News

POST SECTION

CRIME-AND-ACCIDENT

24-Sep-2016 tagged as
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ရှိ နည်းပညာတက္ကသိုလ်၌ စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီ ၅၀ ခန့်က ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ စတုတ္ထနှစ် ကျောင်းသားတစ်ဦး ဓားဒဏ်ရာ ရခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၅ နာရီ ၃၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှ သိရသည်။
23-Sep-2016 tagged as မူးယစ်ဆေးဝါး
တောင်ဥက္ကလာပမြို့နယ်၊ (၃) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သန္တာလမ်းထောင့်တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၃ နာရီက မူးယစ်သတင်းရရှိထားသော မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့စဉ် ယင်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက စကေဘာဖြင့် ပြန်လည်ခုခံခဲ့သောကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
22-Sep-2016 tagged as လူသေမှု
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ(၁)ရပ်ကွက် မြို့သစ်ရှိ နေအိမ်တစ်လုံးတွင် အိမ်မီးဖိုချောင်နှင့် လျှပ်စစ်ရေမော်တာကို ဆက်သွယ်ထားသော မီးကြိုးပေါ် အဝတ်လှမ်းရာမှ စက်တက်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်
22-Sep-2016 tagged as
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် ဥဇ္ဇနာ (၉) လမ်း၌ စက်တင်ဘာ ၂၁ ရက် ည ၉ နာရီက နေအိမ်ရှေ့၌ လာရောက် ဗျောက်အိုးဖောက်နေသူကို တားမြစ်ခဲ့သော အသက် ၃၂ နှစ်အရွယ် အမျိုးသမီး စကေဘာဖြင့် ဆင့်ထိုးခံရကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အိမ်အကူ မိန်းကလေးနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့သော အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင် အချို့ကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ တရားစွဲဆိုထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ၏ Facebook စာမျက်နှာတွင် ရေးသားလိုက်သည်
21-Sep-2016 tagged as ကချင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မမုံကိုင်အုပ်စု မိုင်းနောင်ကျေးရွာမှ သစ်ခွဲစက်အတွင်း စက်​တင်​ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် က ဝင်ရောက်ဖမ်းဆီးရာ တရားခံမှ ပြန်လည် သေနတ်လုယူခဲ့သဖြင့် ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
ကျောက်တံတားရဲစခန်း၌ လူကုန်ကူးမှုဥပဒေဖြင့် အမှုဖွင့်ခံထားရမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသော အင်းဝအပ်ချုပ်ဆိုင်မှ ကျန်ရှိနေသူနှစ်ဦးသည် ယနေ့(စက်တင်ဘာ ၂၁ ရက်)တွင် ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းထံမှ သိရသည်
21-Sep-2016 tagged as
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၌ အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့သည်ဟု ဆိုသူများထဲမှ ကျန်ရှိနေသူ နှစ်ဦးကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် သတင်း ထုတ်ပြန်သည်။
"အများစုက ရန်ကုန်ကပါ။ လပွတ္တာ အိမ်မဲနဲ့ ၀ါးခယ်မမြို့က သူတွေလည်း ပါတယ်၊ အလုပ်ရှိပြီဆိုမှ ချိတ်ဆက်စုဖွဲ့ပြီး ခိုးမှု ကျူးလွန်ကြတာပါ။ ဆိုင်ကယ်ခိုးမှု ၁၈ မှု ခိုးရာပါမှာ ဆိုင်ကယ်အစီး ၂၀၊ စက်လှေ တစ်စီး၊ ဖုန်း ၁ လုံးတို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျွဲခိုးမှု ၁၀ မှုမှာ ခိုးရာပါ ကျွဲ ၄၂ ကောင်၊ စက်လှေ ၁ စီးတို့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်"
ကျောက်တံတား ရဲစခန်းတွင် လူကုန်ကူးမှု ဥပဒေအရ အမှုဖွင့်ခံထားရမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသော အင်းဝ အပ်ချုပ်ဆိုင်ရှင် သားအမိ နှစ်ဦး၏ ဓာတ်ပုံများကို လေဆိပ် ၊အဝေးပြေးကားဝင်း နှင့် တိုင်းနှင့်ပြည်နယ်ရှိ ရဲစခန်းအနှံ့ကို ဖြန့်ဝေထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်
“နှိပ်စက်ခံရတဲ့ အိမ်အကူမိန်းကလေးတွေရဲ့ မိဘတွေနဲ့လည်း ဆိုင်ရှင်က ပေးမတွေ့ခဲ့ဘူးလို့ သိရတယ်၊ ဒီဖြစ်စဉ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဝင်ညှိနှိုင်းပေးခဲ့ပြီး အင်းဝအပ်ချုပ်ဆိုင်ရှင်က နှိပ်စက်ခံရသူတွေအတွက် ကျပ် သိန်း ၅၀ လျော်ကြေးပေးခဲ့တယ် ”
အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူတို့ နှစ်ဦးကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) မွန်းလွဲ ၁ နာရီက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကျောက်တံတား မြို့မရဲစခန်းတွင် တရားလိုပြု အမှုဖွင့်ခဲ့ကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“အဲဒီငွေစက္ကူအတုတွေက ပြည်မ(ရန်ကုန်)က သူတို့ရဲ့ အဆက်အသွယ်တွေဆီက နေတစ်ဆင့်ရတယ်လို့ ပြောပါတယ်။အသေးစိတ်က စစ်ဆေးတုန်းပဲ ရှိသေးတယ်”
20-Sep-2016 tagged as
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းစခန်း စားသောက်ဆိုင်တန်းအနီး စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ဆိုင်းဘုတ်ထောင်စဉ် လုပ်သားငါးဦး ဓာတ်လိုက်ခဲ့ပြီး နှစ်ဦး သေဆုံးသွားကြောင်း ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဟန်ဝင်းမြတ်က ပြောကြားသည်။
19-Sep-2016 tagged as မူးယစ်ဆေးဝါး
ရခိုင် ပြည်နယ် မောင်တောမြို့တွင် ကာလတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းတန်ဖိုးရှိ WY ဆေးပြား ၆၈ သိန်းကျော်ကို စက်တင်ဘာ ၁၉ ရက်နေ့က ထပ်မံ ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။