News

POST SECTION

EDITORIAL

19-Jan-2017
မူလတန်းအဆင့် ကလေးငယ်များအတွက် ယနေ့ ထွက်ပေါ်လာသော သင်ရိုးညွှန်းတမ်း စာအုပ်များသည်လည်း အတိတ်က အမှားအယွင်း၊ အလွဲအချော်များကို သင်ခန်းစာယူကာ ဒေသတွင်းစံ၊ အာရှစံနှင့် နိုင်ငံတကာ စံနှုန်းများနှင့် သူ့နေရာနှင့်သူ ယှဉ်နိုင်သော မြန်မာစံများ ဖြစ်စေလိုကြောင်း
18-Jan-2017
စီမံခန့်ခွဲမှု အတတ်ပညာသည် မိမိ ကိုယ်ကိုယ်ပင် စီမံထိန်းကွပ်ရန် ခက်ခဲလွန်းလှသော လူများ၊ ရှုပ်ထွေးမြားမြောင်လှသော ရုပ်ဝတ္ထုပစ္စည်းများ၊ တန်ဖိုး အနည်းအများအပေါ် မူတည်ပြီး ခေါင်းရှုပ်ရသည့် ငွေကြေးများကို ရည်ရွယ်ထားသော ပန်းတိုင်တစ်ခုသို့ ရောက်ရှိစေရန် ပညာပါပါ၊ သိမ်သိမ်မွေ့မွေ့ ထိန်းသိမ်း မောင်းနှင်သွားရသည့် အတတ်ပညာတစ်ခု သို့မဟုတ် အနုပညာ တစ်ခုဖြစ်ကြောင်း
17-Jan-2017
ယနေ့ အရပ်သား အစိုးရလက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း၊ စီမံချက်များကိုလည်း အတိတ်က လွဲချော် မှားယွင်းခဲ့သော သင်ခန်းစာများ၊ အိမ်နီးနားချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရှိ မြန်မာနိုင်ငံကဲ့သို့ ပြုပြင်ပြောင်းလဲရေး ကာလ ဖြတ်သန်းခဲ့ဖူးသည့် နိုင်ငံအသီးသီး၏ အတွေ့အကြုံ နမူနာများကို လေ့လာ၊ သုံးသပ်၊ ဆင်ခြင်ခြင်းအားဖြင့် အမှားနည်းသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအဖြစ် မှတ်တမ်းတင်နိုင်စေကြောင်း
17-Jan-2017
ရန်ကုန်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မ.ထ.သ ခေါ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ၏ နေရာတွင် ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS အဖြစ် ပြောင်းလဲလိုက်ခြင်းဖြင့် ၂၀၁၇ နှစ်သစ်ကို နိဒါန်းချီ ကြိုဆိုခဲ့သည့်အပေါ် အွန်လိုင်း လူမှုရေး ကွန်ရက်ပေါ်ရှိ မှတ်ချက်များအရ ရန်ကုန်ပြည်သူ အများစုက အားပေး ထောက်ခံခဲ့ကြသည်။
15-Jan-2017
အင်ဒိုနီးရှားနိုင်ငံတွင် Greenpeace ခေါ် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းကြီးက အစဉ်တစိုက် တောင်းဆိုထားသည့် နိုင်ငံတစ်ဝန်းရှိ သစ်တောများ၏ Shapefile ခေါ် အသေးစိတ်မြေပုံကို အများပြည်သူ သိရှိနိုင်စေရန် သစ်တောဝန်ကြီးဌာနက ထုတ်ပြန်ပေးရမည်ဟု အင်ဒိုနီးရှား ဗဟိုတရားရုံးက ဆုံးဖြတ်ပေးလိုက်ခြင်းမှာ အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများအတွက် အထူးအားတက်ဖွယ် ဖြစ်သွားစေခဲ့သည်။
14-Jan-2017
ဂုဏ်သိက္ခာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ မြန်မာ လူမှုပတ်ဝန်းကျင်မှာ မကြာခဏ သုံးနှုန်း ပြောဆိုနေကြပေမယ့် အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်နဲ့ ညီအောင် ကျွန်တော်တို့ ကိုယ်ကို ဖြည့်ဆည်း မြှင့်တင်ထားဖို့ကျ မေ့နေကြသလိုပဲ။
14-Jan-2017
မိမိနေထိုင်ရာအသိုက်အမြုံ အဝန်းအဝိုင်းအတွက်ဖြစ်စေ လူသား၊ လူ့ဘောင်လောက တစ်ခုလုံးအတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်ထွန်းစေသော ကုသိုလ်တရားများ ကြံစည်၊ အားထုတ်၊ ဆောင်ရွက်ခဲ့သူများကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းက ဝိုင်းဝန်း အသိအမှတ်ပြုကြသောကြောင့် သူ့အတိုင်းအတာနှင့်သူ ထင်ရှားကျော်ကြားသူများအဖြစ် ရောက်ရှိသွားတတ်သည်။
