POST SECTION

CRIME-AND-ACCIDENT

31-Jan-2019
မကွေးတိုင်း တောင်တွင်းကြီးမြို့ စစ်တားကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးဆက်၍ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းမြို့မီးသတ်ဦးစီးဌာနထံမှ သိရသည်။
31-Jan-2019
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာအနီးရှိ လယ်ကွက်တစ်ခုအတွင်း ထိုးသွင်းဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးနေသည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းတစ်လောင်းကို ဇန်နဝါရီ ၃၀ ရက်နေ့မွန်းလွဲ ၂ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ဖောင်တော်သီနယ်မြေရဲစခန်းထံမှ သိရသည်။
31-Jan-2019
YBS ယာဉ်များအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၅၅ မှုဖြစ်ပွားခဲ့ရာ ၂၁၁၇ ခုနှစ်ထက် ၅၃ မှုပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။
31-Jan-2019
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့ နယ် (၉) ရပ်ကွက်ရှိ ဗန္ဓုလလမ်းသွယ် ၃ လမ်းတွင် အသက် ၂၃ နှစ်နှင့် ၁၉ နှစ်အရွယ်ရှိ ညီအစ်မနှစ်ဦး နေအိမ်ရှိ ကြွက်သတ်ဆေးသောက်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
30-Jan-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအမှတ် ၁၂၈၉ ပေါ်မှနေ၍ ပြင်သစ်နိုင်ငံသာတစ်ဦး ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပြုတ်ကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
30-Jan-2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ဖားရံနွဲ့ရွာတွင် မူးယစ်ဆေးကြောင်ကာ ဖခင်ဖြစ်သူကို ဓားဖြင့်လိုက်ထိုးသည့်သားကို ဖခင်က တုတ်ဖြင့်ပြန်ရိုက်၍ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက သေဆုံးသွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။
30-Jan-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ပညာရည်ချွန် ဆုပေးပွဲကိစ္စ အပါအဝင် ဂုဏ်သိက္ခာကျဆင်းစေရန် ပြောကြားခဲ့သည်ဟုဆိုကာ ကျောင်းသားမိဘတစ်ဦးက တိုင်ကြားမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်း
29-Jan-2019
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၂၁ အနီးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က တပ်မတော်ပိုင် မော်တော်ယာဉ်တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖြူးအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
29-Jan-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး အာခါဈေးရှေ့ မီးပွိုင့်တွင် ယနေ့ (ဇန်နဝါရီ ၂၉ ရက်) မွန်းလွဲ ၁ နာရီခန့်က မြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း တာချီလိတ်မြို့ဒေသခံများက ပြောကြားသည်။
29-Jan-2019
ပဲခူးတိုင်း ရေနီမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ထမင်းဆိုင်တစ်ဆိုင်ရှေ့တွင် လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးမှုတစ်ခု ယနေ့(ဇန်နဝါရီ ၂၉ ရက်)နံနက်၂ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရေနီနယ်မြေရဲစခန်းထံမှ သိရသည်။
29-Jan-2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၂၀/၇၂၁)ကြားတွင် ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က ၁၄ ဘီးကုန်တင်ယာဉ်က ဆိုင်ကယ်ကို ဝင်တိုက်မိ၍ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မြင့်ထွန်းက ပြောကြားသည်။
28-Jan-2019
လှိုင်သာယာမြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်အိမ်မှ သုံးနှစ်အရွယ် ယောက်ျားလေးကို ခိုးယူပြေးသည့် အိမ်အကူ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့ကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Jan-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-လွိုင်မွေလမ်းဘေး စက်မှုလယ်ယာဦးစီးဌာနရှေ့ရှိ အုတ်ဖိုငါးကန်တွင် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးများရောင်းဝယ်သုံးစွဲနေသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ရဲအုပ် အောင်ဇော်မျိုးက ပြောကြားသည်။
28-Jan-2019
စစ်ကိုင်းမြို့အနီး တောင်ညိုကျေးရွာနယ်မြေရှိ ကျောက်တူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းက ကျောက်တောင်ပြိုကျ၍ လူလေးဦး ပိတ်မိကာ သုံးဦး သေဆုံးသွားခဲ့ကြောင်း စစ်ကိုင်းဒေသခံများနှင့်ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
28-Jan-2019
လူအများကြားရေပန်းစားသည့် မိမိကိုယ်ကိုဓာတ်ပုံပြန်ရိုက် (ဆယ်ဖီဆွဲ) ရာမှ ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးရှိ တောနော ရေတံခွန်ပေါ်မှ အမျိုးသမီးနှစ်ဦးပြုတ်ကျသေဆုံးခဲ့ကြောင်း ကော့ကရိတ်မြို့မရဲစခန်းထံမှ သိရသည်။