News

POST SECTION

EDITORIAL

26-Mar-2017
အရေးအကြီးဆုံး လက်ဦးဆရာဖြစ်တဲ့ မိဘတွေအနေနဲ့ ငယ်တုန်းက အလိုလိုက်ချင်သလို လိုက်ခဲ့ပြီးမှ ကြီးလာလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့အခါ သားဆိုး၊ သမီးဆိုး စာရင်းသွင်း၊ အမွေပြတ် စွန့်လွှတ်၊ အိမ်ပေါ်က နှင်ချလုပ်တာမျိုးက မိဘ တာဝန်၊ သမိုင်းပေး လူမှုတာဝန်နဲ့ မျိုးဆက် တာဝန်မကျေတဲ့ ခပ်ညံ့ညံ့ နိုင်ငံသားတွေ ဖြစ်သွားမယ်
25-Mar-2017
၁၉၆၂ ခုနှစ် နောက်ပိုင်း ပြည်သူလူထု၏ စစ်မှန်သော ဆန္ဒမဲများဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် လက်ရှိအစိုးရသည် မကြာမီ ဧပြီလ ၁ ရက်နေ့တွင် တစ်နှစ်သက်တမ်း ပြည့်မြောက်တော့မည် ဖြစ်ရာ အစိုးရတစ်ရပ်၏ တာဝန်နှင့် ဝတ္တရားများ ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းရှိ မရှိ ဆန်းစစ်ကြည့်ရန် လိုအပ်လာသည်။
24-Mar-2017
ခေါင်းဆောင်ကောင်းတို့မည်သည်၊ အစိုးရကောင်းတို့မည်သည် မည်သည့်ကိစ္စ၊ မည်သည့်မူဝါဒ၊ စီမံကိန်း၊ စီမံချက်မျိုးကိုမဆို မပြောခင်၊ မချမှတ်ခင်၊ အကောင်အထည် မဖော်ခင် ဘက်စုံ၊ ထောင့်စုံမှ ကြိုတင်တွက်ချက် စဉ်းစားရပြီး ပြောပြီး၊ ဆိုပြီး၊ ချမှတ်ပြီးပြီဆိုပါက မဖြစ်ဖြစ်သည့်နည်းဖြင့် ခိုင်မာမြဲမြံစေရန်၊ အောင်မြင်စေရန် မဆုတ်မနစ် ထိန်းသိမ်း ဆောင်ရွက်ရသည်။
23-Mar-2017
နိုင်ငံအတွင်း၌ပင် ထိုလူငယ်များကို အတတ်ပညာရော၊ အလုပ်အကိုင် အခွင့်အလမ်းများပါ ဖန်တီးပေးနိုင်လျှင် တစ်နည်းအားဖြင့် လူသား အရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းလုပ်ငန်း များစွာအတွက် များစွာ တန်ဖိုးရှိနိုင်ကြောင်း အကြံပြုလိုရင်း
20-Mar-2017
မြန်မာနိုင်ငံတွင် အရေးတကြီး ဆောင်ရွက်လုပ်ကိုင်စရာ၊ ပြုပြင် တည်ဆောက်စရာ၊ ကိုင်တွယ် ဖြေရှင်းစရာ ကိစ္စရပ်ပေါင်း များစွာ၊ ပြဿနာပေါင်း များစွာ ရှိနေသည့်ကြားက ယမ်းအိုးနှင့်တူသော ထိရှလွယ်၊ ခံစားလွယ် ပြဿနာ ကြိုးစများကို မဆွဲမိစေရန် သတိကြီးကြီး ထားသင့်ပေသည်
19-Mar-2017
