News

POST SECTION

CRIME-AND-ACCIDENT

04-Mar-2019
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့်ရှိသူအမျိုးသားတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးက ဓားဟုယူဆရသည့် ချွန်ထက်သည့်အရာဖြင့် ထိုးပြီးထွက်ပြေးသွားရာ ထွေအုပ်ဝန်ထမ်း၏ဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် နဖူးနှင့်ပါးတွင်ပွန်းပဲ့ဒဏ်ရာများရခဲ့ကြောင်း ပိန်းဇလုပ်နယ်မြေရဲစခန်းထံမှ သိရှိရသည်။
03-Mar-2019
မိတ္တီလာမြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာအနီးရှိ ရေသွင်းမြောင်းတွင် မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက မိသားစုနှင့်အတူ ရေချိုးရာမှ အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
02-Mar-2019
ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်မြို့ ရွာမကျေးရွာအုပ်စု ရွာမကျေးရွာ၌ မတ်လ ၂ ရက်နေ့ နံနက် ၄ နာရီခန့် အချိန်က နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့ကြောင်း သုံးဆယ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
02-Mar-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မူးယစ်ဆေးဝါးသုံးစွဲနေသည့် ထိုင်းနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း
28-Feb-2019
ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာအနီး ရန်ကုန် - စစ်တွေ ကာလမ်းမပေါ်၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသောကား စီး တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရသည်။
27-Feb-2019
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ပုဇွန်တောင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အပြီးသတ် စီရင်ချက် အမိန့်ချခံရသူ သရုပ်ဆောင်မိုးအောင်ရင်၏ အယူခံလျှောက်ထားမှုအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှ အောက်ရုံးအမိန့်မှာ အတည်ဖြစ်ပြီး အယူခံကို ပယ်ချ (ပလပ်) လိုက်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
26-Feb-2019
လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းတွင် ယာဉ်မောင်းကို ဓားဖြင့်ထောက်ပြီး မော်တော်ယာဉ်လုယူရန် ကြံစည်ခဲ့သည့် လူငယ်အဖွဲ့ကို ဗိုလ်မြတ်ထွန်း တံတားပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
26-Feb-2019
လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာရှိ ပဒုမ္မာလမ်းတွင် ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးကို လက်လိုက်ဆွဲပြီး နှောင့်ယှက်နေသူအား လက်သီးဖြင့် ဝင်ထိုးသည့်အမျိုးသားမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
25-Feb-2019
ပြင်ဦးလွင်မြို့နယ် နောင်ခမ်းကြီးကျေးရွာ နေအိမ်တစ်အိမ်မှ အမျိုးသမီးကို တူမီးသေနတ်ဖြင့်ထောက်၍ ရွှေနှင့်ငွေများ ယူသွားပြီးနောက် နောက်တစ်အိမ်သို့ ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသားကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသား ၉ ဦးကို ဓားပြတိုက်မှုဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက အမှုဖွင့်လိုက်ကြောင်
25-Feb-2019
၂၀၁၈ ခုနှစ် ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော်တွင် ဆွေးနွေးနေရာ ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုခန်းများတွင် အရက်ရောင်းချခွင့်လိုင်စင်ဖြစ်သော FL 15 နှင့် FL 15 A လိုင်စင်နှုန်းထားများကို တိုင်းလွှတ်တော်က အတည်ပြုလိုက်သည်။
25-Feb-2019
မန္တလေးတိုင်း မလှိုင်မြို့နယ် လယ်တကောင်းကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၄ ရက် ည ၈ နာရီ ၅၀ ခန့်က ဆံပင်အိတ်များတင်ဆောင်မောင်းနှင်လာသောကားမှ ယာဉ်မောင်းသည် လမ်းခရီးတွင် ရုတ်တရက်သေဆုံးခဲ့ကြောင်း မလှိုင်မြို့ပြည်သူ့ဆေးရုံထံမှ သိရသည်။
25-Feb-2019
တောင်ငူမြို့နယ် ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက်တွင် အိမ်ခြံမြေဂရန်သက်တမ်းတိုးရန်ကိစ္စ စကားများရာမှဖြစ်ခဲ့သော နှစ်လောင်းပြိုင်လူသတ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ စီအိုင်ဒီ(မှုခင်းရဲတပ်ဖွဲ့) က ယခုလ ၂၃ ရက်မှစပြီး လွှဲပြောင်း တာဝန်ယူစစ်ဆေးနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
24-Feb-2019
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အသက်ရှစ်နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့သူအမျိုးသားကို မုဒိမ်းမှုပုဒ်မအပါအဝင် ပုဒ်မလေးခုဖြင့် တရားစွဲဆိုထားပြီး ပြင်ဦးလွင်ခရိုင် တရားရုံးတွင် မတ်လ ၁ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Feb-2019
အိမ်ခြံမြေဂရန် သက်တမ်းတိုးရန်ကိစ္စနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်တွင်ဖြစ်ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ကျူးလွန်သူ သားအဖနှစ်ဦးကို မူလက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် နိုင်ငံတော်ပိုင်ပစ္စည်းဖျက်ဆီးမှုပုဒ်မ ၆/၁ ဖြင့် ထပ်မံအမှုဖွင့်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
24-Feb-2019
ပဲခူးမြို့နယ် ဥဿာမြို့သစ်နေ အမျိုးသမီးနှစ်ဦး (သားအမိ) ၏ ဖေ့စ်ဘွတ်ခ် အကောင့်ကိုရယူပြီး ညစ်ညမ်းဓာတ်ပုံများတင်ကာ ခြိမ်းခြောက်ငွေတောင်းသူ အမျိုးသားကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းထံမှ သိရှိရသည်။