News

POST SECTION

EDITORIAL

04-Dec-2017
သစ်မရောက်ခင်၊ ဝါးပေါင်းကွပ်ဟူသည့် မြန်မာဆိုရိုးအတိုင်း ကြီးမားလှသည့် မဟာအိပ်မက်ကြီးများကိုလည်း မက်ကြရမည်ဖြစ်သလို ယင်းအိပ်မက်ကြီးများ ဖြစ်မလာမီစပ်ကြား ပြည်သူများ၏ လတ်တလော မျှော်လင့်ချက်များကိုလည်း စနစ်တကျ ဖြည့်ဆည်းပေးနိုင်သည့် အရည်အချင်း ရှိထားရမည်
29-Nov-2017
ယနေ့ကမ္ဘာတွင် အထူး ရေပန်းစားနေသော Diversity ဟူသည့် မတူညီသူများ ယှဉ်တွဲနေထိုင်ရေးကိစ္စ အောင်မြင်ရန် အဓိကသော့ချက်ဖြစ်ရာ မိမိနှင့် မိမိဘာသာဝင်များ၏ အပြုအမူ၊ အပြောအဆိုနှင့် နေထိုင်မှု ပုံစံတို့က အခြား မတူကွဲပြားသူများအပေါ် ဖိအားပေး၊ ခြိမ်းခြောက်သည့်ပုံစံမျိုး မဖြစ်စေရန် အထူး အရေးကြီးလှပေသည်။
29-Nov-2017
မည်သည့်အယူဝါဒကို ယုံကြည်သက်ဝင်သည်ဖြစ်စေ အကုသိုလ် အလုပ်ကို အားပေးအားမြှောက်ပြုတတ်သည့် လောဘ၊ ဒေါသ၊ မောဟ ဟူသော တရားများနှလုံးသားတွင် ကိန်းဝပ်မနေစေရန် အသိဉာဏ်ဖြင့် ထိန်းချုပ်နိုင်ရေးသည် ငြိမ်းချမ်းမှုနှင့် ချစ်ခြင်းမေတ္တာ ထွန်းကားမှုတို့အတွက် အခြေခံကျသည့် အလုပ်ဖြစ်ကြောင်းနှင့် ဘာသာခြားများအပေါ် “ငါနှင့်မတူ ငါ့ရန်သူ”ဟု သဘောမထားတတ်သည့် ဘာသာရေး ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ မေတ္တာဓာတ်ပါသော ပြုမူပြောဆိုမှုတို့ကသာ ၎င်းတို့ဘာသာတရားနှင့် ဘာသာဝင်များအပေါ် ရန်ငြိုးမဖက် မေတ္တာတက်အောင် စွမ်းဆောင်နိုင်မည်
27-Nov-2017
အနီရောင်ဖြစ်စေ၊ အစိမ်းရောင်ဖြစ်စေ၊ အဝါရောင်ဖြစ်စေ၊ မည်သည့်ဘက်က လာသည်ဖြစ်စေ အမှန်တကယ် နောက်ကြောင်းရှင်းပြီး လက်တွေ့ကျသည့်ရလဒ်များထွက်အောင် ပူးပေါင်း ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရှင်တစ်စု စုစည်းမိရန်နှင့် မြန်မာမှန်လျှင် Team Work ပိုင်း အားနည်းသည်ဟူသောအချက်ကို ပြောင်းလဲပစ်ရန် ယခုကတည်းက ပြင်ဆင်ကြရတော့မည်ဖြစ်ကြောင်း
27-Nov-2017
ကိုယ့်တိုင်းပြည်၊ ကိုယ့် လူ့အဖွဲ့အစည်းကို တကယ် ချစ်တယ်ဆိုတာဟာ လေနဲ့ ချစ်ပြနေရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အားနည်းချက်တွေကိုရှာပြီး လက်တွေ့ကျကျ ပြုပြင်နိုင်မှ စစ်မှန်တဲ့ အပြောင်းအလဲဆိုတာ ဖြစ်နိုင်မယ်ဆိုတာကို ပြောချင်တာပဲ ဖြစ်ပါတယ်။
24-Nov-2017
ကလေးငယ်များဟူသည် ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ရမည့်အရာများမဟုတ်သည်ကို ကောင်းစွာသိရှိ နားလည်ထားသော ကျန်းမာရေးအမှုထမ်းများ အနေနှင့် Je-Vax Case တစ်ခုတည်းသာမက အခြား Case တိုင်းတွင်လည်း Risk and Return ကိစ္စကို အလေးအနက်ထား ဆင်ခြင်ကြရမည်
22-Nov-2017
မှန်ကန်ဖြောင့်မတ်မှု မရှိလျှင် ယင်းစစ်တပ်ရှိရာနိုင်ငံမှ ပြည်သူများ၏ ယုံကြည်မှုမည်သို့မျှ ရရှိမည်မဟုတ်သလို အင်အားတောင့်တင်း ခိုင်မာမှုမရှိလျှင်လည်း ယင်းစစ်တပ်ရှိသည့် နိုင်ငံအပေါ် ပြည်ပနိုင်ငံများ၏ အထင်အမြင်သေး စော်ကားမှု၊ သွေးတိုးစမ်းမှုများနှင့် မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်သည်ကို အထူးသတိပြု သင်ခန်းစာယူကြရမည်
21-Nov-2017
မည်သို့ပင်ဖြစ်စေ နိုင်ငံတော် ဘဏ္ဍာငွေ ကုန်ကျမှု မရှိစေဘဲ ဖွဲ့စည်းမည့် ဝန်ကြီးဌာန နှစ်ရပ်သည် မြန်မာနိုင်ငံ၏ အတွင်းကိစ္စနှင့် အပြင်ကိစ္စနှစ်ရပ်လုံးအတွက် အကျိုးစီးပွားများစွာကို ဆောင်ကြဉ်းပေးနိုင်ရုံမျှမက အပြောင်းအလဲကောင်းများကိုပါ တစ်ပါတည်း ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားပါကြောင်းနှင့် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းကောင်းများအား သုံးနှစ်ကျော်၊ လေးနှစ်နီးပါး ကာလအတွင်း လက်တွေ့ကျကျ မြင်တွေ့ရလိမ့်မည်ဟုလည်း မျှော်လင့်မိကြောင်း
