News

POST SECTION

EDITORIAL

27-Feb-2018
မိမိနိုင်ငံ၊ မိမိဘာသာနှင့် မိမိလူ့အဖွဲ့အစည်းကို အမှန်တကယ် ချစ်သည်ဆိုပါက ဆင်ခြင်တုံတရား ကင်းမဲ့သည့် အပြုအမူ၊ အပြောအဆိုတို့ကို အထူး သတိထားရှောင်ကြဉ်ရန် လိုအပ်သလို ဘင်္ဂါလီကိစ္စကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်တွင် နိုင်ငံဂုဏ်သိက္ခာ မကျဆင်းအောင် ကြိုးပမ်းလုပ်ဆောင်နေသူများကို စစ်မှန်သည့် နိုင်ငံချစ်စိတ်ဖြင့် ပံ့ပိုးကူညီကြရမည်သာ ဖြစ်ကြောင်း
27-Feb-2018
ခေါင်းဆောင်တို့ဟူသည် အများပြည်သူ အားတက်သရော ဖြစ်လာအောင် ပြောဆိုတတ်သည့် အမူအကျင့် ရှိတတ်သည်မှာ မှန်သော်လည်း လက်တွေ့ဘဝ၌ ဖြစ်နိုင်ခြေရှိသလောက်သာ ပြောဆိုရန်နှင့် နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် များစွာ ခေတ်နောက်ကျနေသည့် မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍ အကောင်းဘက်သို့ ပြောင်းပြန်လှန်ပစ်နိုင်ရေးအတွက် နောက်ထပ် လက်တွေ့ကျသည့် ခြေလှမ်းများစွာ ကျန်ရှိနေသေးကြောင်း
26-Feb-2018
နိုင်ငံရေးစံ နှုန်းများနှင့်ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်းများ ကမောက်ကမ မဖြစ်အောင် ထိန်းသိမ်းပဲ့ကိုင်ပေးနိုင်သည့် ခေါင်းဆောင်မျိုး ဖြစ်လာသည်နှင့်အမျှ ပြည်သူသာမက ပြည်သူကိုကိုယ်စားပြု သည့်နိုင်ငံရေးသမားများကပါ သူ့အလိုလို လိုလိုလားလား ထောက်ခံလာတတ်ကြောင်းနှင့် နိုင်ငံရေး ဩဇာကြီးမားသည့် Strong Leader များဟူသည် နိုင်ငံနှင့် ပြည်သူ အကျိုးတစ်ခုတည်း သာမက ၎င်းတို့နှင့် ဆက်စပ် ပတ်သက်နေသော နိုင်ငံများ၏အကျိုးကိုပါ ဆောင်ကြဉ်းပေးနိုင်သူများဖြစ်ကြောင်း
26-Feb-2018
တရားဥပဒေစိုးမိုးမှု အင်မတန် နည်းပါးခဲ့ပြီး၊ မူထက် လူက အဆုံးအဖြတ်ပေးတဲ့စနစ်မျိုးနဲ့ ကျင့်သားရခဲ့တဲ့ လူ့အဖွဲ့အစည်းဖြစ်ခဲ့တဲ့အတွက် အာဏာပိုင်နဲ့မိတ်ဆွေဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ငွေကြေးတတ်နိုင်လျှင် တတ်နိုင်မှဆိုတဲ့ အယူအဆက အရိုးစွဲခဲ့ကြတာ ဖြစ်တဲ့အတွက် တရားဥပဒေဘောင်ထဲကနေ စည်းကမ်းရှိရှိ၊ မှန်မှန်ကန်ကန် နေထိုင်လိုတဲ့သူတွေအတွက် တကယ် ခက်ခဲလှတယ်ဆိုတာ အားလုံးအသိပါပဲ။
24-Feb-2018
နယ်စပ် အစွန်အဖျားတွင် နေထိုင်သူဖြစ်စေ၊ ဗဟိုချက်မဒေသများတွင် နေထိုင်သူဖြစ်စေ ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ အသက် အိုးအိမ် စည်းစိမ် မပျက်စီးအောင် ကာကွယ်ရမည့် တာဝန်လည်း နိုင်ငံတော်တွင် အပြည့်အဝ ရှိပါကြောင်း
22-Feb-2018
ငြိမ်း၊ စု၊ စီ ဥပဒေ ခေါ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖြည့်စွက် ပြင်ဆင်လိုက်သည့် အချက်များသည် ဒီမိုကရေစီစနစ်နှင့် မလျော်ညီကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
21-Feb-2018
ပွင့်လင်းမျှတသော လူ့အဖွဲ့အစည်းသို့ သွားရာလမ်းတွင် ဗီလိန်များက သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ မထိရဲ၊ မတို့ရဲ ရှိနေပါလျှင် ဗီလိန် အားပေး လူ့အဖွဲ့အစည်းအဖြစ် ယဉ်ကျေးသော လူ့ဘောင်၊ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်၊ ရှောင်ရှားခြင်းကိုခံရပြီး ဗီလိန်မဟုတ်သော မြေစာပင်များသာ ဒုက္ခပင်လယ် ဝေရမည်ဖြစ်ကြောင်း
20-Feb-2018