12-Jan-2017
လွတ်လပ်သော ဈေးကွက် စီးပွားရေး စနစ်ဆိုသည်မှာ အထိန်းအကွပ်မဲ့ ပရမ်းပတာ ဈေးကွက်လက်ဝါးကြီး အုပ်ခွင့်ပေးထားသော စနစ်မျိုး မဟုတ်ဘဲ အစိုးရက ဥပဒေဖြင့် ထိန်းသိမ်း ကြီးကြပ်ခြင်း၊ စီးပွားရေး ကျင့်ဝတ်များကို လေးစား လိုက်နာခြင်းတို့ဖြင့် ပန်းတိုင်းပွင့်စေသော စနစ်ဖြစ်ကြောင်း သိစေအပ်ပေသည်။
11-Jan-2017
ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အမျိုးသား စီမံကိန်း ကော်မရှင် အစည်းအဝေး ကျင်းပခဲ့ရာတွင် ယခင်အစိုးရ လက်ထက်က စတင်ခဲ့သော စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ပြောကြားချက်အရ အကောင်အထည် ဖော်ရန် ပြင်ဆင်နေသော အငြင်းပွားဖွယ် စီမံကိန်းအချို့ကို ဆန်းစစ် သုံးသပ်ရန် တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။
10-Jan-2017
ယနေ့ မြန်မာလူ့အဖွဲ့အစည်း၏ နယ်ပယ် အသီးသီးတွင် ဦးဆောင်သူ၊ ခေါင်းဆောင်နေရာ အများအပြားတွင် အမျိုးသမီးများ ယခင် ကာလများထက်ပို၍ နေရာယူလာခြင်း၊ အောင်မြင်ကျော်ကြားလာကြခြင်းမှာ ကောင်းသည့်လက္ခဏာ ဖြစ်သည့်အပြင် ရှေးရိုးစွဲ အစဉ်အလာများ၊ တစ်ပါးသူ သို့မဟုတ် မိမိကိုယ်တိုင် ကန့်သတ်နေခြင်းများကို ဖောက်ထွက်လာနိုင်ကြသည့် မြန်မာ အမျိုးသမီးများကို အထူးတလည် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပေသည်။
09-Jan-2017
ကုန်ခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း နိုင်ငံ၏ ဂျီဒီပီခေါ် ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးတွင် ထည့်သွင်း တွက်ချက်၍ မရသော နိုင်ငံတော် ဝင်ငွေများစွာ စာရင်းမရှိ အင်းမရှိ၊ အစစ်အဆေး၊ အမေးအမြန်း မရှိ မည်သည့် နေရာတွင် ရောက်ရှိသွားသနည်း၊ မည်သူ့တွင် တာဝန်ရှိသနည်း ဆိုခြင်းတို့မှာလည်း မေးရမည့် မေးခွန်းများ ဖြစ်သည်။
08-Jan-2017
အာဏာရှင်ခေတ်နှင့် အာဏာရှင် တစ်ပိုင်းခေတ်တို့တွင် ထိုကဲ့သို့ အဓိကနှင့် သာမည ခွဲခြားနိုင်ခြင်း မရှိဘဲ နီးစပ်ပတ်သက်ရာများ၊ တပည့်တပန်းများကိုသာ မြှောက်စား၊ ဆုပေးသည့် အနေနှင့် မဆီမလျော် တာဝန်များပေးခဲ့ခြင်း၏ အကျိုးဆက် သို့မဟုတ် အမွေဆိုးကို ယနေ့ မြန်မာပြည်သူလူထု တစ်ရပ်လုံး ခံစားနေရခြင်းဖြစ်သည်။
07-Jan-2017
ခေတ်မီတဲ့ အဓိပ္ပာယ်ကို သေသေချာချာ လေးလေးနက်နက် မသိရင်တောင် ကျွန်တော်တို့ ငယ်ငယ်က မူလတန်းမှာ သင်ခဲ့ရတဲ့ အကျင့်ကောင်းလေး တစ်ခုလောက် ကျင့်ကြံလိုက်နာနိုင်ရင်တောင် ကျွန်တော်တု့ိ လူ့အဖွဲ့အစည်းကို ခေတ်မီတဲ့ လူ့အဖွဲ့အစည်းအဖြစ် တဖြည်းဖြည်း တည်ဆောက်သွားနိုင်တယ်။ အဲဒါက “ကောင်းမှုတစ်ခု နေ့စဉ်ပြု”ဆိုတာပါပဲ။
07-Jan-2017
နှစ်သစ်တစ်ခုသို့ ပြောင်းသွားသည့်အခါတိုင်း နှစ်ဟောင်းတွင် မည်သည့် မှတ်တမ်းများ ချန်ထားခဲ့သနည်းဆိုသော မေးခွန်းမှာ လူတိုင်း ဖြေကြည့်သင့်လှသည်။
05-Jan-2017
လက်ရှိ အရပ်သား အများစု ပါဝင်သော အစိုးရနှင့် ခေါင်းဆောင်များ လုပ်ကိုင်ဆောင်ရွက်သမျှ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အလွန်အကျွံ မြှောက်ပင့်ချီးပနေသူများ၊ အစိုးရနှင့် ဆန့်ကျင်ဘက်ရှိသူ မှန်သမျှအပေါ် ပြင်းပြင်းထန်ထန် နှိမ်ချကန်ကျောက်နေသူများကိုလည်း သဘောတရား အသိမပါဘဲ ထောက်ခံ၊ ဆန့်ကျင်နေကြသည့် ဝေလေလေများ ရှိနေပေသည်။