News

POST SECTION

EDITORIAL

05-Feb-2017
ပြောရလျှင် နယ်ပယ်တိုင်းတွင် မြန်မာပြည်သူလူထုကို အလေးပေး၊ တန်ဖိုးထားသောစိတ်ဖြင့် သတ်မှတ်ထားရမည့် စံချိန်၊ စံညွှန်း အားနည်းချက်၊ ယင်းစံချိန်၊ စံညွှန်းများအတိုင်း စိစစ်ဟန့်တား၊ ခွင့်ပြုရမည့် ဌာနဆိုင်ရာနှင့် လွတ်လပ်သော အသင်းအဖွဲ့များ၏ ချို့ယွင်းချက်၊ သက်ဆိုင်ရာဌာနက အရည်အသွေးမမီကြောင်း စစ်ဆေးတွေ့ရှိပါကလည်း တရားဥပဒေအရ အရေးယူမှု၊ အပြစ်ဒဏ်လွန်စွာ အားနည်းလျော့ပေါ့ခြင်း အဖွဲ့အစည်းအသီးသီး၏ ခွင့်ပြု၊ အသိအမှတ်ပြုချက်မပါဘဲ လွန်ကျူးစွာ ချဲ့ကားထားသော ကြော်ငြာများ ထည့်သွင်းထုတ်လွှင့် ခွင့်ပြုခြင်းတို့ကြောင့် နောက်ဆုံးတွင် စားသုံးသူ ပြည်သူလူထုကသာ အလီလီ၊ အခါခါ နစ်နာနေရကြောင်း သိစေအပ်ပေသည်။
02-Feb-2017
စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ် နောက်ပိုင်း ယခင်က တစ်ခါမျှ မကြုံဖူး၊ မကြားဖူးသည့် ပြဿနာများ စတင်ခဲ့ပြီးနောက် အွန်လိုင်းလူမှုရေး ကွန်ရက်ပေါ်တွင် အကြမ်းဖက်၊ လူသတ်၊ မီးရှို့ဖျက်ဆီးသည့် ဝါဒကို ထောက်ခံသော ရင့်သီးရိုင်းပျ အမုန်းစကားများ စတင်ခဲ့ပြီး ယင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ဆင့်ပွားဖြန့်ချိနေခြင်းမှာလည်း အထူးသတိပြုစရာ ဖြစ်ခဲ့သည်။
01-Feb-2017
အာဏာရှင်အစိုးရ အဆက်ဆက်ကြောင့် အာဏာရှင်ခေါက်ရိုးကျိုးကာ အကျင့်ပျက်ခြစားမှုများ၊ အထက်ဖားအောက်ဖိ၊ အလိမ်အညာ ကိန်းဂဏန်းများ၊ ရာထူးထက် ဌာနန္တရကို မှီခိုမှုများ အထူးများပြားကာ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ရေးဆန်လွန်းသော နိုင်ငံရေးများဖြင့် များစွာ ရှုပ်ထွေးပွေလီလှသော အုပ်ချုပ်ရေးယန္တရားသည် ထိပ်ပိုင်းအစိုးရ ခေါင်းဆောင်များက ချမှတ်သော မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို လွဲချော်ညံ့ဖျင်းသော အကောင်အထည်ဖော် လုပ်ဆောင်ချက်များဖြင့် လမ်းလွဲပို့နိုင်သည့် အန္တရာယ် ရှိနေပေသည်
31-Jan-2017
အထူးသဖြင့် နာမည်ကျော်ရှေ့နေကြီး ဦးကိုနီကဲ့သို့ ပုဂ္ဂိုလ်မျိုးကို လူမြင်ကွင်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ဖြစ်ရပ်အထိ ရန်ကုန်ကဲ့သို့ မြို့တော်ကြီးတွင်ပင် မလုံမခြုံ ဖြစ်လာပြီး သေနတ်များ လွယ်လွယ်ကူကူ ပေါပေါများများ ရရှိနေသည့်အသွင် ဆောင်လာခြင်းတို့မှာ အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ပြဿနာများနှင့်အတူ ပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေပေသည်။
31-Jan-2017
လုပ်ကြံသတ်ဖြတ်မှု နောက်ကွယ်မှ ကြိုးကိုင်စေစားသူများကို အစိုးရက အလျင်အမြန် ကိုင်တွယ်ကာ အပူတပြင်း စုံစမ်းဖော်ထုတ်ပြီး ရရှိသော အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုနှင့် နိုင်ငံတကာကို ထုတ်ပြန် အသိပေးရန် လိုအပ်ပြီး နှောင့်နှေးကြန့်ကြာမှုများရှိပါက နောက်ဆက်တွဲ ပြဿနာများ ကြီးမားရှုပ်ထွေး သွားနိုင်သည်ကို အထူး သတိချပ်ရမည်
29-Jan-2017
မျက်မှောက်မြန်မာ့လူ့အဖွဲ့အစည်းတွင် တွေ့ကြုံရတတ်သည့် သဘောထားကွဲလွဲမှုများ၊ ပြဿနာများ၊ အခက်အခဲများ၊ မပြေလည်မှုများနှင့် တင်းမာမှုများကို အုပ်စုအမြင်ဆန်ဆန် ‘ဘက်’ တစ်ခုမှ ရပ်၍ မိမိတို့နှင့် အုပ်စု၊ ဘက်မတူဟု ယူဆထားသူများအပေါ် အလွန်အမင်း နှိမ်ချပြောဆိုမှုများ အတွေ့ရ များလာသည်။
28-Jan-2017
ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ အမြဲလိုလို ပြောစရာ ဖြစ်နေတာက စည်းကမ်းမဲ့တဲ့ စရိုက်လို့ ပြောရင် လွန်မယ်မထင်ဘူး။ အဲလိုပြောစရာ ဖြစ်အောင်လည်း နေ့တိုင်း၊ အချိန်တိုင်း၊ နေရာတိုင်းမှာ စည်းကမ်းမဲ့ သူတွေချည်း တွေ့နေရတယ်။
27-Jan-2017
နှစ်ပေါင်းများစွာ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးစေလိုပါက နိုင်ငံတော် တစ်ခုလုံး၏ စီးပွားရေး မူဝါဒနှင့် ချိတ်ဆက်ရေးဆွဲထားသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ မူဝါဒကို ဗွေဆော်ဦး သုံးသပ်ရမည် ဖြစ်သည်။
26-Jan-2017
လက်ရှိအစိုးရ အမြန်ဆုံး သွားချင်၊ ရောက်ချင်နေပုံရသော ငြိမ်းချမ်းရေး ခရီးကို လေးဖင့် နှောင့်နှေးစေမည့် ပြဿနာများ၊ အကျပ်အတည်းများ ဖြစ်နေခြင်းကြောင့် အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဇာတ်လမ်းကဲ့သို့ ဖြစ်ကာ မြေစာပင် ပြည်သူများ ဒုက္ခတာရှည် မသွားစေရန် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား အပေးအယူ၊ အလျှော့အတင်းများဖြင့် ချိန်ညှိရဖွယ်ရှိကြောင်း သိစေလိုရင်း
25-Jan-2017
နောက်လာမည့် သက်တမ်းအသစ်တွင် စိတ်ဓာတ်နှင့် လက်တွေ့ ဆောင်ရွက်ချက် နှစ်မျိုးစလုံး ခေါက်ရိုးကျိုးကာ အာဏာရှင်စရိုက် အကင်းမသေသေးသော ပါတီမျိုးထက် ပြည်သူလူထုက လေးစားကြည်ညိုရင်း စွဲရှိပြီး ပြည်သူလူထု အကျိုးကို အမှန်တကယ် ထမ်းဆောင်ပေးမည့် ထက်မြက် ထူးချွန်သော အတိုက်အခံပါတီတစ်ရပ် ပေါ်ပေါက်လာစေကြောင်း
24-Jan-2017
လူတို့သည် ဆင်းရဲသည့်ဒဏ်ကို ခံနိုင်ရည် ရှိကြသော်လည်း ချမ်းသာသည့်ဒဏ်ကိုမူ ခံနိုင်ရည် မရှိကြဆိုသော စကားမှာ မြန်မာ လူ့အဖွဲ့အစည်းတွင် အများစု နားလည် လက်ခံထားသော ဆုံးမဆိုရိုးစကား တစ်ခုဖြစ်သည်။
24-Jan-2017
“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား”ဆိုသည့် စကားပုံမှာ လူတိုင်း မှားတတ်ကြသော သဘာဝကို ဆင်ခြင်စေလိုသည့်သဘောရှိပြီး ပရော်ဖက်ရှင်နယ်သမားများ ကိုယ်တိုင် အမှားမကင်းကြောင်း ပြောဆိုလိုရင်းလည်း ဖြစ်သည်။
22-Jan-2017
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနောက်ပိုင်း ပွင့်လင်းလာသော မီဒီယာ လက်တံများကြောင့် ပို၍ လူသိများလာပြီး ပို၍ မြင့်တက်လာသော လူသတ်မှုများအနက် လူအများ နေ့စဉ်နီးပါး ဆူဆူညံညံ အသံပေး၍ လူသတ်နေသော တရားခံကိုမူ သတိထားမိသူ နည်းလှသည်။
22-Jan-2017
ကျွန်တော်တို့ တစ်ဦးချင်းစီကနေ မိသားစု၊ အလုပ်ခွင်၊ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ဒေသ၊ နိုင်ငံတော်၊ လူ့အဖွဲ့အစည်း တစ်ခုစီအလိုက် ဟီရိဩတ္တပ္ပတရားနဲ့ညီခြင်း မညီခြင်းက ကျွန်တော်တို့ ဒီကနေ့ ရောက်နေတဲ့ ယဉ်ကျေးမှု အဆင့်အတန်းနဲ့ တိုက်ရိုက် အချိုးကျတယ်
21-Jan-2017
နောင်တွင် အဆောက်အအုံ တစ်ခုလုံး၏ အစိတ်အပိုင်းများကို ကွန်ကရစ်ဖြင့် ကြိုတင်ပုံစံသွင်းကာ ဆောက်လုပ်သည့်နည်း အပါအဝင် ယခုထက်ပို၍ နည်းပညာ အဆင့်မြင့်ကာ ပို၍ လွယ်ကူလျင်မြန်သော နည်းလမ်းသစ်များကို အသုံးပြုလာတော့မည်ဖြစ်ရာ ထိုပြောင်းလဲလာမည့် နည်းစနစ်သစ်များ၊ ပညာရပ်များနှင့် အံဝင်ခွင်ကျဖြစ်မည့် ကျွမ်းကျင်လုပ်သားများ အဆင်သင့်ရှိ မနေပါက တရုတ်၊ ဗီယက်နမ်အပြင် ထိုင်းနှင့် ကမ္ဘောဒီးယားကဲသို့ နိုင်ငံများက အစားထိုး နေရာယူသွားနိုင်ကြောင်း သတိပေး ထောက်ပြလိုရင်း