News

POST SECTION

EDITORIAL

23-Dec-2016
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ခြိမ်းခြောက်မှုနှင့် တိုက်ပွဲများက လက်ရှိ အစိုးရကို သွေးတိုးစမ်းနေခြင်းလော သို့မဟုတ် အစိုးရသစ်၏ စီမံခန့်ခွဲနိုင်စွမ်းကို စိန်ခေါ်နေခြင်းလော သို့မဟုတ် အကျပ်အတည်း ဖြစ်သွားစေရန် ဖိအားပေးနေခြင်းလောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။
22-Dec-2016
များစွာ မဆီမလျော် ရှိလှသည့် စီမံကိန်းမျိုးကို ဥပဒေပြု လွှတ်တော်၏ တရားဝင် ခွင့်ပြုချက် မရှိဘဲ လွှတ်တော်များ တရားဝင် ရပ်နားသွားသည့်အချိန်၊ လက်ရှိ အစိုးရသက်တမ်း မကုန်မီ ရက်ပိုင်း အလိုတွင်မှ အလျင်အမြန် စာချုပ်ချုပ် လောဆော်ခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် အကောင်အထည် ဖော်ရန် ပြင်ဆင်လာခြင်းမှာ ရိုးသားပါ၏လော
21-Dec-2016
ဒီမိုကရေစီ သက်တမ်း ရင့်နေသော လွှတ်တော်များဖြစ်ခြင်းကြောင့် ကွာခြားချက် ကြီးမားနေခြင်းဟု စောဒက တက်နိုင်သော်ငြား အဓိကနှင့် သာမည ခွဲခြားနိုင်မှု၊ အလုပ်တာဝန် ခွဲဝေ လုပ်ကိုင်မှု၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်မှုကဲ့သို့ အကျိုးရလဒ်များ ရရှိနေသောကြောင့် နောက်ကျနေသော လွှတ်တော်များလည်း လိုက်နာ အတုယူနိုင်လျှင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိနိုင်ကြောင်း သိစေလိုရင်း
20-Dec-2016
စနစ်တကျ ပြင်ဆင်ထားသော အချိန်မဆိုင်း၊ ပွင့်လင်းမြင်သာ သတင်း ထုတ်ပြန်မှုများ၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသခံများအပေါ် မျှတစွာ ကူညီ ထောက်ပံ့မှု ဖြစ်စေမည့် ကြီးကြပ်မှုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဒေသတွင်း နိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်းများ ကျေနပ်စွာ လက်ခံလာစေမည့် သံတမန် ပညာရပ်တိ့ုဖြင့် ပါးနပ်လိမ္မာစွာ ချဉ်းကပ်တုံ့ပြန် ဖြေရှင်းခြင်းဖြင့် ပြေလည်ငြိမ်းချမ်းမှု၊ နားလည်လက်ခံမှု ရရှိနိုင်စေကြောင်း
19-Dec-2016
အချို့ကိစ္စရပ်များသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ရပ်ကို ထောက်ခံကြောင်း၊ ချစ်ခင်၊ လေးစားကြောင်း၊ ယုံကြည်ကိုးစားကြောင်း ပြသခြင်း သို့မဟုတ် လော်ဘီလုပ်ခြင်းသည် ကာယကံရှင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်းအပြင် ဆန္ဒပြသူ၊ လော်ဘီလုပ်သူတို့ ကိုယ်စားပြုသည့် အသိုက်အမြုံ၊ အဝန်းအဝိုင်းတို့၏ ကြီးမြတ်သော ဂုဏ်အင်ကိုပါ သွယ်ဝိုက်၍ သိက္ခာချ၊ တန်ဖိုးချသကဲ့သို့ ဖြစ်သွားတတ်ခြင်းကို သတိပြုမိစေလိုရင်း
18-Dec-2016
ဆက်တိုက် မြင့်တက်နေသော အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းသည် ယနေ့ ၁၄၂၅ ကျပ်အထိ မြင့်တက်သွားခဲ့ရာ ကုန်ခဲ့သည့် ၁၆ နှစ်အတွင်း အမြင့်မားဆုံး စံချိန် ဖြစ်သွားခဲ့ခြင်းသည် တစ်နည်းအားဖြင့် ကျပ်ငွေတန်ဖိုး ဦးစိုက် ဆင်းနေခြင်းဟု ဆိုနိုင်သည်။
17-Dec-2016
ခေတ်မီတဲ့ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဆိုတာ သမ္မတလို၊ ဝန်ကြီးချုပ်လို ရာထူးကြီးကြီး၊ တာဝန်ကြီးကြီး ထမ်းဆောင်တဲ့ နေရာကို ရောက်သွားတဲ့သူတွေက ပရိုတိုကောလို့ခေါ်တဲ့ နိုင်ငံတော်အဆင့် သံတမန် ဆက်ဆံရေးနဲ့ အခမ်းအနား တချို့လောက်ကလွဲပြီး အပြင်အချိန်တွေမှာ သာမန်လူတွေလိုပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေပြီး အခွင့်ထူးခံသူ မဟုတ်ကြောင်း၊ နိုင်ငံသားအားလုံးကို တန်းတူရည်တူ သဘောထားကြောင်း၊ လူကြီးလူကောင်း ဖြစ်ကြောင်း လက်တွေ့ပြကြတယ်။