သက်ဆိုင်ရာ နယ်ပယ်၊ လုပ်ငန်းအလိုက် ရှိနေသော အသင်းအဖွဲ့များအနေနှင့် မိမိကိုယ်ကိုနှင့် မိမိ အဝန်းအဝိုင်းကို ကာကွယ်ရန်၊ မှန်ကြောင်း သက်သေပြရန် ကြိုးစားနေခြင်းထက် ရောင်းသူ၊ ဝယ်သူ မည်သူမျှ မနစ်နာစေရ နှစ်ဖက် အချိုးညီ၊ ဟန်ချက်ညီ ဝေပုံကျ မျှတသော ဈေးနှုန်းဖြစ်စေရန် ထိန်းညှိ၊ ကြီးကြပ်ပေးရမည့် တာဝန် ပိုရှိပေသည်။
19-Mar-2017
ဝတ်စုံတစ်စုံ ဖန်တီး တီထွင်တယ်ဆိုတာ တကယ်တော့ လွယ်တဲ့အလုပ် မဟုတ်ဘူး။ နှစ်ပေါင်းများစွာ စနစ်တကျ လေ့လာသင်ယူထားတဲ့ အတတ်ပညာနဲ့ အနုပညာအမြင် ပေါင်းစပ်ထားတဲ့ သိမ်မွေ့လှပတဲ့ ပညာရပ်တစ်ခုပေါ့။
19-Mar-2017
ယနေ့ မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ထက် ပုဂ္ဂိုလ်ရေး အားကောင်းသူ၊ ပြည်သူအများစု၏ လေးစားချစ်ခင်မှု ရရှိထားသူမျိုး မထွက်ပေါ်နိုင်သောကြောင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော NLD ပါတီကို ယှဉ်ပြိုင်နိုင်မည့် အတိုက်အခံပါတီ သို့မဟုတ် အာဏာရပါတီကို နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး ရှေးရှုကာ စိတ်ကောင်းစေတနာဖြင့် ထိန်းညှိ၊ ထောက်ပြ၊ ဝေဖန်၊ အကြံပေး၊ ကူညီနိုင်မည့် ပြိုင်ဘက်ကောင်းပါတီတစ်ရပ် လိုအပ်နေပြီ
17-Mar-2017
ဒီမိုကရေစီဆိုသော စကားလုံးကို သောသောညံညံ ပြောဆိုကာ ဒီမိုကရေစီ အရေးအတွက် တောင်းဆို၊ တိုက်ပွဲဝင်၊ စွန့်လွှတ်၊ အနစ်နာခံလာခဲ့ခြင်းကြောင့် ပြည်သူလူထု၏ လေးစား၊ ချစ်ခင်၊ အားကိုး၊ ယုံကြည်ခြင်း ခံရသော အရပ်သား အများစု ပါဝင်သည့် အရွေးကောက်ခံ အစိုးရလက်ထက်တွင်မူ အထက်ဆိုခဲ့ပါ အထက်ဖား၊ အောက်ဖိ အစဉ်အလာများကို တိုက်ဖျက်သွားနိုင်ဖွယ် ရှိမည်ဟု ပြည်သူလူထုက မျှော်လင့်ခဲ့ကြသည်။
15-Mar-2017
နိုင်ငံနှင့်ချီ၊ တစ်မျိုးသားလုံးနှင့်ချီ ဆောင်ရွက်စရာ၊ ပြုပြင်စရာ များစွာ ရှိနေသော ကာလမျိုးတွင် တံတားအမည် အငြင်းပွားမှုကို လွှတ်တော်၌ ကန့်ကွက်မိပါက မရည်ရွယ်ဘဲ ဗိုလ်ချုပ်အပေါ် အသိအမှတ်မပြုသည့် သဘောမျိုး သက်ရောက်သွားနိုင်သည့် ပြဿနာမျိုးကို လွှတ်တော်က ဆွေးနွေးရန် လက်ခံလိုက်ခြင်းမှာ အဓိက၊ သာမည ခွဲခြားနိုင်ခြင်း ရှိ၊ မရှိ၊ အမျိုးသား ရင်ကြားစေ့ရေး ဦးတည်ချက်နှင့် ကိုက်ညီခြင်း ရှိ မရှိ စဉ်းစား သုံးသပ်သင့်ကြောင်း
14-Mar-2017