20-Nov-2017
ဓိကပြောလိုသည်မှာ တည်ငြိမ်အေးချမ်းမှု တစ်စထက်တစ်စ လျော့ပါးလာသည့် ကမ္ဘာကြီးထဲတွင် ယင်းအချက်ကို ကမ္ဘာ့ခေါင်းဆောင်များ မလွဲမသွေ အလေးအနက်ထား ဖြေရှင်းကြမည်သာဖြစ်ရာ မြန်မာ့ခေါင်းဆောင်များအနေနှင့်လည်း အခြားကမ္ဘာ့နိုင်ငံများ၏ ရွှေ့ပြောင်း အခြေချမှုနှင့်ဆိုင်သော အတွေ့အကြုံများနှင့် သင်ခန်းစာများကို မဖြစ်မနေ လေ့လာထားရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်
19-Nov-2017
NLD အစိုးရအနေနှင့် ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည့် အကျင့်ပျက် ခြစားမှုနှင့် စည်းပျက်ကမ်းပျက်ကိစ္စများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များ သာမက အခြေခံဥပဒေ ဟူသည့် ပေးထားချက်ပါ အကန့်အသတ် အချို့ကြောင့် အပြောင်းအလဲ လုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအနေနှင့် အခက်အခဲများစွာ ရှိနိုင်သည်ဟူသော အချက်ကို ပြည်သူအများစုက နားလည် သဘောပေါက်ထားသည့် အားလျော်စွာ အစိုးရဘက်က များစွာ ဖြည့်တွေးပေးခဲ့ကြသည်ကို ယင်းတစ်နှစ်ခွဲတာကာလအတွင်း တွေ့မြင်ခဲ့ရပါသည်။
18-Nov-2017
လုပ်ဖော်ကိုင်ဖက် ကောင်းဆိုတာ မိတ်ဆွေကောင်းလည်း ဖြစ်သလို မိသားစုဝင် ကောင်းသဖွယ်လည်းဖြစ်ပြီး ငါ၊ သူတစ်ပါး နှစ်ဖြာသော အကျိုးကို သာမက လုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှု ဆိုတဲ့အကျိုးကိုပါ သယ်ပိုးနိုင်တဲ့သူတွေလည်း ဖြစ်တယ်
16-Nov-2017
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဟု မည်သို့ပင် ဆိုစေကာမူ ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ စည်းမျဉ်းစည်းကမ်းများဟူသည့် လူအများစုက လက်သင့်ခံထားသော ပညတ်များဖြစ်ပြီး ယင်းပညတ်များကို မှန်သည်၊ မှားသည်ဟု ငြင်းခုံခြင်းထက် အသိဉာဏ်နှင့်ယှဉ်သော ပြုမူနေထိုင်ခြင်းကသာ ဧည့်သည် သို့မဟုတ် လူနည်းစုအတွက် ကောင်းခြင်းမင်္ဂလာ တစ်ပါးပင်ဖြစ်ကြောင်း ဖော်ပြလိုရင်း
15-Nov-2017
အမေရိကန်နှင့် အနောက်နိုင်ငံများသည် ဘင်္ဂါလီကိစ္စပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျသော မူဝါဒများနှင့် ဆက်လက် ချဉ်းကပ်လာမည့် သဘောဖြစ်ရာ မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေနှင့်လည်း မိမိ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် အမြင်များဖြင့် အင်အားကြီး နိုင်ငံကြီးများ၏ ခြေလှမ်းတိုင်းကို ဟန်ချက်ညီညီ သတိကြီးစွာ တုံ့ပြန်နိုင်ရမည်
14-Nov-2017
အချက်ပြစနစ်ဆိုင်ရာ ပညာပေးသည့် လုပ်ငန်းကို ပေါ့ပေါ့တန်တန် သဘောမျိုး မထားဘဲ အထူး အလေးအနက် ထားကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမည်ဖြစ်သလို တစ်ဖက်တွင် လမ်းကျဉ်းနေသည့် ကိစ္စများကိုလည်း နည်းပါးသွားအောင် တဖြည်းဖြည်းချင်း လုပ်ယူသွားရမည်ဖြစ်သည်
13-Nov-2017
ည်သို့ပင်ဖြစ်စေ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဧရာမ ကြီးမားသော အရင်းအနှီးမျိုး မလိုအပ်ဘဲ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှုတို့ဖြင့် များစွာ အထောက်အပံ့ ပေးနိုင်သော SME များ ဆက်လက် အားကောင်းလာနိုင်ရေးအတွက် အတိုးနှုန်းကိစ္စကို သက်ဆိုင်သူများက အကောင်းဆုံးဖြစ်အောင် ပံ့ပိုးကူညီပေးကြရမည်