15-Dec-2016
ဘေးအန္တရာယ် ဖြစ်စေနိုင်ဖွယ်ရှိသည့် သတင်းများ စုံစမ်း၊ ဖော်ထုတ် ရေးသားသည့်အခါတွင် သာမက မည်သည့်သတင်းမျိုးမဆို ကျင့်ဝတ်နှင့်အညီ၊ သတင်းပညာရပ်နှင့်အညီ မျှမျှတတ၊ ခိုင်ခိုင်လုံလုံ၊ ပရော်ဖက်ရှင်နယ် ပီပီသသ၊ ရိုးဖြောင့်စွာ ရပ်တည် ရေးသားခြင်းကသာ အကောင်းဆုံးနှင့် လက်တွေ့ အကျဆုံး အကာအကွယ် ဖြစ်ကြောင်း
15-Dec-2016
ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဗဟို အဖွဲ့အစည်းများ သုံးစွဲရန် ထပ်တိုး တောင်းခံငွေ ကျပ် ၁၃၅၄ ဘီလီယံကျော်မှ ဘီလီယံ ၇ဝ (သန်း ခုနစ်ထောင်)ကျော်ကို ပြည်ထောင်စု လွှတ်တော်က လျှော့ချ ဖြတ်တောက်လိုက်ခြင်းသည် လက်ရှိ အစိုးရလက်ထက် ပထမဦးဆုံး မြင်သာထင်သာ ရှိလာသော လွှတ်တော်နှင့် အစိုးရအကြားက အပြန်အလှန် ထိန်းညှိမှု ဖြစ်သည်။
13-Dec-2016
Daily Eleven သတင်းစာ၏ မုံရွာဒေသခံ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် ဖြစ်စဉ်၏ နောက်ကွယ်တွင် သစ်မှောင်ခို လောကနှင့် ဆက်စပ်နေဖွယ်ရှိသော သတင်းများ ထွက်ပေါ်လာခြင်းမှာ မြန်မာနိုင်ငံ၏ သတင်း မီဒီယာသမားများ၏ လုံခြုံရေး သာမက တရားဥပဒေ စိုးမိုးရေးကိုပါ အကြီးအကျယ် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
12-Dec-2016
ရန်ကုန်မြို့တော်ရှိ ဓာတ်တိုင် သုံးထောင်တွင် လာမည့် ၂၀၁၇ခုနှစ်အတွင်း လုံခြုံရေးကင်မရာများတပ်ဆင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒုတိယအကြိမ် ထပ်မံပြောကြားလိုက်ခြင်းမှာ ထိုအစီအစဉ် မဖြစ်မနေ အကောင်အထည်ဖော်မည့်သဘောဟု သုံးသပ်ရသည်
12-Dec-2016
နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ လူမျိုးစုအလိုက် အစဉ်အဆက် ကျင့်သုံးလာခဲ့သော ရိုးရာ အစဉ်အလာများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ရှိကြသည့်အနက် ခေတ်၊ စနစ်နှင့် လျော်ညီခြင်း၊ မလျော်ညီခြင်းကို အကြောင်းပြုကာ ပြုပြင်၊ မွမ်းမံ၊ ထိန်းသိမ်းခြင်း၊ ဖြုတ်ပယ်၊ စွန့်လွှတ်ခြင်းတို့ ရှိတတ်ကြသည်။
10-Dec-2016
အာဏာရှင်ခေတ်၊ အာဏာရှင် တစ်ပိုင်းခေတ်ဖြစ်လို့ ထားလိုက်ပါတော့လို့ ပြောနိုင်ပေမယ့် အခု ကိုယ်တိုင် ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရလက်ထက် ရောက်တဲ့အချိန်မှာတော့ ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်ကြဖို့တော့ လိုနေပြီ။
10-Dec-2016
ပြည်သူ့ဘဏ္ဍာဖြင့် စီမံခန့်ခွဲနေသည့် ကဏ္ဍ နယ်ပယ် အသီးသီးတွင် အစိုးရအတွက် ပင်ပန်းတကြီး ခက်ခဲစွာ အားထုတ်ရန် မလိုသော လူမှန်၊ နေရာမှန် ခန့်ထား၊ တာဝန်ပေးခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ သို့မဟုတ် မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မှု၊ အလေးထားမှုကို အနိမ့်ဆုံးအဆင့် တန်ဖိုးထား လေးစားရာရောက်ကြောင်း၊ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်ကြောင်း
09-Dec-2016
အရေးကြီးအချက် နှစ်ချက် မရှိဘဲ သို့မဟုတ် ပြင်ဆင် မထားဘဲ စိတ်ကူးတည့်ရာ အကောင်အထည် ဖော်သော စီမံချက်၊ စီမံကိန်းများသည် ပြည်သူ့ အကျိုးအတွက် စေတနာ မည်မျှ ထားစေကာမူ အောင်မြင်မှု မရနိုင်သည့်အပြင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ တွေ့ ကြုံရတတ်သည်။