15-Nov-2016
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄၀ အနီး ယနေ့ (နိုဝင်ဘာ ၁၅ ရက်) နံနက် ၅ နာရီခွဲခန့်က ရပ်နားသည့် ESE ယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်ကို မီနီဘတ်စ်ယာဉ်က နောက်မှ ဝင်တိုက်မိခဲ့ရာ မီနီဘတ်ပေါ်မှ ခရီးသည် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျား၊ မ စုစုပေါင်း ကိုးဦး ဒဏ်ရာရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်း နေပြည်တော်မှ စုံစမ်းသိရှိရသည်။