News

POST SECTION

CRIME-AND-ACCIDENT

27-Dec-2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ခရီးသွားရာဇဝင် ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ထိမ်ချန်ထားခဲ့သည့် အမျိုးသမီးတစ်ဦးကို လားရှိုးမြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သဘာဝဘေးစီမံမှုဥပဒေဖြင့် အမှုဖွင့်လိုက်သည်။
27-Dec-2020
မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းအနီးက Sunday KTV နဲ့ စားသောက်ဆိုင်ကို ကိုဗစ်စည်းကမ်းချက်ဖောက်ဖျက်ပြီး ဖွင့်လှစ်ခဲ့တာကြောင့် ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။
23-Dec-2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ One Stop Mart အရောင်းဆိုင်တွင် ဝန်ထမ်းကို ဓားပြခြိမ်းခြောက်ပြီး ငွေများလုယူသွားသူကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Dec-2020
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စစ်ကိုင်းတံတားဟောင်းအနီးတွင် ယာဉ်တစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသော သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
17-Dec-2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ယာဉ်များ မောင်းနှင်လာသည့် ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးရာ တပ်မတော် အရာရှိနှစ်ဦး ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Dec-2020
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁ နာရီခန့်က ကုန်တင်ယာဉ်တစ်စီးကို စစ်ဆေးရာမှ ကျပ်သိန်း ၂၀,ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့သည်ဟု နောင်ချိုမြို့မရဲစခန်းမှူးဒုရဲမှူး ဟန်ဝင်းအောင်က ပြောကြားသည်။
06-Dec-2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ဦးဂါကျေးရွာတွင်နေထိုင်သော အမျိုးသမီးတစ်ဦးကို အဓမ္မကျူးလွန်ခဲ့သည့် တပ်မတော်မှ စစ်သည် သုံးဦးအား စစ်တွေတပ်နယ်ရှိ အကျဉ်းစစ်တရားရုံးချုပ်တွင် စစ်ဆေးနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
03-Dec-2020
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၂၈ အနီးတွင် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက်ခဲ့သော လူနာတင်ယာဉ်မှ ယာဉ်မောင်းသည် ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းက သေဆုံးသွားခဲ့ပြီဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
03-Dec-2020
ရွေးကောက်ပွဲမဲဆွယ်ကာလတွင် အဓိကရုဏ်းဖြစ်စေရန်ရည်ရွယ်ပြီး လူမှုကွန်ရက် ပေါ်တွင် ရေးသားခဲ့သည် ဟုဆိုကာ မင်းကင်းမြို့နယ်၊ NLD ဥပဒေပြု အထောက်အကူပြုကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မင်းထွဋ်ကို ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းက နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုဖမ်းဆီးလိုက်ကြောင်း မင်းကင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
03-Dec-2020
ဗေဒင်ဆရာ၊ စာရေးဆရာဖြစ်သူ ဆရာဇင်ယော်နီ အယောင်ဆောင်၍ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ငွေကြေးလိမ်လည်ရယူနေသူကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Nov-2020
တောင်ငူမြို့နယ် ထန်းကုန်းကျေးရွာတွင် နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်က အသက် ၆၀ ခန့်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ရှိ အမှတ် ၂ နယ်မြေရဲစခန်းထံမှ သိရသည်။
30-Nov-2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နန်းမွှေးမွှေးခင်သည် နိုဝင်ဘာလ ၂၉ ရက်နံနက် ၉ နာရီခန့်က ယာဉ်မတော်တဆဖြစ်ပြီး ဦးခေါင်းပေါက်ပြဲထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းနီ(တိုင်းလျန်) အမျိုးသား ဖွံ့ဖြိုးတိုတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က အတည်ပြုပြောကြားသည်။
29-Nov-2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက် ည ၁၂ နာရီခွဲခန့်က မော်တော်ယာဉ်ဖြင့် ဆိုင်ကယ်တစ်စီးကိုတိုက်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး နေအိမ်ကားဂိုဒေါင်အထိ ညပ်ပါအောင် ယာဉ်တိုက်မှုကျူးလွန်သူကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
29-Nov-2020
တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ် နယ်မြေ ၅ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးလွေလွင်ရဲ့နေအိမ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက် မနက် ၆ နာရီခွဲအချိန်ခန့်က အသံမိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။
28-Nov-2020
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သာရဝေါမြို့ ပျဉ်းကတိုးကုန်းအုပ်စု ဦးတိုကျေးရွာမှာနေတဲ့ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး နိုဝင်ဘာ ၂၇ရက်နေ့ နေ့လယ်ပိုင်းက ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာ ၂၈ မနက်ပိုင်းမှာ အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်‌တွေ့ခဲ့ရတယ်လို့ ကူညီရှာဖွေပေးနေကြသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။