News

POST SECTION

EDITORIAL

05-Nov-2016
အချိန် ကြာလာသည်နှင့်အမျှ မိုဘိုင်းလ် ဖုန်းများသည် ကိုယ်ပိုင် ဝင်ငွေ မရှာနိုင်သူများ၊ ဝင်ငွေ နည်းပါးသူများ တစ်နည်းအားဖြင့် ဖုန်းဘေလ် ကုန်ကျစရိတ်မှတစ်ဆင့် ဝင်ငွေ မရှာဖွေနိုင်သူများ၏ အိတ်ကပ်အတွင်းမှ ပိုက်ဆံကို တစ်တိတိနှိုက်ယူမှန်း မသိ နှိုက်ယူလာသော အိမ်တွင်း သူခိုးပမာ ဖြစ်လာပေသည်
04-Nov-2016
ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း သာမန်လူတိုင်း စဉ်းစားနိုင်သော ခုံးကျော် တံတားများ တည်ဆောက်ခြင်းနှင့် ဘတ်စ်ကားများ စီးရေတိုးချဲ့ ပြေးဆွဲခြင်းမျှလောက်သာ တွေ့ရပြီး ထိုထက်ပိုပြီး ရင်းမြစ် အကြောင်းအရာ ရှာ၍ ရေရှည်ခံသော ဖြေရှင်းနည်း မတွေ့ရသေးပေ။
02-Nov-2016
မြန်မာနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေးကို ပြောရလျှင် ဒုတိယ ကမ္ဘာစစ်ကာလ ဗြိတိသျှ လက်အောက်မှ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းဖြင့် လွတ်လပ်ရေး အရယူရန် ဆုံးဖြတ်ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်မှ စတင်ခဲ့သည်
02-Nov-2016
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို နိုင်ငံတကာသို့ တင်ပို့ ရောင်းချနေသော ထိပ်တန်းနိုင်ငံ စာရင်းဝင် နိုင်ငံမျိုးတွင် ပြည်တွင်းမှ လက်တစ်ဆုပ်စာ ချမ်းသာ ကြွယ်ဝသူ လူတစ်စုက လူလတ်တန်းစား၊ သာမန် ပြည်သူများနှင့် ဆင်းရဲ ကျပ်တည်းလှသော အခြေခံပြည်သူလူထု၏ ချွေးနှဲစာထဲမှ နှိုက်ယူစားသောက်နေသကဲ့သို့ ဖြစ်နေခြင်းမှာ များစွာ ဝမ်းနည်းစရာ ကောင်းလှသည်။
31-Oct-2016
ကလေးငယ်များကို လူတော်၊ လူကောင်းများ ဖြစ်ရန် သွန်သင် ဆုံးမပေးရမည့်သူ ဖြစ်သည့်အပြင် ယင်းကျောင်းမှ ဆရာ၊ ဆရာမများကိုလည်း စည်းကမ်းနှင့်အညီ စီမံခန့်ခွဲ အုပ်ချုပ်ရသော ကျောင်းအုပ်ဆရာကြီး တစ်ဦးက ကျောင်းအတွင်း၌ပင် မူးယစ်ဆေးဝါးများ ထားရှိ သုံးစွဲနေခြင်းမှာ များစွာ တုန်လှုပ်ဖွယ် ကောင်းလှသည်။
30-Oct-2016
မြန်မာနိုင်ငံသားများသည် ငွေကြေးဖြင့်ဖြစ်စေ၊ အခမဲ့ ဖြစ်စေ၊ အစိုးရ ဝန်ထမ်း တာဝန်အရဖြစ်စေ မိမိတို့ကို စေတနာ၊ မေတ္တာအပြည့်ဖြင့် သင်ကြား ပြသပေးသူ ဆရာ၊ ဆရာမများအပေါ် မိဘနှင့် တစ်ဂိုဏ်းတည်း ထား၍ နာခံ၊ လေးစား၊ ရိုသေ တတ်သည့် စရိုက်သဘာဝ ရှိကြသူများ ဖြစ်သည်။
29-Oct-2016
ကျွန်တော်တို့ နိုင်ငံမှာလည်း လူသူ အရောက်အပေါက် နည်းပြီး ရင်သပ် ရှုမောလောက်စရာ သဘာဝ အလှအပတွေ ရှိနေသေးတဲ့ နိုင်ငံ တစ်ခုဖြစ်တဲ့အတွက် အင်ဒိုနီးရှားက ဝါးဘန်ဂလိုလေးလို သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းလုပ်လို့ အကောင်းဆုံး နေရာတွေ အများကြီး ပိုင်ဆိုင်ထားတာ
29-Oct-2016
