တောင်ကိုးရီးယား နိုင်ငံသားထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ 20-Oct-2016 ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ တောင်ကိုးရီးယား နိုင်ငံသားထံမှ စိတ်ကြွဆေးပြား ၁၆၈၅ ပြားကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ MORE
အဖမ်းမခံဘဲ သေနတ်ဖြင့် ခုခံသူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး 19-Oct-2016 ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ် ဝမ်လုံးအုပ်စု မကာကျေးရွာ၌ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က တူမီး သေနတ်ဖြင့် ပြန်လည် ခုခံရန် ကြိုးစားသည့် လူသတ်မှု တရားခံဟုဆိုသူကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း မိုင်းဖြတ် မြို့မစခန်းထံမှ စုံစမ်း သိရှိရသည်။ MORE
ဘုရားဖူးယာဉ် တိမ်းမှောက်၊ ယာဉ်အကူ သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ 17-Oct-2016 မှနပှှညနှယှ ပေါငမှှို့နယှ ဘန့ဘှှေးကုနှးကှေးရှာအနီး လမှးမပေါှ၌ ယနေ့ (အောကတှိုဘာ ၁၇ ရကှ) နံနကှ ၅ နာရီခှဲခန့ကှ ဘုရားဖူး လိုကထှရပယှာဉတှဈစီး တိမှးမှောကခှဲ့ရာ ယာဉအှကူ အမှိုးသားေ သဆုံးပှီး ၁၅ ဦး ထိခိုကဒှဏရှာ ရရှိခဲ့ကှောငှး ပေါငမှှို့နယှ ရဲတပဖှှဲ့မှူးရုံးထံမှ စုံစမှးသိရှိရသညှ။ MORE
ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထံမှ လက်နက်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ 15-Oct-2016 “မနက် ၆ နာရီ လောက်က တိုးဂိတ်အကျော်မှာ ဆိုက်ကားကို တိုက်မိပြီး ပုသိမ်ဘက်ကို မမောင်းဘဲ အထောင်-အိမ်မဲလမ်းဘက်ကို မောင်းပြေးတာ၊ ဒိုးတန်း ကျေးရွာအနား ရေခလုပ်ကျေးရွာအုပ်စု ပေါက်ငူရွာ လမ်းမပေါ်ကနေ လမ်းဘေးကို ထိုးကျပြီး နွံနစ်သွားတယ်။ ကား ဆက်သွားလို့မရတော့ဘဲ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်” MORE
အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် နှစ်စင်း တိုက်၊ ၁ ဦးသေ ၁၃ ဦးဒဏ်ရာ 15-Oct-2016 ရန်ကုန် မန္တလေး အမြန်လမ်း မိတ္ထီလာမြို့နယ် မိုင်တိုင်၂၆၂ အနီးတွင် အကယ်ဒမီ ခရီးသည်တင်ယာဉ်ကို မိုးကောင်း ခရီးသည်တင်ယာဉ်က နောက်မှ ဝင်တိုက်မိရာမှ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ကြက်ခြေနီစခန်း (သီးကုန်း )မှ စုံစမ်း သိရှိရသည်။ MORE
လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၁၀၀ အပါအဝင် ဘိန်းစိမ်းနှင့် ဆေးရှူကိရိယာများ ဖမ်းမိ 14-Oct-2016 ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နမ့်ဘော်အော့ရွာဟောင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀ အပါအဝင် ဘိန်းစိမ်းနှင့် ဆေးရှူကိရိယာများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ MORE
အင်းဝအပ်ချုပ်ဆိုင် မိသားစုကို ကလေးသူငယ် ပုဒ်မဖြင့် ရုံးထုတ် 14-Oct-2016 အိမ်အကူ မိန်းကလေးနှစ်ဦးအပေါ် ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် မိသားကို ကလေးသူငယ်ပုဒ်မ ၆၆ (ဃ) ဖြင့် အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။ MORE
ကျိုက်မရောမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်၍ KTV ဆိုင်သို့ ပို့ဆောင်ဟုဆို 14-Oct-2016 မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ အုပ်စုမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ၎င်းနေထိုင်ရာ ကျေးရွာမှ စက်တင်ဘာ ၁၄ ရက် နံနက် ၄ နာရီခွဲက ပန်းရောင်းရန် ထွက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးက မုဒိမ်းကျင့်၍ မော်လမြိုင်မြို့ရှိ ရတနာထက် KTV စားသောက်ဆိုင်သို့ ပို့ဆောင်ကာ အလုပ်စေခိုင်းခဲ့ကြောင်း ယင်းအမျိုးသမီးငယ်၏ အုပ်ထိန်းသူက ပြောကြားသည်။ MORE
