုလ်တက်ခွင့်ကို အဆုံးအဖြတ်ပေးသောကြောင့် အမှတ်ကောင်းရသူတွေက တက္ကသိုလ်ကောင်းကောင်း တံခါးကို သွားခေါက်နိုင်ကြပေလိမ့်မည်။ သို့သော် ယခုနှစ်တွင် အမေရိကန်တက္ကသိုလ်တွေကလည်း စနစ်ပြောင်းပြီး တရုတ်ကျောင်းသားတွေကို ဆွယ်နေသောကြောင့် တရုတ်တက္ကသိုလ်ကောင်းတွေနှင့်အပြိုင် ဖြစ်ကြပေတော့မည်။
30-Jun-2018
တိုးတက်နေတဲ့ခေတ်ကြီးမှာ တက္ကသိုလ်ဆိုတာ သွားတက်မှမဟုတ်ပါဘူး။ အိမ်မှာနေလည်း ကွန်ပျူတာရှိရုံနဲ့ ပညာရှာနိုင်တဲ့ခေတ်ရောက်နေပြီဆိုတာကို မျက်ခြည်မပြတ်သင့်ပါဘူး။ ပညာဆိုတာ ဘောင်းဘီထဲမှာရှိတယ်လို့ အနောက်နိုင်ငံတွေက ပြောပါတယ်။ ဘောင်းဘီထဲမှာ ဖုန်းတစ်လုံးပါရင် ပညာရှာလို့ရတယ်ဆိုတာကို ပြောချင်တာပါ။
28-Jun-2018
တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အတွင်းမှ ကျူရှင်တက်ရန် ငွေကြေးအခက်အခဲရှိသော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်စုံ အခမဲ့သင်ပေးမည်ဖြစ်ကြောင်း သင်တန်းဆရာဦးထက်အောင်က ပြောကြားသည်။
28-Jun-2018
အဝေးသင်ရဲ့ပုံစံကိုက ကျွန်တော်တို့အနေနဲ့ ခုလက်ရှိပုံစံကိုလည်း သဘောမကျဘူး။ ခုပြောင်းမယ့်ပုံစံကိုလည်း သဘောမကျဘူး။ အဝေးသင်စနစ်ကို ဖြစ်သလိုလုပ်နေသလိုပဲ။ ခုပြောင်းလိုက်တော့လည်း ဘာထူးမှာလဲ။
26-Jun-2018
ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့်ရရှိသူများအနက် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးမှတ်နှင့်အထက်ရရှိပြီး စုစုပေါင်းရမှတ် ၄၃၀ နှင့်အထက် ရရှိသူများကို ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။
24-Jun-2018
ရန်ကုန်တက္ကသိုလ်က ရေးဆွဲထားသော တက္ကသိုလ်ဋိညာဉ်မူကြမ်းသည် ပညာရေးလွတ်လပ်ခွင့်နှင့် ပညာရပ်ဆိုင်ရာသုတေသန လွတ်လပ်ခွင့်များကို အာမခံထားခြင်းမရှိကြောင်း ယခင်အစိုးရလက်ထက်ကတည်းက ပညာရေးပြောင်းလဲရေးတောင်းဆိုခဲ့သော ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဝေဖန်လိုက်သည်။
23-Jun-2018
အာဖရိကဆိုရိုးစကားတစ်ခုရှိသည်။ “ယောကျာ်းလေးတစ်ယောက်ကို စာသင်ပေးလိုက်လျှင် တစ်ယောက်ပဲ ပညာတတ်မည်။ မိန်းကလေးတစ်ယောက်ကို စာသင်ပေးလိုက်လျှင် မိသားစုတစ်စုလုံးကို စာသင်ပေးလိုက်ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး စာတတ်သွားလိမ့်မည်”ဟု ဆိုထားပါသည်။ အမျိုးသမီးများကို ကျောင်းပို့နိုင်ရန်ကြိုးစားခြင်းသည် နောင်တစ်ချိန်တွင် သူမ၏ သားမြေးများကို ပညာတတ်ကြီးများ ဖြစ်စေရန် စိတ်ကြီးဝင်စေပါလိမ့်မည်။ အမျိုးသမီးများ ပညာတတ်စေရန် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။