News

POST SECTION

CRIME-AND-ACCIDENT

28-Sep-2016
"ခုဖြစ်နေတဲ့ အခြေအနေက နှစ်ရာဖိုး၊ သုံးရာဖိုး ချဲထိုးကြတဲ့ ပြည်သူတွေကိုတော့ ဖမ်းတယ်။ မြို့လယ်ကောင်မှာ အဆောက်အအုံ အခိုင်အမာနဲ့ လုပ်နေကြတဲ့ ဒိုင်ကြီးတွေကို ဖမ်းဆီးမှု မရှိဘူး ဖြစ်နေတယ်"
28-Sep-2016
"ခါးပိုက်နှိုက်အဖွဲ့က လိုင်းကားပေါ်က ဆင်းပြေးပြီး နောက်မှာ လိုက်ပါလာတဲ့ သူတို့အဖွဲ့ ငှားထားတဲ့ တက္ကစီပေါ် တက်ပြေးတာ၊ ပိတ်ဆို့ဖမ်းဆီး ရာက ခေါင်းဆောင် အမျိုးသား လွတ်သွားပြီး လေးယောက်ကိုပဲ မိခဲ့တယ်၊ ကားပေါ်မှ တုတ်နဲ့ ဓားတွေပါ သိမ်းဆည်း ရမိခဲ့တယ်"
28-Sep-2016
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဝမ်တာပင်း ကျေးရွာအုပ်စု နမ့်ကွမ်ရွာ၌ စက်တင်ဘာ ၂၆ရက် ည ၈ နာရီခန့်က မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသား တစ်ဦးကို အမျိုးသား သုံးဦးက အုပ်စုဖွဲ့၍ တုတ်ဖြင့် ရိုက်၊ ဓားဖြင့် ခုတ်ခဲ့ကြောင်း ကျိုင်းတုံ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းသန်းက ပြောကြားသည်။
28-Sep-2016
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး မီးရထားလမ်း မိုင်တိုင် ၁၈၂ အနီး စက်တင်ဘာ ၂၇ ရက် ည ၁၀ နာရီခွဲခန့်က အမှတ်(၈)အစုန် အမြန်ရထား တိုက်၍ အမျိုးသား တစ်ဦး သေဆုံးခဲ့သည်ဟု ရေတာရှည် မြို့မရဲစခန်းမှ စုံစမ်း သိရှိရသည်
26-Sep-2016
"လောလောဆယ် တရားရုံးက ဆေးစစ်ချက်အဖြေ မသိရသေးလို့ ဥပဒေရုံး အကြံပြုချက်ကြောင့် မူးယစ်ပုဒ်မ တစ်ခုနဲ့ပဲ သုံးဦးလုံး စွဲချက်တင်ထားတယ်"
26-Sep-2016
“သေဆုံးသူက အစအနောက်သန်သူလို့ မိသားစုထံက သိရတယ်။ လမ်းထဲက ကောင်လေးကြိုးဆွဲချ သေဆုံးတာသွားကြည့်ပြီး အိမ်ကမိသားစုကို ကြိုးဆွဲချသေဆုံးပုံလုပ်ပြရာက သူပါ သေဆုံးခဲ့တာ”
26-Sep-2016
"သွားရောက် ထိန်းသိမ်းတဲ့ရဲက လိုအပ်တာထက် ပိုပြီး အင်အားအလွန်အကျွံ သုံးစွဲခဲ့တယ်လို့ ယူဆရတာကြောင့် သူ့ကို စုံခုံဖွဲ့ စစ်ဆေးနေတယ်၊ ရိုက်နှက်ခံရတဲ့သူမှာ ဘယ်မျက်လုံးဘေး ပေါက်ပြဲဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာတွေ ရခဲ့တယ်၊ နံပါတ်တုတ်နဲ့ ရိုက်လိုက်တာလား ဒါမှမဟုတ် လူငယ်က သူ့ဘာသာ ပြေးရင်းက လဲကျပြီးရခဲ့တဲ့ ဒဏ်ရာလားဆိုတာ လတ်တလော မသိရသေးဘူး"
25-Sep-2016
သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ၃ လမ်းရှိ တိုက်ခန်း တစ်ခုတွင် အကြွေးငွေ ကျပ်သိန်း ၃၀ ပြန်မဆပ်သည့် အမျိုးသမီး တစ်ဦးကို ကြွေးရှင်က နေအိမ်ထဲ ပိတ်လှောင်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Sep-2016
တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီခွဲက အသက် ၂၅ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦး လည်ပင်းကို ခရီးသည်အဖြစ် ဟန်ဆောင်ထားသူက ဓားနှင့် ဆွဲလှီးခဲ့ကြောင်း တာမွေမြို့မ ရဲစခန်ထံမှ သိရှိရသည်။
24-Sep-2016
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ရှိ နည်းပညာတက္ကသိုလ်၌ စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီ ၅၀ ခန့်က ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ စတုတ္ထနှစ် ကျောင်းသားတစ်ဦး ဓားဒဏ်ရာ ရခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၅ နာရီ ၃၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှ သိရသည်။
23-Sep-2016
တောင်ဥက္ကလာပမြို့နယ်၊ (၃) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သန္တာလမ်းထောင့်တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၃ နာရီက မူးယစ်သတင်းရရှိထားသော မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့စဉ် ယင်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက စကေဘာဖြင့် ပြန်လည်ခုခံခဲ့သောကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
22-Sep-2016
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ(၁)ရပ်ကွက် မြို့သစ်ရှိ နေအိမ်တစ်လုံးတွင် အိမ်မီးဖိုချောင်နှင့် လျှပ်စစ်ရေမော်တာကို ဆက်သွယ်ထားသော မီးကြိုးပေါ် အဝတ်လှမ်းရာမှ စက်တက်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်
22-Sep-2016
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် ဥဇ္ဇနာ (၉) လမ်း၌ စက်တင်ဘာ ၂၁ ရက် ည ၉ နာရီက နေအိမ်ရှေ့၌ လာရောက် ဗျောက်အိုးဖောက်နေသူကို တားမြစ်ခဲ့သော အသက် ၃၂ နှစ်အရွယ် အမျိုးသမီး စကေဘာဖြင့် ဆင့်ထိုးခံရကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Sep-2016
အိမ်အကူ မိန်းကလေးနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့သော အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင် အချို့ကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ တရားစွဲဆိုထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ၏ Facebook စာမျက်နှာတွင် ရေးသားလိုက်သည်
21-Sep-2016
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မမုံကိုင်အုပ်စု မိုင်းနောင်ကျေးရွာမှ သစ်ခွဲစက်အတွင်း စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် က ဝင်ရောက်ဖမ်းဆီးရာ တရားခံမှ ပြန်လည် သေနတ်လုယူခဲ့သဖြင့် ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်