News

POST SECTION

CRIME-AND-ACCIDENT

17-Nov-2016
သုဝဏ္ဏ မြို့ဦးစေတီအနီးတွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) ည ၉ နာရီခွဲက Taxi ယာဉ် တစ်စီးက လမ်းဘေး ရပ်ထားသည့် ပါဂျဲရိုးကားကို ဝင်တိုက်ရာ အတိုက်ခံရသည့် အရှိန်ကြောင့် ပါဂျဲရိုးကားမှာ သင်္ဃန်းကျွန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်းမြို့နယ် လေးမြို့နယ်ကို လျှပ်စစ်မီး ပေးနေသည့် ခြောက်သောင်း ခြောက်ထောင် ဗို့အားကြိုး သွယ်တန်းထားသည့် ဓာတ်တိုင်ကို ထပ်ဆင့် တိုက်ခဲ့၍ လျှပ်စစ်မီး ပြတ်တောက်ခဲ့လျက်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ် မန်နေဂျာ ဦးလှမြင့်က ပြောကြားသည်။
17-Nov-2016
အမိန့်ချမှတ်ခဲ့သော အသက် ၁၉ နှစ် အရွယ် ဘီအမ် ခရီးသည်တင် ယာဉ်နောက်လိုက် မိုးမြင့်ဗိုလ်မှာ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ၁၂ လုံးတန်း ကားမှတ်တိုင်မှ လိုက်ပါလာသည့် ခရီးသည်အဘိုးအိုကို ယာဉ်စီးခ တစ်ရာကျပ် ပိုတောင်းခဲ့ရာ မပေးသောကြောင့် ၎င်းက ယာဉ်ပေါ်မှ တွန်းချပြီး လက်သီးဖြင့် မျက်နှာကို ထိုးခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်အရ ရန်ကင်းမြို့နယ် တရားရုံးထံမှ သိရသည်
17-Nov-2016
စဈကိုငှးတိုငှး ကလေးမှို့ တပှဦးသီတာရပကှှကှ နယမှှေ ၅ တှငှ နိုဝငဘှာ ၁၇ ရကှ နံနကှ ၁၁ နာရီခန့ကှ လှှပစှဈမီးဖှင့ှ တညထှားသည့ှ ဟငှးအိုး ဝါယာကှိုး ရှော့ဖှဈရာမှ မီးလောငကှှှမှးမှုတဈခု ဖှဈပှားခဲ့ကှောငှး ကလေးခရိုငှ မီးသတတှပဖှှ့ဲမှ ခရိုငှဦးစီးမှူး ဦးအောငကှိုဌေးက ပှောကှားသညှ။
17-Nov-2016
အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းဟောင်း အိမ်ရာတွင် နိုဝင်ဘာလ ၁၅ ရက် ညသန်းခေါင်ချိန် (ကျီးမနိုးပွဲည) က နေအိမ်ပေါ်တက် ပစ္စည်းခိုးယူနေသော လူငယ်အဖွဲ့က ၎င်းတို့ကို မြင်တွေ့သွားသည့် အိမ်ရှင်သားအမိကို ဓားဖြင့်ထိုး ထွက်ပြေးခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်က ပြောကြားသည်။
15-Nov-2016
မန္တလေးမြို့တော်ရှိ မဟာအောင်မြေမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ၁၂ နှစ်ခန့် အရွယ်ရှိ မိန်းကလေး တစ်ဦးက သုံးနှစ်အရွယ် ကလေးငယ် (ယောက်ျားလေး) တစ်ဦးကို ခိုးယူခဲ့ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်းအနီး မျက်မြင် တွေ့ရှိသူများထံမှ သိရသည်။
15-Nov-2016
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄၀ အနီး ယနေ့ (နိုဝင်ဘာ ၁၅ ရက်) နံနက် ၅ နာရီခွဲခန့်က ရပ်နားသည့် ESE ယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်ကို မီနီဘတ်စ်ယာဉ်က နောက်မှ ဝင်တိုက်မိခဲ့ရာ မီနီဘတ်ပေါ်မှ ခရီးသည် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျား၊ မ စုစုပေါင်း ကိုးဦး ဒဏ်ရာရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်း နေပြည်တော်မှ စုံစမ်းသိရှိရသည်။
15-Nov-2016
လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်တွင် နိုဝင်ဘာလ ၁၅ ရက် (ယနေ့) နံနက် ၇ နာရီက ယောင်္ကျားလျာ ဖြစ်သူက ချစ်သူ မိန်းကလေးကို ဓားဖြင့် ထိုးသတ်ပြီး မိမိကိုယ်ကိုယ် ဓားဖြင့်ထိုး အဆုံးစီရင်ခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Nov-2016
