News

POST TYPE

EDITORIAL

ပဲခူးတိုင်းစည်ပင်ဝန်ကြီးဟောင်းက ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲဆိုမှု စတင်စစ်ဆေး
10-Jun-2018
တိုက်ကြီး၊ ဇွန် ၉ 

ပဲခူးတိုင်းစည်ပင်သာယာရေး ဝန်ကြီးဟောင်း၊ သာယာဝတီမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမောင်မောင်လွင်က လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းကိုဝေဖန်သည့် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်ထားရာ ဇွန်လ ၈ ရက်က သာယာဝတီမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးသည်။

အလင်းအိမ် အကောင့်ပိုင်ရှင်က လူမှုကွန်ရက်တွင် စည်ပင်ဝန်ကြီး၏ ဓာတ်ပုံများကို ယူသုံးပြီး ဂုဏ်သိက္ခာ ကျဆင်းစေအောင် ရေးသားသည်ဟုဆိုကာ အကောင့်ပိုင်ရှင် ကိုဝင်းထွန်းဇော်(ခ) ဂျာလေးကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် ယခုနှစ် ဖေဖော်ဝါရီလက သာယာဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

“ကျွန်တော်အကောင့်တစ်ခုတည်းကို တရားစွဲတာ၊ သူ့ဓာတ်ပုံတွေ ယူသုံးတယ်ဆိုတာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး၊ ပဲခူးတစ်တိုင်းလုံး သူ့ဓာတ်ပုံတွေယူသုံးနေကြတာပဲ။ သူ့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ရေးသားထားတဲ့အကောင့်တွေ တရားစွဲသင့်တဲ့အကောင့်တွေ သူသိပါတယ်၊ အများကြီးပါ”ဟု တရားစွဲခံရသူ ကိုဝင်းထွန်းဇော် (ခ) ဂျာလေးက ပြောကြားသည်။

ဆက်သွယ်ရေးပုဒ်မနှင့် တရားစွဲဆိုမှုနှင့်ပတ်သက်၍ အလင်းအိမ် အကောင့်ပိုင်ရှင်မှာ လူတစ်ဦးချင်း တိုက်ခိုက်သည့် သဘောဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စည်ပင်ဝန်ကြီးရာထူးမှ ဇန်နဝါရီလတွင် နုတ်ထွက်ပြီး နောက်ပိုင်း ပါတီဝင်များနှင့် တွေ့ဆုံပြီးနောက် နောက်ရက်တွင် လူမှုကွန်ရက်၌တင်ခဲ့သဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ပဲခူးတိုင်း စည်ပင်ဝန်ကြီးဟောင်း၊ သာယာဝတီမြို့နယ် မဲဆန္ဒနယ်မြေ (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်က ပြောသည်။ 

R-19


  • VIA