အွန်လိုင်းပေါ်တွင် လိုင်စင်မဲ့ တိုင်းရင်းဆေးဝါး ရောင်းချနေသူကို အမှုဖွင့် 13-Oct-2016 လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်လုပ်ခွင့် လိုင်စင် မရှိဘဲ ရွှေကျားညီနောင် အမှတ်တံဆိပ်ပါ စွမ်းအားပြည့် သဘာဝ အားဖြည့်ဆေးနှင့် အကြော သန်မာဆေးများကို ရောင်းချနေသည့် အမျိုးသမီး တစ်ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ် မြေရဲစခန်းမှ တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ ၃၁/ ၃၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ MORE
တာချီလိတ် ရွှေဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ဖောက်ထွင်းခံရ 13-Oct-2016 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရှင်းမန်ရွှေဆိုင်၌ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။ MORE
ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် စာနှင့် ပုံများ အွန်လိုင်းပေါ် ဖော်ပြသူကို ဖမ်းမိ 10-Oct-2016 လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော Facebook တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် စာနှင့်ပုံများ ဖော်ပြခဲ့သော ZawZaw (ခ) ငဖာ အကောင့်ပိုင်ရှင်ကို အောက်တိုဘာလ ၁ဝ ရက် နံနက် ၁ဝ နာရီခွဲက ဖမ်းမိခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းထံမှ သိရှိရသည်။ MORE
တောင်ငူမြို့လယ် တည်းခိုခန်း တစ်ခု၌ နေ့ခင်းကြောင်တောင် အနုကြမ်းစီး 09-Oct-2016 ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ်(၈)ရပ်ကွက် စတီးလမ်းရှိ ချမ်းရိပ်မွန် ဧည့်ဂေဟာပိုင်ရှင် အမျိုးသမီးကို ယနေ့ (အောက်တိုဘာ ၉ ရက်) မွန်းလွဲ ၁ နာရီခန့်က အခန်းအမှတ် 04 တွင် တည်းခိုနေသူ အမျိုးသားက အနုကြမ်းစီးကာ ငွေများ လုယက် သွားခဲ့ကြောင်း မိသားစုဝင်များထံမှ စုံစမ်း သိရှိရသည်။ MORE
အမျိုးသမီး တစ်ဦးထံမှ ပိုက်ဆံအိတ် လုသည့် တပ်မတော်သားနှင့် လူငယ် တစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိ 09-Oct-2016 ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် ရပ်တော်မူ ဘုရားကြီး ကုန်းဆင်း၌ အောက်တိုဘာ ၈ ရက် ည ၇ နာရီခန့်က လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးထံမှ ပိုက်ဆံအိတ်ကို ဆိုင်ကယ် စီးနင်းလာသည့် တပ်မတော်သား တစ်ဦးနှင့် လူငယ် တစ်ဦးတို့က လုယူ ထွက်ပြေးခဲ့ရာ နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း ကျိုင်းတုံ မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ MORE
၄၅ လမ်း လူသတ်မှုမှ ခိုးယူသွားသည့် မော်တော်ယာဉ် ပြန်တွေ့ 08-Oct-2016 ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခုတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသားကို သတ်ဖြတ်ပြီး ခိုးယူသွားသည့် မတ်တူး ရွှေငါး အဖြူရောင်ယာဉ်ကို အောက်တိုဘာလ ၈ ရက် ညနေ ၄ နာရီခွဲက ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းအနီး ကမ်းနားလမ်းပေါ်တွင် ပြန်တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ MORE
ပဉ္စမတန်း ကျောင်းသားတစ်ဦး နွားတင်းကုပ် အတွင်း၌ ဓာတ်လိုက်သေဆုံး 08-Oct-2016 ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်မြို့ ရွာမ (၂) လမ်း နေအိမ်တစ်အိမ်မှ နောက်ဖေးနွားတင်းကုတ် အတွင်း၌ အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က အသက် ၁၀ နှစ်အရွယ် ပဉ္စမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ညောင်ပင်သာ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။ MORE
LATEST NEWS 01-Mar-2021 ပင်းတယမြို့ ရဲစခန်းလိုင်းခန်းတွင် မီးလောင် 13-Feb-2021 ကိုမင်းကိုနိုင်အပါအဝင် နာမည်ကြီး လူပုဂ္ဂိလ် (၇)ဦးကို ဖမ်းဝရမ်းထုတ် 13-Feb-2021 ဖမ်းဆီးခြင်းခံရသူများမှ အကူအညီတောင်းခံလာပါက အလေးအနက်ထား ကူညီပေးရန် ရှေ့နေ၊ ဥပဒေပညာရှင်များကို ပန်ကြား 09-Feb-2021 မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပေးရန် ယူကေနှင့် အီးယူ ပန်ကြား 09-Feb-2021 မန္တလေးမြို့တော်ဝန်အဖြစ်မှ နုတ်ထွက်ထားသူ ဒေါက်တာရဲလွင် ပြန်လည်ဖမ်းဆီးခံရ 09-Feb-2021 ပြည်တွင်းအခွန်များဦးစီးဌာနရုံးချုပ်မှဝန်ထမ်းများ CDM တွင် ပါဝင်