News

POST SECTION

EDITORIAL

12-Feb-2018
အဲလိုမဖြစ်အောင် ဥပဒေချိုးဖောက်သူတွေ၊ အဲလိုချိုးဖောက်သူတွေကို အားပေးထောက်ခံသူတွေ၊ ခံရသူတွေအပေါ် အပြစ်တင်သူတွေ နည်းသွားအောင် လုပ်ဖို့လိုမယ်။ ဘယ်နည်းနဲ့ လုပ်မလဲဆိုတာ ဝိုင်းပြီးဆွေးနွေး အဖြေရှာကြဖို့လိုမယ်။ သေချာပြီး လက်တွေ့ကျတာက ကျွန်တော်တို့ တစ်ဦးချင်းစီကိုယ်တိုင် အားနည်းသူ၊ ခံရသူတွေကို အပြစ်တင်စကားမပြောဖို့ အရင်ဦးဆုံးလုပ်ရမယ် ဆိုတာပါ
10-Feb-2018
ပရိသတ်ကို မလေးမစား လုပ်လိုသော၊ ဂရုမစိုက်သော ရည်ရွယ်ချက်မရှိဘဲ မလွှဲမရှောင်သာသော အခြေအနေတစ်ခုကြောင့် ရုတ်ခြည်း ပြောင်းလဲလိုက်ရသည်ဟု ဆိုနိုင်သော်ငြား ခွင့်လွှတ်၊ နားလည်ပေးတတ်သော မြန်မာပရိသတ်၏ သဘောကောင်းမှု၊ မိမိတို့၏ ပျက်ကွက်မှုတို့နှင့် လျော်ညီထိုက်တန်သော တောင်းပန်၊ တုံ့ပြန်မှုပေးအပ်ရန် တာဝန်ရှိပေသည်။
10-Feb-2018
ယနေ့အချိန်ထိပင် စည်းလွတ်ဝါးလွတ်၊ လွန်လွန်ကဲကဲ ကြော်ငြာ အများအပြား မီဒီယာမျိုးစုံတွင် ထုတ်လွှင့်၊ ဖော်ပြ၊ တင်ဆက်နေဆဲ ဖြစ်ပြီး ထိုကြော်ငြာများကြောင့် မြန်မာ စားသုံးသူ ပြည်သူများ ဒုက္ခရောက် ဘေးတွေ့နေရခြင်းသည် ၎င်းတို့ကို စီစဉ် ထုတ်လုပ်ထားသူများ သာမက ၎င်းတို့အား စံချိန်စံညွှန်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း မရှိဘဲ ခွင့်ပြုထားသူများ၏ တာဝန် ပျက်ကွက်မှု၊ တာဝန်မဲ့မှုကြောင့်ဖြစ်ကြောင်း
07-Feb-2018
အိုးမဲအသုတ်ခံကာ အချင်းချင်း ခွပ်နေသော ကြက်များ ရှိနေသမျှ မြန်မာနိုင်ငံနှင့် နိုင်ငံသားများ သွားချင်၊ ရောက်ချင်သော ရေတို၊ ရေရှည် ပန်းတိုင်များနှင့် အလှမ်းဝေးနေဦးမည်
06-Feb-2018
ဘာသာတရားများ၏ အဆုံးအမများအောက်တွင် ရှိနေသည့် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုများကို လူသိရှင်ကြား အားပေး၊ အားမြှောက်ပြုလာခြင်းသည် ယဉ်ကျေးသော၊ ငြိမ်းချမ်းဖွံ့ဖြိုး သော၊ သာယာချမ်းမြေ့သော လူ့ဘောင်တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်ကြောင်း
05-Feb-2018
ဥပါယ်တံမျဉ် ရုပ်ရှင်သည်ဝါရင့်များ မဟုတ်ကြသည့် သရုပ်ဆောင်အချို့တွင် အားနည်းချက် မဆိုစလောက် ရှိနေသော်ငြား သမားရိုးကျ မြန်မာရုပ်ရှင်ဇာတ်ကားများနှင့်မတူခြားနားစွာ၊ သဘာဝကျစွာ ဖောက်ထွက်ထားသည့်ဇာတ်ကား ဖြစ်နေခြင်းကြောင့် အသစ်ကို တောင့်တနေသော မြန်မာပရိသတ်များ၏ အသည်းနှလုံးကို သိမ်းပိုက်သွားခြင်းဖြစ်သည်။
05-Feb-2018
ဒီလူသတ်မှုနောက်ကွယ်မှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ရောယှက်နေတဲ့အတွက် ဒီလို စော်ကားမော်ကားနိုင်တဲ့ လုပ်ရပ်မျိုးကို ဥပဒေကြောင်းအရ မတားဆီး၊ မထိန်းသိမ်းနိုင်ရင် မြန်မာလူ့အဖွဲ့အစည်း တစ်ခုလုံး မျက်နှာမဖော်ဝံ့အောင်၊ အရှက်ရစရာ ဖြစ်သွားအောင် အိုးမဲသုတ်လိုက်သလိုပဲ
03-Feb-2018
အမျိုးသမီးများ အပါအဝင် နိုင်ငံသား အားလုံး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးကို အပြည့်အဝ တာဝန်ယူ စောင့်ရှောက်ပေးနိုင်မည့် အာဏာပိုင်များ မွေးထုတ်ပေးရန်လည်း နိုင်ငံတော်ကိုယ်တိုင် တာဝန်ရှိကြောင်း
01-Feb-2018
