News

POST SECTION

CRIME-AND-ACCIDENT

06-Nov-2018
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းတွင် နိုဝင်ဘာလ ၄ ရက် နံနက် ၁၀ နာရီက လှည်းကူး - သင်္ဃန်းကျွန်း ဇဝနသို့ ပြေးဆွဲနေသည့် YBS (၁) ခရီးသည်တင်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး ခရီးသည်တင်ယာဉ်တစ်စီးနှင့် အငှားယာဉ်လေးစီးကို ဝင်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Nov-2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် နမ့်ဟွေယွန်းကျေးရွာတွင် ဇနီးဖြစ်သူနေအိမ်မှ ဆင်းသွား၍ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖခင်ဖြစ်သူသည် သားသမီးသုံးဦးကို ပေါင်းသတ်ဆေးများတိုက်ပြီး မိမိကိုယ်ကိုယ် တူမီးသေနတ်ဖြင့် သတ်သေသွားကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
06-Nov-2018
လူဦးရေထူထပ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ရက်လျှင် တစ်ဦးနှုန်းခန့် အရက်မူးလွန်ရာမှ သေဆုံးမှုများဖြစ်ပွားနေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
06-Nov-2018
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဆည်မြောင်းဦးစီးဌာန ဒေါဝါးရေတံခါးစောင့် ဦးကျော်လွင်သည် ၃ နှစ်ကျော် (လ ၄၀) အထိ ၎င်း၏ လုပ်ခလစာ မရသေးသည့်အတွက် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ထံသို့ တိုင်ကြားထား ကြောင်း ၎င်းက ပြောကြားသည်။
05-Nov-2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ဘီလူးကျေးရွာတွင် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မိခင်ရင်းနှင့် ပထွေးဖြစ်သူကို နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Nov-2018
လှိုင်သာယာမြို့နယ်၊ (၁၀)ရပ်ကွက်၊ နတ်မောက် လမ်းထိပ်တွင် ယမန့်နေ့ ည ၉ နာရီကျော် ဆိုက်ကားနှင်းသူ အမျိုးသားနှစ်ဦးကို အမည်မသိ လူတစ်စုက ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
05-Nov-2018
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ပေါက်တောရွာအုပ်စု ပေါက်ကုန်းရွာတွင် အိမ်ထောင်ရှိ အမျိုးသမီးကို အတင်းအကျပ်အနမ်းပေးသည့် အိမ်နီးချင်းအမျိုးသားကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ သိရှိရသည်။
05-Nov-2018
နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကျီးနီကုန်းသုသာန်ဟောင်းအနီးတွင် နိုဝင်ဘာလ ၃ ရက် မွန်းတည့်ချိန်က ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ယင်းလူသတ်မှုမှ မသင်္ကာသူတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-Nov-2018
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်တွင် နိုဝင်ဘာလ ၃ ရက် ညပိုင်းက အသက် ၄၀ အရွယ် ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို ထမင်းချက်ခိုင်းသည့် အသက် ၄၂ နှစ်အရွယ် ညီကို ၎င်း၏အစ်ကိုအရင်းဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
04-Nov-2018
ရန်ကုန်စာတိုက်ကြီးပြည်ပချော စာဌာနသို့ ဂျာမနီနိုင်ငံမှ ပေးပို့လာသည့် ပါဆယ်ထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာမှ ကာလပေါက်ဈေး ကျပ်သိန်း ၉၅၀ ရှိ (Ecstasy) စိတ်ပြောင်း ခေါင်းခါ ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှသိရသည်။
04-Nov-2018
မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၃) လမ်းနှင့် သန်လျင်မြို့နယ်ရှိ အေးသစ္စာရပ်ကွက်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းက လူသတ်မှုများ ဖြစ်ပွားခဲ့ရာ ကျူးလွန်သူအချို့ လွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Nov-2018
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် ကျောက်စရစ်စုတွင် နိုဝင်ဘာလ ၂ ရက်က ကလေးမွေးနေ့အလှူမှကျွေးသော ခေါက်ဆွဲကြော်စားရမှာ လူ ၉၀ ခန့် အစာအဆိပ်သင့်၍ ဆေးရုံတက်ခဲ့ရကြောင်း သထုံခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ပြောကြားသည်။
03-Nov-2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဝမ်မိုင်ရွာတွင် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၂၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် နိုင်ငံခြားငွေမျိုးစုံ ဖမ်းမိခဲ့၍ အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်
02-Nov-2018
ဆိုင်ကယ်မစီးရနယ်မြေ သတ်မှတ်ထားသည့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်နှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် ဆိုင်ကယ်ဖြင့် လှည့်လည်၍ လူစည်ကားရာနေရာများတွင် သွားလာနေသူများ၏ ဝတ်ဆင်ထားသော ရွှေဆွဲကြိုးများကို ဆွဲဖြုတ်လုယူနေသည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Nov-2018
မင်္ဂလာဒုံမြို့နယ်၊ (၂/ခ) ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်တွင် အောက်တိုဘာလ ၃၁ ရက် ည ၉ နာရီက တစ်လမ်းတည်းနေ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဓားထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။