News

POST SECTION

EDITORIAL

21-Feb-2017
အာဏာရှင်တစ်ပိုင်း အစိုးရလက်ထက်တွင် နိုင်ငံတော်အမည်နှင့် နိုင်ငံ့ဘဏ္ဍာငွေများကို အာဏာရပါတီအကျိုး အသုံးပြုခြင်းကို သဘောမတူလင့်ကစား အတိတ်ကာလကပင် ထိုသို့ ဆောင်ရွက်လာခဲ့သူများဖြစ်သည့်အတွက် မထူးဆန်းလှသော်လည်း ပြည်သူက ရွေးကောက် တင်မြှောက်ထားပြီး ပြည်သူ့ အစိုးရနာမည်ခံထားသော လက်ရှိအစိုးရလက်ထက်တွင်မူ ပါတီအာဘော် သတင်းစာနှင့် နိုင်ငံတော် ကိုယ်စားပြု သတင်းစာ မကွဲပြားခြင်းမှာ များစွာ အံ့အားသင့်ဖွယ် ကောင်းလှသည်
20-Feb-2017
အခွန်ကောက်ခံ စည်းကြပ်ခြင်းသည် မည်သည့်နိုင်ငံတွင်မဆို အစိုးရတာဝန် ထမ်းဆောင်သူတိုင်း မဖြစ်မနေ လုပ်ကိုင်ရခြင်း ဖြစ်သော်လည်း အခွန်ဝင်ငွေအပြင် အခြားဝင်ငွေများ ရရှိစေရေး ကြံဆ လုပ်ကိုင်ရန်၊ အခွန်နှင့်ပတ်သက်သည့် ဗဟုသုတများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်အသိပေးရန်နှင့် အခွန်ကောက်ခံ ရရှိထားသော ငွေကြေးများကို မည်သည့်နေရာတွင် မည်သို့၊ မည်မျှ သုံးစွဲသည်ဆိုခြင်းကို အရှိအတိုင်း ထုတ်ပြန်ပေးရန်
19-Feb-2017
မွန်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်စေသော အကြောင်းအရင်းများ သို့မဟုတ် ပြစ်ချက်များသည် ၎င်းထက် အဆပေါင်း များစွာ အကျင့်ပျက် ခြစားမှုများ၊ နာမည်ပျက်များ၊ အာဏာ အလွဲသုံးမှုများ ရှိနေခဲ့သော ယခင်အစိုးရလက်ထက် ဝန်ကြီးချုပ်များနှင့် နှိုင်းယှဉ်ပါက ပြောပလောက်သည့် ပြစ်ချက်များမဟုတ်ဟု ဆိုနိုင်သည်။
19-Feb-2017
ဗြိတိသျှ ကိုလိုနီခေတ်က အိန္ဒိယ ဘုရင်ခံချုပ်၏ လက်အောက်ခံ ဗမာ့ရဲ Burma Police အဖြစ် စတင်ဖွဲ့စည်းခဲ့ကာ ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်၍ ပြန်လည်ပြင်ဆင်ခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးဟု ဆိုနိုင်သည်။
18-Feb-2017
ဒီနေ့လို မီဒီယာ လက်တံတွေ သိပ်ကျယ်ပြန့်လာတဲ့ ကာလမျိုး၊ ထိမ်ချန်ကွယ်ဝှက်လို့ ခက်ခဲလာတဲ့ အချိန်မျိုးမှာ စကားတစ်ခွန်းက စက္ကန့်ပိုင်းအတွင်း လူထောင်သောင်းချီ ပျံ့နှံ့သွားပြီး သက်ဆိုင်ရာ ကာယကံရှင်တွေကို အဆိုးအကောင်း သက်ရောက်မှု သိပ်ပြင်းထန်ပြီး သိပ်မြန်သွားတတ်တယ်။
16-Feb-2017
မည်သို့ပင်ဖြစ်စေ ယနေ့ သတင်းမီဒီယာများ၏ ရေးသားဖော်ပြမှုကြောင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမည့် ဌာနများ မည်သို့မည်ပုံ လုပ်ကိုင်ဆောင်ရွက် နေကြသည်ကို အခွန်ထမ်း ပြည်သူများ ပွင့်လင်းစွာ သိရှိခွင့်ရလာခြင်းမှာ အဆိုးထဲမှ အကောင်းဟု ဆိုနိုင်ပြီး နောင်တွင် အလားတူ ထူးမခြားနား ဇာတ်လမ်းမျိုး ထပ်မံ ပေါ်ပေါက်မလာစေရေး အဟန့်အတားလည်း ဖြစ်သွားကြောင်း
15-Feb-2017
လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး၊ တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လေးစားမှတ်သားလောက်စရာ မိန့်ခွန်းများစွာ၊ စကားများစွာထဲမှ တစ်ခုမှာ သူ့ရဲဘော်များကို “ဟေ့ကောင်တွေ မင်းတို့ကို ငါပြောသလို ငါကိုယ်တိုင်လည်း လုပ်တယ်ကွ”ဟူသောစကားမှာ ဗိုလ်ချုပ်၏ စရိုက်ကို ထင်းလင်းစွာ ဖော်ပြနေခြင်းဖြစ်သည်။