စင်စစ်အားဖြင့် ဤမျှရိုးစင်းသော ပြဿနာကို ဖြေရှင်းသည့် ပုံစံသည် ပင်လျှင် မရိုးသားမှုများ ပါကောင်းပါနိုင်ပေရာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ကောလိပ်၊ သိပ္ပံများသို့ ကူးစက်သွားကာ ပြာသာဒ် မီးလောင်စေလိုသော ရည်ရွယ်ချက်များ ရှိနေ၍ပေလောဟု သံသယဖြင့် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း
31-Jan-2018
ပြဿနာတွင် ပါဝင်ပတ်သက်နေသော တစ်ဖက်ဖက်ကို သို့မဟုတ် မိမိနှင့် ဘက်မတူသော အခြားတစ်ဖက်ကို အပြစ်တင်၊ အဆိုးပြော ကာ အရေးယူ၊ အပြစ်ပေးသော နည်းလမ်းမျိုးဖြင့်သာ ချဉ်းကပ်ဖြေရှင်းလေ့ ရှိတတ်ခြင်းဖြစ်သည်။
30-Jan-2018
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် ယနေ့ ကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာ၊ အကျပ်အတည်းများသည် လက်ရှိအစိုးရ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို စမ်းသပ်သည့် စိန်ခေါ်မှုများ ဖြစ်ရုံသာမက မြန်မာပြည်သူ တစ်ရပ်လုံး၏ အသိဉာဏ်ပညာ၊ စစ်မှန်သော အဆုံးအမ တရားများအပေါ် လက်တွေ့ နာယူ လိုက်နာနိုင်မှုတို့ကိုလည်း သွေးတိုးစမ်းသည့်သဘော ဖြစ်သောကြောင့် ယင်းတို့ကိုဖြေရှင်းသော နည်းလမ်းများသည် ဖြေရှင်းသူများ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကို တိုက်ရိုက် အချိုးကျကြောင်း
29-Jan-2018
လမ်းခုလပ်ရှိ တမင်ဆွပေးသည့် ရန်ပွဲများတွင် အချိန်ကုန် သွားခြင်းကြောင့် မူလက ဦးတည်ထားသည့် ပန်းတိုင်နှင့် အလှမ်းဝေးသွားခြင်း၊ ပန်းတိုင်ပျောက်သွားခြင်း သို့မဟုတ် လမ်းလွဲသို့ ရောက်သွားနိုင်သည့် အန္တရာယ် ရှိနေကြောင်း သတိပေး ထောက်ပြလိုရင်း
29-Jan-2018
တိုင်းပြည် ဆင်းရဲတွင်း နက်နေသမျှ၊ ပြည်တွင်းစစ်မီး လောင်နေသမျှ၊ လူတစ်စု၊ တစ်ဖွဲ့လက်ထဲမှာပဲ နိုင်ငံရဲ့ အာဏာ၊ ဩဇာနဲ့ ဥစ္စာဓနရှိနေသမျှ၊ ဥပဒေအောက်မှာ နိုင်ငံသားတိုင်း တစ်ပြေးညီမဖြစ်သေးသမျှ ကျွန်တော်တို့ အချင်းချင်းအကြား ယုံကြည်မှုတွေ ကျပြီးရင်း ကျနေမှာပဲ။
29-Jan-2018
ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နေသော လက်မရွံ့၊ လူမဆန် အမှုအခင်းများသည် လက်ရှိအစိုးရနှင့် လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းကို ကြောက်ရွံ့ ထိတ်လန့်စေရန်၊ ဝရုန်းသုန်းကား မတည်မငြိမ်ဖြစ်စေရန်၊ အကာအကွယ်မဲ့သည့် ခံစားချက်မျိုး ရရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသလောဆိုသည့် ကောလာဟလများ၊ စွပ်စွဲပုတ်ခတ်မှုများ အသံကျယ်လာနိုင်ကြောင်း သတိပေး ထောက်ပြလိုရင်း
25-Jan-2018
လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်သည့် မြန်မာအနေနှင့် ရုရှားလုပ်စစ်လက်နက်များ ဝယ်ယူအသုံးပြုသည်ဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံ၏ စစ်လက်နက်များ အသုံးပြုသည်ဖြစ်စေ မည်သည့် အင်အားကြီးပြည်ပနိုင်ငံ သို့မဟုတ် စစ်တပ်တစ်ခုခု၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ရောက်မသွားရန် အရေးကြီးကြောင်းနှင့် ထိုသို့ နည်းပညာရှေ့ပြေးနေသည့် နိုင်ငံကြီးများနှင့် အနီးကပ် ဆက်ဆံရေးမှတစ်ဆင့် နိုင်ငံနှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း