News

POST SECTION

CRIME-AND-ACCIDENT

25-Oct-2016
စမ်းချောင်းမြို့နယ် ပဏ္ဍိတလမ်းရှိ မြေညီထပ် တိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီက ပုပ်ပွ သေဆုံးနေသော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
25-Oct-2016
ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းဘေးရှိ KTV ဆိုင် တစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် နံနက် ၂ နာရီက ဘီယာသောက် သီချင်းဆိုနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ဆိုင်ဝန်ထမ်းများ နှစ်ဖက်စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
25-Oct-2016
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅၆ အနီးတွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင် ယာဉ်တစ်စီး အောက်တိုဘာလ ၂၄ ရက်နေ့ည ၁၁ နာရီခွဲခန့်က တိမ်းမှောက်ခဲ့၍ ယာဉ်မောင်းအပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သီးကုန်းအမြန်လမ်း ကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
25-Oct-2016
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ကန်ကောက်ဟောင်းရပ်၌ လပတ်စာမေးပွဲကျသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့က ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း အမှတ် ၃ ရဲစခန်းထံမှ သိရသည်။
25-Oct-2016
လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ မြနန္ဒာ ၃ လမ်းရှိ မြေညီတိုက်ခန်းတစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီက လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ နေအိမ်တိုက်ခန်းထဲ ဓားကိုင်ဆောင်ထားသည့် သူခိုးတစ်ဦး ဝင်ရောက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
24-Oct-2016
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇ အနီး (လှည်းကူးမြို့နယ်) တွင် ယနေ့ (အောက်တိုဘာ ၂၄ ရက်) ညနေ ၄ နာရီခွဲခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် Elite ခရီးသည်တင်ယာဉ်ကို မြင့်ခြံ-ရန်ကုန် ပြေးဆွဲသည့် မဟာ ယာဉ်လိုင်းပိုင်း ခရီးသည်တင် ယာဉ်က အရှိန်ဖြင့် ဝင်တိုက်ခဲ့ကြောင်း
23-Oct-2016
ဒဂုံအရှေ့မြို့နယ်၊ စိတ်ကျန်းမာရေး ဆေးရုံဝင်းတွင် အောက်တိုဘာလ ၂၂ ရက် ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါးများ လာရောက် ရောင်းချနေသော အမျိုးသား နှစ်ဦးထံမှ ဘိန်းဖြူဟု ယူဆရသော အမှုန့်များနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
23-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ဝမ်လောက်ရွာလမ်းပေါ်၌ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး လှည့်လည်ရောင်းချသူ တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ မူးယစ်တပ်ဖွဲ့စ (၂၈) ထံမှ စုံစမ်းသိရသည်။
23-Oct-2016
အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် လမ်းသစ်လမ်းတွင် ယနေ့ (အောက်တိုဘာ ၂၃ ရက်) နံနက် ၄ နာရီက နှစ်ထပ်ပျဉ်ထောင်နေအိမ် တစ်လုံး မီးလောင်ကျွမ်းရာမှ အနီးရှိ လက်ဖက်ရည်ဆိုင်နှင့် ဧရာဝတီဘဏ် အဆောက်အအုံတို့ကို မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
22-Oct-2016
မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းရှိ ညောင်ပင်မှတ်တိုင် အနီးတွင် အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အဓမ္မ ပြုကျင့်ရန် ကြံစည်ပြီး ဓားဖြင့်ထိုး၍ ယာဉ်ပေါ်မှ ပစ်ချခဲ့သော အမည်မသိ ယာဉ်မောင်း အမျိုးသားကို ဖမ်းဆီး အရေးယူရန် စုံစမ်းနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
21-Oct-2016
အိမ်အကူ နှစ်ဦးကို ညှဉ်းပန်း နှိပ်စက်သဖြင့် နာကျင်စေမှုများဖြင့် အမှုဖွင့် တရားစွဲဆိုသည့် ကျောက်တံတား ရဲစခန်းမှ ဒုရဲမှူးတိုးမြို့ကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျောက်တံတား မြို့နယ်တရားရုံး၌ စတင် စစ်ဆေးနေပြီဖြစ်သည်။
21-Oct-2016
"ရွာပြင်မှာနေတဲ့ ကိုစိုးမင်းတို့ မိသားစုဆီ ပြစ်မှုကျူးလွန်သူက အလည်လိုက်လာရာက မင်းတို့ အိမ်တွေမှာ တစ္ဆေသရဲတွေ ဝင်ပူးနေတယ်။ ငါက ပယောဂဆရာ တစ်ယောက်ပါ သရဲမောင်းထုတ်ပေးမယ် ပြောပြီး တဲအိမ်လေးလုံးက မိသားစု အယောက် ၂၀ ကို စည်းဝိုင်းထဲထည့်ပြီး ကလေးငယ်တွေကို သူက ထိုးကြိတ် ကန်ကျောက်ခဲ့တာ။ သုံးယောက် သေသွားတယ်။ တစ်ယောက်က ရန်ကုန်ဆေးရုံမှာ"
21-Oct-2016
အောက်တိုဘာလ ၂၀ ရက်ည ၁၀ နာရီအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ဆယ်လန့်ရွာအထွက် နမ့်ခမ်း မရောက်ခင် ၂ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
20-Oct-2016
မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို ခံရသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို အောက်တိုဘာလ ၂ဝ ရက် မွန်းလွဲပိုင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုမှ တရားလို ရဲအရာရှိကို စတင် စစ်ဆေးခဲ့ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။
20-Oct-2016
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ တောင်ကိုးရီးယား နိုင်ငံသားထံမှ စိတ်ကြွဆေးပြား ၁၆၈၅ ပြားကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။