အေးချမ်းမှု၊ ခွင့်လွှတ်သည်းခံမှု၊ ကိုယ်ချင်းစာနာမှု၊ မေတ္တာတရားများအပေါ် အခြေခံထားသော တန်ဖိုးရှိလှသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လူအများအား ပြန်လည် ဟောပြောသွန်သင် ဆုံးမရမည့် သံဃာ့ဂိုဏ်းဝင် ရဟန်းတစ်ပါးက အမုန်းမီးတောက်များဖြင့် ပူပူလောင်လောင် ကြုံးဝါးနေခြင်းမှာ သံဃာ့အဖွဲ့အစည်းနှင့် သာသနာတော်ကို အများအမြင် အထင်အမြင်သေးစေရန် နှိမ်ချစော်ကားခြင်းနှင့် အလားသဏ္ဌာန် တူပေသည်။
19-Feb-2018
ဒီမိုကရေစီခေါင်းစဉ်အောက်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်သည် အတွင်းထရံများကို အပြင်ကာပြီး အပြင်ထရံများကို အတွင်းကာ နေသမျှ ကာလပတ်လုံး သွားချင်၊ ရောက်ချင်သည့် ပန်းတိုင်များနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း သတိပြုမိစေလိုရင်းဖြစ်သည်။
19-Feb-2018
ဒီနေ့၊ ဒီကာလမျိုးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဈေး ဒီလောက် ရုပ်ပျက် ဆင်းပျက်ဖြစ်နေတာ ကြည့်မကောင်းဘူး။ ဗိုလ်ချုပ်ရုပ်တု အသစ်တွေလည်း ထုကြ၊ တည်ကြပါ၊ မူလရှိနေပြီးသား ဗိုလ်ချုပ် အမှတ်တရတွေကိုလည်း တလေးတစား တန်ဖိုးထားပြီး ထိန်းသိမ်းကြပါလို့ ပြောချင်တယ်။
17-Feb-2018
မြန်မာလူ့အဖွဲ့အစည်းအနေနှင့်လည်း အပေါ်ယံဆန်သော သာမည ကိစ္စများနှင့် အချိန်ကုန်မနေစေဘဲ ယနေ့မှစ၍ အနှစ်သာရပါသော အဓိကကိစ္စရပ်များကို အလေးအနက်ထား ဆောင်ရွက်ဖြည့်ဆည်းပေးခြင်းဖြင့် အနာဂတ် လူ့အဖွဲ့အစည်း၏ အဆင့်အတန်းနှင့် အရောင်အဝါကို မြှင့်တင်ထွန်းတောက်နိုင်စေကြောင်း
15-Feb-2018
ဘာသာရေးတွင်လည်း အပေါ်ယံ အကာဆန်သော ကိစ္စရပ်များဖြင့်သာ အချိန်ကုန်နေပါက စစ်မှန်သော ငြိမ်းချမ်းမှု အနှစ်ကို မရနိုင်သကဲ့သို့ ဗိုလ်ချုပ်နှင့်ပတ်သက်၍လည်း လက်ခုပ်သံရနိုင်သော ပေါ်ပြူလာဆန်ဆန် အပေါ်ယံအကာ များဖြင့်သာ အလုပ်ရှုပ်နေပါလျှင် ဗိုလ်ချုပ် မျှော်မှန်းခဲ့သော ပန်းတိုင်သို့ အလှမ်း ကွာဝေးနေဦးမည်
14-Feb-2018
လက်နက်ကိုင်တပ်များ အားလုံးအနေနှင့် မိမိနေထိုင်ရာ ဒေသ၊ တိုင်း၊ နိုင်ငံတစ်ခုလုံး၏ အတိဒုက္ခ ရောက်နေကြရှာသော သနားစရာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် မိမိတို့ ကိုယ်ကျိုးစီးပွားအကြား ချိန်ညှိကာ မဝေးတော့သည့် ကာလတစ်ခုတွင် တစ်နိုင်ငံလုံးရှိ လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် အစိုးရ၊ မြန်မာ့တပ်မတော်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိနိုင်စေကြောင်းနှင့် နိုင်ငံတစ်ဝန်း မည်သည့်နေရာ ဒေသတွင်မဆို ငြိမ်းချမ်းရေး ချိုးငှက်တို့ လွတ်လပ်စွာ တေးသီပျံသန်းနိုင်စေကြောင်း
13-Feb-2018
အာဏာရပါတီ၊ အာဏာ လက်လွှတ်ပါတီ၊ နိုင်ငံရေးပါတီများ၊ တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်နှင့် လျော်ညီသော၊ နှလုံးသားဖြင့် နားလည်လက်ခံနိုင်သော လက်တွေ့ ဆောင်ရွက်ချက်များဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို သက်သေပြချိန် တန်နေပြီဖြစ်ကြောင်း
12-Feb-2018
ယနေ့ အွန်လိုင်း လူမှုကွန်ရက်ပေါ်တွင် စကားလုံးများဖြင့် ပေါက်ကွဲနေခြင်းများ၊ နယ်စွန်နယ်ဖျားရှိ လက်လွန်ခြေလွန်ဖြစ်မှုများ၊ အမြဲလိုလို ဘုံရန်သူရှာ အပြစ်ဖို့နေခြင်းများ၊ ဘုံရန်သူရှာမရပါက အချင်းချင်း အိုးမဲသုတ်ခွပ်နေခြင်းများကို ကုစားနိုင်သည့် နည်းလမ်းများ ဝိုင်းဝန်း အဖြေရှာကြပါမည့်အကြောင်း တိုက်တွန်းလိုရင်းဖြစ်သည်။