14-Feb-2017
လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး နယ်ပယ်များတွင်လည်း မူလက ရှိထားခဲ့သည့် သို့မဟုတ် ပျိုးထောင် တည်ဆောက်ထားခဲ့သည့် ရေခံ၊ မြေခံများနှင့် ဆီလျော်မှုရှိသော သဘောတရားနှင့် လက်တွေ့တို့ဖြင့် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြရခြင်း ဖြစ်သည်။
13-Feb-2017
ဘာသာရေးတွင်လည်း အပေါ်ယံ အကာဆန်သော ကိစ္စရပ်များဖြင့်သာ အချိန်ကုန်နေပါက စစ်မှန်သော ငြိမ်းချမ်းမှု အနှစ်ကို မရနိုင်သကဲ့သို့ ဗိုလ်ချုပ်နှင့်ပတ်သက်၍လည်း လက်ခုပ်သံရနိုင်သော ပေါ်ပြူလာဆန်ဆန် အပေါ်ယံအကာ များဖြင့်သာ အလုပ်ရှုပ်နေပါလျှင် ဗိုလ်ချုပ် မျှော်မှန်းခဲ့သော ပန်းတိုင်သို့ အလှမ်း ကွာဝေးနေဦးမည်
13-Feb-2017
နိုင်ငံတည်ဆောက်ရေး အလို့ငှာ ညှိနှိုင်း ဆွေးနွေးခြင်းထက် သူမှန်သည်၊ ငါမှန်သည်၊ သူက စသည်၊ ငါက စသည် ငြင်းခုံ၊ စကားနိုင်လု နေကြခြင်းက ပိုများနေသလောဟု စောကြောစရာ ဖြစ်နေသည့် မျက်မှောက် မြန်မာ့နိုင်ငံရေး လောကရှိ အင်အားစု အသီးသီးအတွက် များစွာ ဆီလျော်လှသည်။
11-Feb-2017
အချင်းချင်းအကြားမှာ အနိမ့်ဆုံးအဆင့် အပြန်အလှန် အသိအမှတ်ပြု လေးစားမှု၊ အပြန်အလှန် ကိုယ်ချင်းစာ နားလည်မှုအဆင့်လောက် ရဖို့၊ သေနတ်ပြောင်းတွေကနေ ကျည်ဆန်တွေ ထွက်မလာဖို့ ဘုံရန်သူဖြစ်တဲ့ အတ္တ၊ အလွဲမာန၊ အစွန်းရောက် ခံစားချက်တွေကို အရင်ဦးဆုံး တိုက်ထုတ်ကြဖို့ နှိုးဆော် တိုက်တွန်းလိုက်ပါရစေ။
11-Feb-2017
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီကို လေးစား၊ ယုံကြည်၊ ချစ်ခင်၊ အားကိုးခြင်း ဟူသော အဓိကအချက်အပြင် ယခင်အာဏာရှင် အစိုးရများနှင့် ၎င်းတို့ထူထောင်ထားသော ပါတီကို မုန်းတီးအလိုမရှိတော့ခြင်း ဆိုသည့် အကြောင်းတစ်ချက်လည်း ပါဝင်နေကြောင်း သိရှိထားရန် လိုပေသည်။
10-Feb-2017
ဒီမိုကရေစီကို ယခင်အစိုးရထက်ပို၍ လေးစားတန်ဖိုးထားဖွယ် ရှိမည်ဟု ယူဆထားသည့် လက်ရှိအစိုးရ လက်ထက်တွင်လည်း ယခင်အစိုးရနည်းတူ ဗဟိုချုပ်ကိုင်မှု ဆန်သော စီမံခန့်ခွဲမှုများ တွေ့မြင်နေရခြင်းမှာ များစွာ မသင့်တော်လှပေ။
09-Feb-2017
အေးမြ သာယာသော၊ ငြိမ်းချမ်း တည်ငြိမ်သော လူ့ဘောင်တစ်ခု ဖြစ်လိုပါက “သင်ကောင်းလျှင် ကျွနု်ပ် မဆိုးပါ”ဆိုသော ဆောင်ပုဒ်နေရာတွင် “သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွနု်ပ် ကောင်းပါမည်” ဆိုသော သူတော်ကောင်းတို့ ကျင့်သုံးနိုင်သည့် ဆောင်ပုဒ်ဖြင့် အစားထိုး လဲလှယ် ကျင့်သုံးရမည်
07-Feb-2017
ကုန်ပစ္စည်းတစ်ခုကို တန်ဖိုးသင့်၍ ရောင်းချလိုက်ခြင်းဖြင့် ဈေးကွက်အတွင်းရှိ ယင်းပစ္စည်းနှင့် အမျိုးအစားတူ ကုန်ပစ္စည်းများနှင့် အထိုက်အလျောက် ပြိုင်ဆိုင်မှု ရှိသွားတတ်ခြင်းမှာ ဈေးကွက် အခြေခံသဘော ဖြစ်သည်။