ကရင်ပြည်နယ် မြဝတီမြို့၌ ထိုင်းနိုင်ငံသုံး ဘတ်ငွေစက္ကူ အတုပြုလုပ်သည်ဟု ဆိုသူများကို မြဝတီမြို့၌ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီ မြို့မရဲစခန်းထံမှ သိရသည်။
14-Nov-2016
တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံ စေတီတော် အနီး ပတ်ဝန်းကျင်တွင် ဘုရားဖူးလာသည့် အများပြည်သူများထံမှ ခါးပိုက်နှိုက် ကျူးလွန်သူများကို ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
14-Nov-2016
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၇) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ G & G စတိုးဆိုင်တစ်ခုတွင် နိုဝင်ဘာလ ၁၂ ရက် နံနက် ၁ နာရီ၌ အမည်မသိ လူငယ်ငါးဦးက အရောင်းဝန်ထမ်း အမျိုးသားကို ဓားပြခြိမ်းခြောက်ပြီး ဆိုင်အတွင်းရှိ ငွေနှင့် ဖုန်းငွေဖြည့်ကတ်များကို လုယက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
14-Nov-2016
အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံမှ ထွက်ပြေးလွတ်မြောက်ခဲ့သော မူးယစ်အမှုဖြင့် ထောင်ဒဏ် အနှစ် ၄၀ ကျခံနေရသည့် အကျဉ်းသားကို နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက သာစည်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းမိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ယုနိုင်က ပြောကြားသည်။
13-Nov-2016
ဒဂုံဆိပ်ကမ်းမြို့နယ် (၆၈) ရပ်ကွက်ရှိ ပတ္တမြား (၃) လမ်းတွင် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက အနှေးယာဉ် နင်းသည့် အသက် ၃၄ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးမှာ ဇနီးဖြစ်သူကို နေ့တွက်စရိတ် မပေးနိုင်ခြင်းကြောင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
13-Nov-2016
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ကျောင်းကြီးအိုးတန်းရပ် ဆိပ်ခံဘောတံတားအနီး ယနေ့ (နိုဝင်ဘာ ၁၃ ရက်) မွန်းတည့် ၁၂ နာရီခန့်က အသက် လေးနှစ်ခန့်အရွယ် ကလေးငယ် တစ်ဦး ဧရာဝတီမြစ်ထဲ မျောပါ ပျောက်ဆုံးနေကြောင်း ပြည်မြို့ အမှတ်(၁) နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
13-Nov-2016
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ် (၈) ရပ်ကွက်ရှိ ဗောဓိမြိုင်လမ်း Y2A ရေသန့်စက်ရုံဝင်းမှ အရက်ထုတ်လုပ်သည့် ကိရိယာ၊ ဆက်စပ်ပစ္စည်းများနှင့် တရားမဝင် အရက်များကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။
12-Nov-2016
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဝက်ထီးကန်တိုက်နယ် အင်းလျားအရှေ့စု ကျေးရွာနေ အမျိုးသားတစ်ဦးက နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ညစ်ညမ်းစွာ ဆဲဆိုထားသည့် အသံဖိုင်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖျောက်ဖျက်ခြင်း မရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ရဲမြင့်က ပြောကြားသည်။