07-Nov-2016
"ဆရာစိုင်းအေး ဦးဆောင်တဲ့ အဖွဲ့တွေက ကျွန်တော်တို့ ယဉ်ကျေးမှုအဖွဲ့ထံ ခွင့်ပြုချက် မယူဘဲနဲ့ ဝါတောရွာ၊ မခွာလယ်ရွာတွေမှာ ကျွန်တော်တို့ရိုးရာ ပစ္စည်းတွေကို ဘာသာရေးအကြောင်းပြပြီး ရိုးရာကို စော်ကားသွားတဲ့ အပိုင်းတွေရှိတော့ သူတို့ကို ဒီကိုခေါ်ပြီးတော့ အရေးယူဖို့ လုပ်နေတယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့အရေးယူမယ့် အပိုင်းမှာ သူတို့ မီးရှို့ဖျက်ဆီးတဲ့ ပစ္စည်းတွေကို ပြန်ပြီးတော့မှ ရအောင်တောင်းမယ်။တန်ရာတန်ကြေးတော့ကျွန်တော်တို့ မလိုချင်ဘူး။ သူတို့ဖျက်ဆီးတဲ့ ပစ္စည်းတွေကို အစားပြန်ထိုးခိုင်းမယ်။ အဲလိုမှ မရဘူးဆိုရင် နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အရေးယူနိုင်ဖို့ လုပ်မယ်"