News

POST SECTION

CRIME-AND-ACCIDENT

20-Nov-2016
တရုတ်နိုင်ငံနှင့်နယ်နိမိတ် ထိစပ်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့ အမှတ် (၈) ရပ်ကွက် မြို့မဈေး အနီး၌ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်က မော်တော်ယာဉ်ဖြင့် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း မိုင်းယောင်း မြို့မ ရဲစခန်းထံမှ သိရသည်။
20-Nov-2016
တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက် ကျိုက္ကဆံလမ်းတွင် ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁ နာရီက အမှိုက်ပုံးထဲ စွန့်ပစ်ထားသည့် ကျည်ဆံ အဟောင်းများနှင့်အတူ သံတုတ်နှင့် ဓားတစ်ချောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Nov-2016
မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမှ အမျိုးသား တစ်ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင်ပြီး ကျပ်သိန်း ၁၇၀ ဖြင့် ပြန်ရွေးရန် ခြိမ်းခြောက် ငွေတောင်းယူခဲ့သည့် အဖွဲ့ကို နိုဝင်ဘာလ ၁၉ ရက် နံနက် ၁ နာရီက သာကေတမြို့နယ် ၁၀၈ တောင် ဘုရားအနီး လက်ဖက်ရည်ဆိုင်တွင် ဖမ်းမိခဲ့သည်။
19-Nov-2016
လှည်းကူးမြို့နယ်၊ အမှတ်(၂) လမ်းကြီး၊ ရှမ်းတဲကြီး အထက်ကျေးရွာတွင် နေထိုင်သည့် သားသမီးလေးဦး ရှိသော အသက် ၆ဝ အရွယ် အမျိုးသမီးမှာ ငွေရေးကြေးရေး အခက်အခဲ ရှိသဖြင့် စိတ်ညစ်သည်ဟု ဆိုကာ နေအိမ်နောက်ဘက်ရှိ သစ်ပင်တစ်ပင်တွင် နိုဝင်ဘာလ ၁၉ ရက် နေ့နံနက်ပိုင်းက ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ဒါးပိန် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
19-Nov-2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဆိုင်းလေရွာအနီး ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၇၀၇ ကီလိုမီတာအနီးတွင် နိုဝင်ဘာလ ၁၈ရက် ညနေပိုင်းက ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တိုက်မိရာမှ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းဖြတ် မြို့မရဲခန်းထံမှ သိရသည်
19-Nov-2016
ရန်ကုန်-မန္တလေး အမြန်လမ်း လှည်းကူးမြို့နယ် တိုးဂိတ်အနီးတွင် နိုဝင်ဘာလ ၁၉ရက် နံနက် ၇ နာရီကျော်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ထွက်ခွာလာသည့် STAREX အမျိုးအစား မီနီဘတ်စ်ယာဉ်မှာ ယာဉ်မတော်တဆမှုဖြစ်ရာ လမ်းဘေးထိုးကျကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)ထံမှ စုံစမ်းသိရှိရသည်
18-Nov-2016
ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ရွှေဂုံရိပ်မွန်အိမ်ရာရှိ ငါးလွှာတိုက်ခန်းတစ်ခုတွင် နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းက သက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး လက်ပြန်ကြိုးတုတ် ဖူးရောင်ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Nov-2016
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်၍ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါမြို့ မြို့မရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