လူတို့၏ လောဘက စေစားသောကြောင့် ယခင့် ယခင် နှစ်များထက်စာလျှင် ကမ္ဘာမြေကြီး၏ ဖြစ်တည်မှုများ ချည့်နဲ့ ယိမ်းယိုင်လာခြင်း၊ ကမ္ဘာကြီး ပိုပူနွေးလာခြင်းနှင့်အတူ သဘာဝ ဘေးဒဏ်များ၊ ရာသီဥတု ဖောက်ပြန်မှုများကလည်း မရေရာ မသေချာမှုများကို ဦးတည်စေပေသည်။
27-Oct-2016
အထူးသဖြင့် ဘုံရန်သူရှာ လက်ညှိုးထိုးကာ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သော နိုင်ငံ့အင်အားများကို ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ အချင်းချင်းအကြား ရန်တိုက်ပေးခြင်းမျိုးဖြင့် တောမီးရှို့မည့်သူများ ရှိနေတတ်ခြင်းကို အထူး သတိချပ်သင့်ပေသည်။
27-Oct-2016
နိုင်ငံတော်ကို တတ်နိုင်သည့်နေရာမှ ဝိုင်းဝန်းကူညီ တည်ဆောက်သူများ၏ အားမှာ အထူး အရေးပါလှသလို မည်သည့်လက်တွေ့ အကူအညီမျှ မပေးဘဲ ဘေးထိုင်၊ ဘုပြောနေသူများ၏ အန္တရာယ်လည်း ရှိနေပေသည်။
27-Oct-2016
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် မုန်တိုင်းငယ် တစ်ခု မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကမ်းရိုးတန်းဘက်သို့ ဦးတည်လာနေကြောင်း သက်ဆိုင်ရာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအပြင် ပုဂ္ဂလိက သတင်းမီဒီယာများက လူထုထံ အချိန်နှင့်တစ်ပြေးညီ ပုံမှန်အသိပေး ထုတ်ပြန်နိုင်ခဲ့ခြင်းမှာ အထူး အားရစရာ ဖြစ်ခဲ့သည်။
24-Oct-2016
ရခိုင်နယ်ပြည်နယ် ပြဿနာမီးစ အကင်း မသေတတ်သေးချိန်တွင် အထူးဒေသများအဖြစ် သီးခြားသတ်မှတ် ပေးထားသော နယ်မြေနှစ်ခုအကြား “ဝ”တပ်ဖွဲ့များက မိုင်းလားနယ်မြေ အတွင်းသို့ ဝင်ရောက်ကာ အကြောင်းမဲ့ မီးမွှေးထားသကဲ့သို့ ဖြစ်နေသော ယင်းဒေသ တင်းမာမှုမှာ တစ်ပူပေါ် နှစ်ပူဆင့်မည့် အခြေအနေပင်လောဟု စိုးရိမ်ဖွယ် ဖြစ်လာသည်။
24-Oct-2016
မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွား ပြောဆိုသွားခဲ့သော အကြံပြုချက်များမှာမူ လက်ရှိ အစိုးရအတွက်ရော စီးပွားရေး လုပ်ငန်းရှင်များအတွက်ပါ အထူး သတိပြုဖွယ် အဖိုးတန် အချက်များ ဖြစ်သည်။
22-Oct-2016
အာဏာရှင် စနစ်နဲ့အတူ မလုပ်၊ မရှုပ်၊ မပြုတ်၊ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတဲ့ မူအောက်မှာ ခေါက်ရိုး ကျိုးနေတဲ့သူတွေက ဒီမိုကရေစီနည်းနဲ့ ရွေးကောက် တင်မြှောက်ခံရတဲ့ အစိုးရနဲ့ အဲဒီအစိုးရကို မဲပေးရွေးလိုက်တဲ့ ပြည်သူတွေကို တမင် ရည်ရွယ်ချက်နဲ့ နာမည်ပျက်အောင် လုပ်၊ မထေမဲ့မြင် ပြုနေသလိုပဲ။
21-Oct-2016
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်က စတင်ခဲ့ပြီး နိုင်ငံအနှံ့အပြားတွင် အကြမ်းဖက်၊ လူသတ်၊ မီးရှို့မှုများ ပေါ်ပေါက်ခဲ့သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စဉ်မှသည် ယနေ့ ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်မှု ပြဿနာအထိ သာမန်အားဖြင့် ကြည့်ပါက ဘာသာရေး၊ လူမျိုးရေး အခြေခံ ထားသည်ဟု ယူဆဖွယ်ရာ ရှိသည်။