လွှတ်တော်နိုင်ငံရေး သို့မဟုတ် ဒီမိုကရေစီ နိုင်ငံရေးစနစ်သည် အရာရာတိုင်းကို လွှတ်တော်အတွင်း မဲအများစု အနိုင်ရရှိသူများ၏ သဘောဆန္ဒအတိုင်း လိုက်လျောရခြင်းထက် တစ်ခါတစ်ရံတွင် အင်အားနည်းသူ၊ လူနည်းစု၏ သဘောဆန္ဒကို ဦးစားပေးရတတ်သည့် ပို၍ လေးနက်သော ပို၍ သဘောထားကြီး ရင့်ကျက်သော နိုင်ငံရေး အနုပညာမျိုးလည်း ဖြစ်ကြောင်း
14-Mar-2017
အစိုးရတစ်ရပ်အနေနှင့် လိုအပ်၍ ထုတ်ပြန်သော ကြေညာချက်များ၊ လုပ်ကိုင် ဆောင်ရွက်သည့် စီမံကိန်း စီမံချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရေရှည်တွင် အကျိုး ဖြစ်ထွန်းသည်ဆိုပါက ဝေဖန်၊ ကန့်ကွက်မှုများ ရှိစေကာမူ ပြည်သူလူထုအား ကျိုးကြောင်းကျ ခိုင်လုံစွာ ရှင်းပြကာ မမှိတ်မသုန် ရှေ့တိုး ဆောင်ရွက်ရမည်
12-Mar-2017
လူတစ်ဦး၏ စိတ်ကို ပျော်ရွှင်စေခြင်း၊ ဝမ်းနည်းစေခြင်း သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ဘဝ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတို့မှာလည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ စေစားခိုင်းစေ၍ မရဘဲ ကာယကံရှင် မိမိကိုယ်တိုင်၏ စိတ်နှလုံး ခံယူဆုံးဖြတ်မှုနှင့် လက်တွေ့ ကြိုးစားအားထုတ်မှု သို့မဟုတ် ဗီဇနှင့် ပတ်ဝန်းကျင် ဟန်ချက်ညီ ပေါင်းစပ်မှုတို့အပေါ် မူတည်ပေသည်။
12-Mar-2017
အင်တာနက် မီဒီယာဆိုတာ သုံးတတ်ရင် ကိုယ့်ဘဝ၊ မိသားစုဘဝ ကြီးပွား ချမ်းသာရေး သာမက ကိုယ့်အဖွဲ့အစည်းအတွက်၊ နယ်ပယ်လောက တစ်ခုအတွက်၊ လူမျိုး၊ တစ်မျိုး၊ နိုင်ငံတစ်ခုအတွက်၊ လူ့လောက အဖွဲ့အစည်း တစ်ရပ်လုံးအတွက်ပါ လက်နက်တစ်ခု၊ ဟင်းလေးအိုးကြီး တစ်အိုး၊ ဣစ္ဆာသယ လွယ်အိတ်တစ်လုံး၊ ပညာဘဏ်တိုက်ကြီး တစ်ခုလို အင်မတန် အသုံးတည့် အကျိုးရှိစေတယ်။
11-Mar-2017
လျှပ်စစ်နှင့် စွမ်အင်ဝန်ကြီးဌာနက လက်ရှိကောက်ခံနေသော လျှပ်စစ်မီတာခများမှာ ထုတ်လုပ်စရိတ်နှင့် တွက်ကြည့်ပါက အရှုံးပြနေသောကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် သုံးဆခန့် တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ပြင်းထန်သော ဝေဖန်တုံ့ပြန်သံများဖြင့် ဆူညံသွားခဲ့သည်။