18-Nov-2016
တောင်ငူမြို့ရှိ မူကြိုတစ်ခုက လေ့လာရေးခရီး ထွက်သည့် ဟိုင်းလတ်ယာဉ် တိမ်းမှောက်မီးလောင်သဖြင့် ယာဉ်မောင်း သေဆုံးကာ ကလေးငယ်ခြောက်ဦး အပါအဝင် ကိုးဦး ဒဏ်ရာရရှိကြောင်း အမြန်လမ်း လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း (တောင်ငူ) မှ သိရှိရသည်။
17-Nov-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်တွင် အသက် ၃ဝ ကျော်အရွယ် အမျိုးသား တစ်ဦး ဘတ်ငွေ ၁ဝ သန်းဖြင့် ပြန်ပေးဆွဲ ခံရကြောင်း ဝမ်ပုံ နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
17-Nov-2016
သုဝဏ္ဏ မြို့ဦးစေတီအနီးတွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) ည ၉ နာရီခွဲက Taxi ယာဉ် တစ်စီးက လမ်းဘေး ရပ်ထားသည့် ပါဂျဲရိုးကားကို ဝင်တိုက်ရာ အတိုက်ခံရသည့် အရှိန်ကြောင့် ပါဂျဲရိုးကားမှာ သင်္ဃန်းကျွန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်းမြို့နယ် လေးမြို့နယ်ကို လျှပ်စစ်မီး ပေးနေသည့် ခြောက်သောင်း ခြောက်ထောင် ဗို့အားကြိုး သွယ်တန်းထားသည့် ဓာတ်တိုင်ကို ထပ်ဆင့် တိုက်ခဲ့၍ လျှပ်စစ်မီး ပြတ်တောက်ခဲ့လျက်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ် မန်နေဂျာ ဦးလှမြင့်က ပြောကြားသည်။
17-Nov-2016
အမိန့်ချမှတ်ခဲ့သော အသက် ၁၉ နှစ် အရွယ် ဘီအမ် ခရီးသည်တင် ယာဉ်နောက်လိုက် မိုးမြင့်ဗိုလ်မှာ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ၁၂ လုံးတန်း ကားမှတ်တိုင်မှ လိုက်ပါလာသည့် ခရီးသည်အဘိုးအိုကို ယာဉ်စီးခ တစ်ရာကျပ် ပိုတောင်းခဲ့ရာ မပေးသောကြောင့် ၎င်းက ယာဉ်ပေါ်မှ တွန်းချပြီး လက်သီးဖြင့် မျက်နှာကို ထိုးခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်အရ ရန်ကင်းမြို့နယ် တရားရုံးထံမှ သိရသည်
17-Nov-2016
စဈကိုငှးတိုငှး ကလေးမှို့ တပှဦးသီတာရပကှှကှ နယမှှေ ၅ တှငှ နိုဝငဘှာ ၁၇ ရကှ နံနကှ ၁၁ နာရီခန့ကှ လှှပစှဈမီးဖှင့ှ တညထှားသည့ှ ဟငှးအိုး ဝါယာကှိုး ရှော့ဖှဈရာမှ မီးလောငကှှှမှးမှုတဈခု ဖှဈပှားခဲ့ကှောငှး ကလေးခရိုငှ မီးသတတှပဖှှ့ဲမှ ခရိုငှဦးစီးမှူး ဦးအောငကှိုဌေးက ပှောကှားသညှ။
17-Nov-2016
အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းဟောင်း အိမ်ရာတွင် နိုဝင်ဘာလ ၁၅ ရက် ညသန်းခေါင်ချိန် (ကျီးမနိုးပွဲည) က နေအိမ်ပေါ်တက် ပစ္စည်းခိုးယူနေသော လူငယ်အဖွဲ့က ၎င်းတို့ကို မြင်တွေ့သွားသည့် အိမ်ရှင်သားအမိကို ဓားဖြင့်ထိုး ထွက်ပြေးခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်က ပြောကြားသည်။
15-Nov-2016
မန္တလေးမြို့တော်ရှိ မဟာအောင်မြေမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ၁၂ နှစ်ခန့် အရွယ်ရှိ မိန်းကလေး တစ်ဦးက သုံးနှစ်အရွယ် ကလေးငယ် (ယောက်ျားလေး) တစ်ဦးကို ခိုးယူခဲ့ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်းအနီး မျက်မြင် တွေ့ရှိသူများထံမှ သိရသည်။